Home Tech Gadgets ကမ္ဘာလှည့်ခရီးသွားတွေ မရှိမဖြစ်ဆောင်ထားရမယ့် ကိရိယာက ဘာဖြစ်မလဲ


0






Source: Mashable

Unicode  : ကမ္ဘာလှည့်ခရီးသွားတွေ မရှိမဖြစ်ဆောင်ထားရမယ့် ကိရိယာက ဘာဖြစ်မလဲ

gorilla

နိုင်ငံတကာကို ခရီးသွားရတာ ပျော်စရာကောင်းပါတယ်။ နေရာသစ်တွေကို တွေ့ ရတယ်။ အစားအသောက် ကောင်းတွေ စားရတယ်။ ပြီးတော့ “ရေချိုးခန်း ဘယ်မှာ ရှိလဲ”ဆိုတာကို ဘာသာပေါင်း စုံ နဲ့ လေ့လာရတယ်။ ဒါပေမယ့် သင့် ကို ဒုက္ခ ပေးမယ့် အရာတစ်ခု ကတော့ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ သင့် အီလက်ထရောနစ် ပစ္စည်း တွေကို အန္တရာယ်ကင်း စွာ အားသွင်းဖို့ ပါ။

အားသွင်း တဲ့ ပစ္စည်း ကိရိယာ မျိုးစုံ ကမ္ဘာနဲ့ အဝှမ်းမှာ ရှိပါတယ်။ ဒါပေမယ့် အမေရိကန်က အားသွင်း ကြိုး က ဥရောပ ရဲ့ အခန်းနံရံ မှာ အားသွင်း လို့ မရပါဘူး။ ထို့ အတူပါပဲ ဥရောပက အားသွင်း ကြိုး လည်း အမေရိကန် ရောက်သွား ရင် အသုံး မဝင်ပါဘူး။ ဒီ ကိစ္စ ကို ဖြေ ရှင်းဖို့ အတွက် ကမ္ဘာ နဲ့ အဝှမ်း အသုံးပြု လို့ ရတဲ့ Gorilla Power 4+ USB က တော်တော် အသုံး ဝင်ပါတယ်။

ဒီ အားသွင်းတုံး က သင့် ကို သြစတေးလျ၊ အမေရိကန်၊ ဗြိတိသျှ နဲ့ ဥရောပ တွေမှာ အသုံး ပြု လို့ ရအောင် လုပ်ပေးမှာ ပါ။ ဒီကိရိယာက သင့် ခရီးဆောင် အိတ်အတွင်း ကို အလွယ် တစ်ကူနဲ့ ယူဆောင်သွား လို့ ရပြီး နေရာ မယူတဲ့ အပြင် အားလပ် ရက် ခရီးသွား တဲ့ သူတွေ အတွက် သင့် တော်ပါတယ်။

Gorilla Power 4+ USB Port က ၃၄ ဝပ် ထောက်ပံ့ထားတဲ့ အားသွင်း ရာ အပေါက် လေးပေါက် ပါဝင်ပြီး တက်ဘလက် နှစ်ခုနဲ့ ဖုန်း နှစ် လုံး ကို တစ်ပြိုင် နက်အားသွင်း လို့ ရပါတယ်။ အဆိုပါ ကိရိယာက အသေး စား chip ပြား ပါပြီး သားဖြစ်တဲ့ အတွက် အန္တရာယ်ဖြစ်မှာ ကို စိတ်ပူ စရာမလိုပါဘူး။

ဈေး နှုန်း ကတော့ ၄၉.၉၅ ဒေါ်လာ ကျသင့် မှာ ဖြစ်ပြီး mashable မှာ ဝယ်မယ်ဆိုရင်တော့ ၄၃% လျှော့ ဈေး အနေနဲ့ ၂၇.၉၉ ဒေါ်လာ ပဲကျသင့် မှာဖြစ်ပါတယ်။

Source: Mashable

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: