Home Tech Mobile News Samsung Galaxy Note 8 ကို မကြာခင် ကြိုတင်မှာယူနိုင်တော့မည်
0
Unicode: Samsung Galaxy Note 8 ကို မကြာခင် ကြိုတင်မှာယူနိုင်တော့မည်
galaxy-note-8-concept-dbs
Samsung က Galaxy Note 8 ကို သူ့ရဲ့ တွေ့ ဆုံပွဲ အတောအတွင်း သြဂုတ် ၂၃ မှာ ထုတ်ဖော်ပြသဖို့ ရှိတယ်လို့ ကြေငြာထားပါတယ်။ ဒါကြောင့် သမိုင်းမှာ နာမည်မရခဲ့တဲ့ ဖုန်းတွေနေရာမှာ နောက်ထပ် အောင်မြင်မှုတွေ ဆက်ခံ လာမယ့် ပစ္စည်းအသစ်ကို တစ်ချက်ကလေး ငဲ့ကြည့် ရမယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်ဝယ် ပိုင်ဆိုင်ရဖို့ ဘယ်အချိန်မှာ မှာယူရမယ်ဆိုတာကို အခုထိမသိသေးပါဘူး။
ဒီရက်က သတိမထားမိဘဲ Samsung က သူဆွဲထားတဲ့ အချိန်ဇယား အရ အမှတ်မထင် ပြောလိုက်မိတာဖြစ်ပါတယ်။ သြစတေးလျ ကုမ္ပဏီ ရဲ့ ဝက်ဆိုဒ်တစ်ခုမှာ Note 8 ရဲ့ မျက်နှာပြင် အစားထိုးမှု ကို အသေးစိတ် တင်ထားပြီး ပရိုမိုးရှင်းက သြဂုတ် လ ၂၅ ရက်နေ့မှာ ဖြစ်မှာပါ။ NYC ရဲ့ တွေ့ ဆုံပွဲ အပြီး နောက်တစ်နေ့ မှာ ဖြစ်လာဖို့ ရှိပါတယ်။ ဒါကို မျက်ခြေမပြတ် စောင့်ကြည့် နေတဲ့ ဆိုင်ရှင်တွေက အစီအစဉ်မှာ နာမည်စာရင်း မတင်သွင်း ခင်က ပင် Note 8 ကို အလိုရှိနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ထွက်ရှိမယ့် နေ့ ရက်ကို အကြာကြီး ဆွဲဆန့် မထားတော့ဘဲ သြစတေးလျ နဲ့ အခြား အရေးပါတဲ့ ဈေးကွက် တွေမှာ မှာယူလို့ ရတော့ မှာ ဖြစ်ပါတယ်။
Samsung က ဝက်ဆိုဒ်ထဲမှာ သြစတေးလျ Ausdroid က Note 8 ထွက်လာဖို့ ရှိတဲ့ ရက်ကို တင်ထားတာဖြစ်ပြီး BGR က ဒါကို screenshot ရိုက်ထားလိုက်ပါတယ်။
အသေးစိတ်အချက်အလက် နဲ့ ဘယ်နေ့ မှာထွက်လာမယ်ဆိုတာ တော့ တင်ထားတာမရှိပါဘူး။ ဒါကြောင့် ဒီဖုန်းက ဘယ်အချိန်မှာ လက်လီ ရောင်းချတဲ့ ဆိုင်တွေမှာ ရောက်လာမယ်ဆိုတာတော့ ခန့် မှန်းလို့ မရသေးပါဘူး။
Note 8 နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက် နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို တော့ ပြောထားတာမရှိပါဘူး။ ဒါပေမယ့် သူက ဘယ်လိုပုံစံ ရှိမလဲ ဆိုတာတော့ အနည်း အကျဉ်းခန့် မှန်းလို့ ရပါတယ်။ မျက်နှာပြင် ၆.၃ လက်မ၊ ၆ GB RAM နဲ့ Qualcomm Snap dragon 835 processor၊ storage 64 GB၊ ကင်မရာနှစ်လုံး နဲ့ 3300 mAh ဘက်ထရီ ပါဝင်လာမှာ ဖြစ်ပြီး အရင်က ဖုန်းက 3500mAh ဘက်ထရီပါဝင်တာကြောင့် အားနည်းချက်တစ်ခုဖြစ်သွားပါတယ်။
ဒီအလားအလာ ရှိတဲ့ Samsung ရဲ့ ထုတ်ပြန်ချက်က ပထမဆုံးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လတုန်းက Samsung က လူတွေ မျှော်လင့် ထားတဲ့ Note 8 လို့ ယူဆရတဲ့ ပုံတွေကို တင်ခဲ့ပါတယ်။ အလားတူစွာပဲ Galaxy S8+ ကို လည်း လွန် ခဲ့တဲ့ မတ်လမှာ လုပ်တဲ့ တွေ့ ဆုံပွဲမှာ Bixby name ဆိုတဲ့နာ မည်နဲ့ အတည်ပြုခဲ့ပါတယ်။
Samsung ရဲ့ ကိုယ်စားလှယ်တွေ က မေးထားတဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားထားခြင်းမရှိသေးပါဘူး။ ကုမ္ပဏီ က ၎င်းတို့ရဲ့ အသေးစိတ်အချက်အလက် ကို တင်ထားကတည်း က ကျွန်တော်တို့ ကလည်း ဒီထက်ပိုပြီး မျှော်လင့် ခဲ့ ကြပါတယ်။ ဒါပေမယ့် သြဂုတ် ၂၃ အထိ သေချာ တဲ့ အချက်အလက် တွေ ပြောပြဖို့ စောင့်ရဦးမှာ ပါပဲ။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: