Home News အင်္ဂလန်နိုင်ငံတွင် ဒီဇယ်နှင့် ဓာတ်ဆီ အသုံးပြုမှုကို ၂၀၄၀ ခုနှစ်တွင် ရပ်ဆိုင်းမည်

အင်္ဂလန်နိုင်ငံတွင် ဒီဇယ်နှင့် ဓာတ်ဆီ အသုံးပြုမှုကို ၂၀၄၀ ခုနှစ်တွင် ရပ်ဆိုင်းမည်

0




Unicode : အင်္ဂလန်နိုင်ငံတွင် ဒီဇယ်နှင့် ဓာတ်ဆီ အသုံးပြမှုကို ၂၀၄၀ ခုနှစ်တွင် ရပ်ဆိုင်းမည်

electric-car

ယနေ့ ကျနော်တို့ စီးနင်းနေတဲ့ မော်တော်ကားတွေကို ဒီဇယ်၊ ဓာတ်ဆီ၊ ဂတ်စ်နဲ့ လျှပ်စစ်စွမ်းအင်တွေနဲ့ အသုံးချနေပေမယ့် အင်္ဂလန်နိုင်ငံမှာတော့ မော်တော်ကားတွေ ဒီဇယ်နဲ့ ဓာတ်ဆီအသုံးပြုမှုကို ၂၀၄၀ ခုနှစ်မှာ ရပ်ဆိုင်းမယ်လို့ ကြေငြာလိုက်ပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်သုံးတဲ့ ကားအမျိုးအစားတွေ ပိုမိုခေတ်စားလာမှာ ဖြစ်ပြီး လက်ရှိမှာတော့ လျှပ်စစ်စွမ်းအင်စနစ်ဟာ အနောက်တိုင်းနိုင်ငံတွေမှာဘဲ လက်တွေ့ပိုဆန်ပါသေးတယ်။ အာရှနိုင်ငံတွေမှာတော့ လျှပ်စစ်စွမ်းအင် အားနည်းနေသေးတာ ဖြစ်တဲ့အတွက် လျှပ်စစ်ကားတွေ ပေါများလာမယ်လို့ ခန့်မှန်းမရပါဘူး။

အင်္ဂလန်နိုင်ငံ အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဒီဇယ်နဲ့ ဓာတ်ဆီတို့ကထွက်တဲ့ မီးခိုးတွေကြောင့် ပတ်ဝန်းကျင်ကို အဓိက ဒုက္ခပေးနေပြီး ဒါကို ရပ်တန့်ပစ်နိုင်မှသာ လူတွေရဲ့ ကျန်းမာရေးနဲ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်မယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: