Home Tech Gadgets iPod nano ႏွင့္ Shuffle ထုတ္လုပ္မႈကို Apple ရပ္ဆိုင္း

iPod nano ႏွင့္ Shuffle ထုတ္လုပ္မႈကို Apple ရပ္ဆိုင္း

0

ယေန႔အခ်ိန္ကေတာ့ iPod Nano ႏွင့္ Shuffle တို႔အတြက္ ၀မ္းနည္းစရာျဖစ္လာခဲ့ပါၿပီ။ ဘာလို႔လဲဆိုေတာ့ Apple က iPod nano ႏွင့္ Shuffle ထုတ္လုပ္မႈေတြကို ရပ္စဲလိုက္ၿပီျဖစ္ပါတယ္။

ဒါဟာ လြန္ခဲ့တ့ဲ သံုးႏွစ္ ေလာက္ က iPod Classic လိုမ်ိဳး ျဖစ္ပ်က္သြားတာမ်ိဳး ျဖစ္ပါတယ္။ iPod nano ႏွင့္ Shuffle တို႔ကို apple ရဲ႕ တရား၀င္ ၀က္ဆုိက္ကေနပါ ဖယ္ထုတ္ လိုက္ၿပီျဖစ္ ပါတယ္။ ထိုအစား iPod Touch ကို Storage ႏွစ္ဆ ထည့္သြင္းကာ ဆက္လက္ေရာင္းခ် သြားမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ယေန႔အခ်ိန္မွာ Apple Music Player သီးသန္႔ကို ၀ယ္ခ်င္တယ္ဆိုရင္ေတာ့ iPod Touch တစ္မ်ိဳးတည္းသာ ေရြးခ်ယ္ရေတာ့မွာ ျဖစ္ပါတယ္။

ထို႔အျပင္ iPod Touch ကို ယခုအခ်ိန္မွာ 32GB ႏွင့္ 128GB ႏွစ္မ်ိဳးတည္းသာ ထုတ္လုပ္ ေတာ့ မွာျဖစ္ၿပီး 16GB ႏွင့္ 64 GB ေတြကိုလည္း Apple store ကေန ဖယ္ရွားလုိက္ၿပီျဖစ္ ပါတယ္။ ေစ်းႏႈန္းကေတာ့ ေျပာင္းလဲမွာ မဟုတ္ဘဲ ယခင္ေစ်းႏႈန္းမ်ားအတုိင္း ေရာင္းခ် မွာျဖစ္ပါတယ္။ ေစ်းႏႈန္းေတြကေတာ့ 32GB အတြက္ ေဒၚလာ ၁၉၉ ျဖစ္ၿပီး 128 GB အတြက္ ကေတာ့ ေဒၚလာ ၂၉၉ ျဖစ္ပါတယ္။

ယခုရရွိႏုိင္မယ္႔ iPod Touch ဟာ ၂၀၁၅ ခုႏွစ္က စတင္ထုတ္လုပ္ခဲ့တဲ့ 6th Generation မ်ိဳးဆက္ ျဖစ္ၿပီး အေရာင္ေတြအေနန႔ဲ ေငြေရာင္၊ ေရႊေရာင္၊ ပန္းေရာင္၊ မီးခိုးေရာင္၊ အျပာေရာင္ ႏွင့္ အနီေရာင္တုိ႔ ရရွိႏုိင္ပါတယ္။ 32GB ကို ေစ်းကြက္မွာ ၀ယ္ယူႏုိင္ေသာ္ လည္း 128GB ကိုေတာ့ Apple Store ေတြနဲ႔ Apple ၀က္ဆိုက္ကေနသာ မွာယူႏုိင္မွာ ျဖစ္ပါတယ္။

မိုးဆက္(STM)

UNICODE FONT:

iPod nano နှင့် Shuffle ထုတ်လုပ်မှုကို Apple ရပ်ဆိုင်း

ယနေ့အချိန်ကတော့ iPod Nano နှင့် Shuffle တို့အတွက် ၀မ်းနည်းစရာဖြစ်လာခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ Apple က iPod nano နှင့် Shuffle ထုတ်လုပ်မှုတွေကို ရပ်စဲလိုက်ပြီဖြစ်ပါတယ်။
ဒါဟာ လွန်ခဲ့တ့ဲ သုံးနှစ် လောက် က iPod Classic လိုမျိုး ဖြစ်ပျက်သွားတာမျိုး ဖြစ်ပါတယ်။ iPod nano နှင့် Shuffle တို့ကို apple ရဲ့ တရား၀င် ၀က်ဆိုက်ကနေပါ ဖယ်ထုတ် လိုက်ပြီဖြစ် ပါတယ်။ ထိုအစား iPod Touch ကို Storage နှစ်ဆ ထည့်သွင်းကာ ဆက်လက်ရောင်းချ သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယနေ့အချိန်မှာ Apple Music Player သီးသန့်ကို ၀ယ်ချင်တယ်ဆိုရင်တော့ iPod Touch တစ်မျိုးတည်းသာ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

ထို့အပြင် iPod Touch ကို ယခုအချိန်မှာ 32GB နှင့် 128GB နှစ်မျိုးတည်းသာ ထုတ်လုပ် တော့ မှာဖြစ်ပြီး 16GB နှင့် 64 GB တွေကိုလည်း Apple store ကနေ ဖယ်ရှားလိုက်ပြီဖြစ် ပါတယ်။ ဈေးနှုန်းကတော့ ပြောင်းလဲမှာ မဟုတ်ဘဲ ယခင်ဈေးနှုန်းများအတိုင်း ရောင်းချ မှာဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ 32GB အတွက် ဒေါ်လာ ၁၉၉ ဖြစ်ပြီး 128 GB အတွက် ကတော့ ဒေါ်လာ ၂၉၉ ဖြစ်ပါတယ်။

ယခုရရှိနိုင်မယ့် iPod Touch ဟာ ၂၀၁၅ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ 6th Generation မျိုးဆက် ဖြစ်ပြီး အရောင်တွေအနေန့ဲ ငွေရောင်၊ ရွှေရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ အပြာရောင် နှင့် အနီရောင်တို့ ရရှိနိုင်ပါတယ်။ 32GB ကို ဈေးကွက်မှာ ၀ယ်ယူနိုင်သော် လည်း 128GB ကိုတော့ Apple Store တွေနဲ့ Apple ၀က်ဆိုက်ကနေသာ မှာယူနိုင်မှာ ဖြစ်ပါတယ်။

မိုးဆက်(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: