Home News Snapchat တွင် Instagram နှင့် အပြိုင် ဖြစ်လာမယ့်လုပ်ဆောင်ချက် ထည့်သွင်း
0
Unicode: Snapchat တွင် Instagram နှင့် အပြိုင် ဖြစ်လာမယ့်လုပ်ဆောင်ချက် ထည့်သွင်း
snapchat
Snapchat မှ Facebook နှင့် Instagram တို့နှင့်အပြိုင်ဖြစ်လာမည့် လုပ်ဆောင်ချက်အသစ်များကို ထပ်ထည့်ပြီးအဆင့်မြှင့်တင်ခဲ့သည်။ ထိုထဲမှ တစ်ခုမှ ဆက်တိုက် ဗီဒီယိုများကို သိမ်းဆည်းနိုင်ခြင်းဖြစ်သည်။ (၁၀)စက္ကန့်စာ ဗီဒီယိုကို (၆)ခုပြောင်းပြီး သိမ်းဆည်းနိုင်သည်။ ယခင်က (၁၀)စက္ကန့်စာ ဗီဒီယိုကိုသာ သိမ်းဆည်းခွင့်ပေးထားခြင်းဖြစ်သည်။ ထိုအပြင် ဓါတ်ပုံပြင်သည့် Tool များ 3D filter များကိုပါ ထည့်သွင်းလာပြီး Facebook မှထိန်းချုပ်ထားသော Instagram ကို ပြိုင်ဆိုင်ရန်အတွက် လုပ်ဆောင်အဆင့်မြှင့်ထားခြင်းဖြစ်သည်။ ထိုလုပ်ဆောင်ချက်အသစ်ကို အသုံးပြုရန်အတွက် Capture ကိုနိုပ်ထားပြီး ဗီဒီယိုကို သိမ်းဆည်းနိုင်ပါသည်။
(၁၀)စက္ကန့်ပြည့်သွားပါကလည်း အသစ်ဗီဒီယိုဖိုင်အဖြစ် ထပ်မံဆက်တိုက်သိမ်းဆည်းသွားပေးမည်ဖြစ်သည်။ ထိုနောက် ဗီဒီယို(၆)ခုလုံး၏ပုံများကို မျက်နာပြင်တွင် ပြသထားမည်ဖြစ်ပြီး ထိုဗီဒီယိုများကို Stories တွင်ထည့်ခြင်း၊ သူငယ်ချင်းများကို ဝေမျှခြင်းများပြုလုပ်နိုင်ပါသည်။ သင်နှစ်သက်သလို ဗီဒီယိုများကို အစဉ်လိုက်စီထားပြီး မပို့မီ ဖျက်ပစ်လိုသော ဗီဒီယိုကိုလည်း အစဉ်လိုက်စီထားသည့်အထဲမှာ ဖျက်ပစ်နိုင်ပါသည်။
Tint Brush အမည်ရှိ လုပ်ဆောင်ချက်အသစ်ကိုလည်းထည့်သွင်းထားကာ ၎င်းသည် Snap ဓါတ်ပုံထဲမှာ အရာဝတ္တုပုံများကို အရောင်ပြောင်းနိုင်မည်ဖြစ်သည်။ Ios နှင့် Andriod အတွက် ပြိုင်တူအသုံးပြုနိုင်အောင် ထုတ်လုပ်ပေးသွားမည်ဖြစ်သည်။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: