Home News သက္တံ့ကို ဘယ္လိုပံုစံမ်ိဳးေတြ႕ဖူးၾကသလဲ၊ ဒီ ဗီဒီယိုမွာျပထားတဲ့ သက္တံ့ကေတာ့ သင္မျမင္ဖူးဘူးလို႕ ထင္ပါတယ္

သက္တံ့ကို ဘယ္လိုပံုစံမ်ိဳးေတြ႕ဖူးၾကသလဲ၊ ဒီ ဗီဒီယိုမွာျပထားတဲ့ သက္တံ့ကေတာ့ သင္မျမင္ဖူးဘူးလို႕ ထင္ပါတယ္

0

သက္တံ့ ေတြ ဟာ ပုံမွန္အားျဖင့္ စက္၀ိုင္းျခမ္းတစ္၀က္ ပံုစံ ျဖစ္ေနတယ္လို႔ သင္ငယ္ငယ္တုန္းက ယူဆေနမိပါလိမ့္မယ္။ ဟုတ္တယ္ မလား။ သြင္ျပင္ လကၡဏာ ေတြက လွည့္စားေကာင္း လွည့္စား ႏိုင္ပါတယ္။ ရုရွားက ကရိန္းကားေမာင္းသမား တစ္ေယာက္ဟာ စိန္႔ ပီတာဘတ္ ၏ လက္တာစင္တာ မိုးေမွ်ာ္ တုိက္ရဲ႕ ၁၅၀၀ အျမင့္ေပကေန သက္တံ့တစ္ခု ေပၚထြက္ေနတာကို ရိုက္ကူးထားျပီး အဆိုပါသက္တံ့ဟာ အံ့ၾသစရာေကာင္းတဲ့ စက္၀ိုင္း ျပည့္ ပံုသ႑ာန္ ျဖစ္ၿပီး ပိုသဘာ၀က်ပါတယ္။ လူရဲ႕ စိတ္အာရုံ ကိုလည္း ဖမ္းစားထားႏိုင္ၿပီး ၾကယ္တာရာ ၀င္ေပါက္ လို ပံုစံရွိပါတယ္။

မ်က္လွည့္ အားလံုးကို ဖ်က္ဆီး လုိက္တာ မဟုုတ္ပဲ ဒီျဖစ္စဥ္က ရုိးရွင္းတဲ့ ေျဖရွင္း ခ်က္ကို ေပးပါတယ္။ သီအိုရီ အရဆိုရင္ သက္တံ့ ေတြက စက္၀ိုင္းပံု စံျဖစ္ၿပီး ကမၻာႀကီး ရဲ႕ ေကာက္ေကြး မႈ ေၾကာင့္ သာ အေပၚ ပိုင္းတစ္ျခမ္းကို ျမင္ေတြ႕ ၾကရတာ ျဖစ္ပါတယ္။ အျမင့္ ပိုင္း ကရိန္း ဒါမွမဟုတ္ ေလယာဥ္ပ်ံ စီးရင္းက ေန သက္တ့ံ ကို ျမင္ တယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္။ အဲ့ဒါက အ၀ိုင္း ပံုစံ ပဲျဖစ္ေနမွာပါ။

ရူပေဗဒ စာသင္ခန္းမွာ သင္ၾကားခဲ့ တာက “စက္၀ိုင္း ဒါမွ မဟုတ္ စက္၀ိုင္းျခမ္း ေတြ က ဘယ္လိုျဖစ္ေပၚ လာရတာလဲဆိုေတာ့ မိုးစက္ ကေလး ေတြ ေလထုထဲ မွာ စုစည္းတာ ၾကာသြားတဲ့ အခါ အေရာင္ ေတြက ၄၀ ကေန ၄၂ ဒီဂရီ အထိ တိမ္းေစာင္းသြားၿပီး ေနေရာင္ ျခည္ ရဲ႕ အလင္းေရာင္ ဆက္စပ္ မႈ တို႔ ေၾကာင့္ အေရာင္ေတြက ပ်ံ႕ ႏွံ႔ သြားပါတယ္။”

“ဒီ အမႈန္ ေလးေတြက တစ္ကယ္ေတာ့ စက္၀န္းျပတ္ အေနနဲ႔ ဖြဲ႔စည္းသြားၿပီး စက္၀န္းျပတ္မွာ ရွိတဲ့ အမႈန္အမႊား တစ္ခုခ်င္းဆီက အလင္းေရာင္ေတြ ျဖာထြက္သြားၿပီး လွပတဲ့ သက္တံ့ အေရာင္ ကို လူေတြ ျမင္ၾကရတာျဖစ္ပါတယ္။”

Source: Mshable

Unicode : သက်တံ့ကို ဘယ်လိုပုံစံမျိုးတွေ့ဖူးကြသလဲ၊ ဒီ ဗီဒီယိုမှာပြထားတဲ့ သက်တံ့ကတော့ သင်မမြင်ဖူးဘူးလို့ ထင်ပါတယ်

သက်တံ့ တွေ ဟာ ပုံမှန်အားဖြင့် စက်ဝိုင်းခြမ်းတစ်ဝက် ပုံစံ ဖြစ်နေတယ်လို့ သင်ငယ်ငယ်တုန်းက ယူဆနေမိပါလိမ့်မယ်။ ဟုတ်တယ် မလား။ သွင်ပြင် လက္ခဏာ တွေက လှည့်စားကောင်း လှည့်စား နိုင်ပါတယ်။ ရုရှားက ကရိန်းကားမောင်းသမား တစ်ယောက်ဟာ စိန့် ပီတာဘတ် ၏ လက်တာစင်တာ မိုးမျှော် တိုက်ရဲ့ ၁၅၀၀ အမြင့်ပေကနေ သက်တံ့တစ်ခု ပေါ်ထွက်နေတာကို ရိုက်ကူးထားပြီး အဆိုပါသက်တံ့ဟာ အံ့သြစရာကောင်းတဲ့ စက်ဝိုင်း ပြည့် ပုံသဏ္ဍာန် ဖြစ်ပြီး ပိုသဘာဝကျပါတယ်။ လူရဲ့ စိတ်အာရုံ ကိုလည်း ဖမ်းစားထားနိုင်ပြီး ကြယ်တာရာ ဝင်ပေါက် လို ပုံစံရှိပါတယ်။

မျက်လှည့် အားလုံးကို ဖျက်ဆီး လိုက်တာ မဟုုတ်ပဲ ဒီဖြစ်စဉ်က ရိုးရှင်းတဲ့ ဖြေရှင်း ချက်ကို ပေးပါတယ်။ သီအိုရီ အရဆိုရင် သက်တံ့ တွေက စက်ဝိုင်းပုံ စံဖြစ်ပြီး ကမ္ဘာကြီး ရဲ့ ကောက်ကွေး မှု ကြောင့် သာ အပေါ် ပိုင်းတစ်ခြမ်းကို မြင်တွေ့ ကြရတာ ဖြစ်ပါတယ်။ အမြင့် ပိုင်း ကရိန်း ဒါမှမဟုတ် လေယာဉ်ပျံ စီးရင်းက နေ သက်တံ့ ကို မြင် တယ်ဆိုရင်တော့ သေချာပါတယ်။ အဲ့ဒါက အဝိုင်း ပုံစံ ပဲဖြစ်နေမှာပါ။

ရူပဗေဒ စာသင်ခန်းမှာ သင်ကြားခဲ့ တာက “စက်ဝိုင်း ဒါမှ မဟုတ် စက်ဝိုင်းခြမ်း တွေ က ဘယ်လိုဖြစ်ပေါ် လာရတာလဲဆိုတော့ မိုးစက် ကလေး တွေ လေထုထဲ မှာ စုစည်းတာ ကြာသွားတဲ့ အခါ အရောင် တွေက ၄၀ ကနေ ၄၂ ဒီဂရီ အထိ တိမ်းစောင်းသွားပြီး နေရောင် ခြည် ရဲ့ အလင်းရောင် ဆက်စပ် မှု တို့ ကြောင့် အရောင်တွေက ပျံ့ နှံ့ သွားပါတယ်။”

“ဒီ အမှုန် လေးတွေက တစ်ကယ်တော့ စက်ဝန်းပြတ် အနေနဲ့ ဖွဲ့စည်းသွားပြီး စက်ဝန်းပြတ်မှာ ရှိတဲ့ အမှုန်အမွှား တစ်ခုချင်းဆီက အလင်းရောင်တွေ ဖြာထွက်သွားပြီး လှပတဲ့ သက်တံ့ အရောင် ကို လူတွေ မြင်ကြရတာဖြစ်ပါတယ်။”

Source: Mshable

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: