Home News မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ထိပါးဖယ်ရှားဖို့ကြိုးစားပါက အမေရိကန်ကို နျူကလိယားဒုံးကျည်ဖြင့် ပစ်ခတ်မည်ဟု ကြေငြာ


0


အမေရိကန် CIA ဌာနမှ အကြီင်္းအကဲဖြစ်သူ Mike Pompeo မှ မြောက်ကိုးရီယားနိုင်ငံ၏ အာဏာရှင်အုပ်ချုပ်မှုကို မြောက်ကိုးရီးယားပြည်သူများမှ ဖယ်ရှားပစ်ရန် လိုလားကြမည်ဟု ထင်မြင်ကြောင်း ပြောကြားသည့်ကိစ္စနှင့် ပတ်သတ်၍ မြောက်ကိုးရီးယားမှ အမေရိကန်အား ပြန်လည် တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။



Unicode : မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ထိပါးဖယ်ရှားဖို့ကြိုးစားပါက အမေရိကန်ကို နျူကလိယားဒုံးကျည်ဖြင့် ပစ်ခတ်မည်ဟု ကြေငြာ

kim

မြောက်ကိုးရီးယားဟာ ယခု ၂၀၁၇ ခုနှစ်အတွင်း ဒုံးကျည်များကို အဆင့်ဆင့်စမ်းသပ်အောင်မြင်လျက်ရှိပြီး ဇူလိုင် ၂၅ ရက်နေ့မှာ အမေရိကန်ကို ရဲတင်းစွာ စိန်ခေါ်လိုက်ပါတယ်။ အမေရိကန်အနေနဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ဖယ်ရှားပစ်ဖို့ ကြိုးစားပါက နျူကလိယားလက်နက်ဖြင့် တိုက်ခိုက်ရလိမ့်မည်ဟု တရားဝင် ထုတ်ပြန်ကြေငြာလိုက်သည်။

အမေရိကန် CIA ဌာနမှ အကြီၤးအကဲဖြစ်သူ Mike Pompeo မှ မြောက်ကိုးရီယားနိုင်ငံ၏ အာဏာရှင်အုပ်ချုပ်မှုကို မြောက်ကိုးရီးယားပြည်သူများမှ ဖယ်ရှားပစ်ရန် လိုလားကြမည်ဟု ထင်မြင်ကြောင်း ပြောကြားသည့်ကိစ္စနှင့် ပတ်သတ်၍ မြောက်ကိုးရီးယားမှ အမေရိကန်အား ပြန်လည် တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြောက်ကိုးရီးယားသည် ဂုဏ်သိက္ခာရှိသည့်နိုင်ငံဖြစ်ပြီး မြောက်ကိုးရီးယား၏ နိုင်ငံရေးဖွဲ့စည်းပုံနှင့် ဆောင်ရွက်ချက်များကို ပြင်ပနိုင်ငံများမှ တစ်နည်းတစ်ဖုံဖြင့် နှောင့်ယှက်ပါက နျူကလီယားလက်နက် အပါအဝင် အခြားသော လက်နက်များဖြင့် အချိန်မရွေးတုံ့ပြန်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ဖယ်ရှားဖို့ ဆောင်ရွက်ချက်တွေ အရိပ်အယောင်အနည်းငယ်ပြရုံနဲ့ အမေရိကန်ကို ညှာတာထောက်ထားမှာ မဟုတ်ဘဲ နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်မည် ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: