Home Uncategorized ေငြက်ပ္သိန္း ၂၉၀၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴဘေလာက္တံုးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိ

ေငြက်ပ္သိန္း ၂၉၀၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴဘေလာက္တံုးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိ

0

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ မိုင္းပန္ၿမိဳ႕၏အေရွ႕ဘက္ ၃၁ မုိင္ခန္႔အကြာရွိ သံလြင္ျမစ္ကူးတံတား(တာဆန္း)ပူးေပါင္းစစ္ေဆးေရးဂိတ္၌ တပ္မေတာ္သားမ်ား၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ ဌာနဆိုင္ရာတာ၀န္ရွိသူမ်ားပါ၀င္ေသာပူးေပါင္းအဖြဲ႕က ေမာ္ေတာ္ယာဥ္မ်ားအား ရွာေဖြစစ္ေဆးစဥ္ ဇူလိုင္ ၂၄ ရက္မြန္းလြဲ ၁ နာရီခြဲခန္႔တြင္ မိုင္းတံုၿမိဳ႕ဘက္မွမိုင္းပန္ၿမိဳ႕ဘက္သို႔ အိုက္စိုင္းေက်ာ္(ဘ)ဦးအိုက္စံပူး ေမာင္းႏွင္၍ နန္းစံဟြမ္း(ဘ)ဦးစိုင္းပီးလိုက္ပါလာသည့္ MARK-X အမ်ဳိးအစား ေမာ္ေတာ္ယာဥ္အမွတ္၊ 9H/ —– တပ္ဆင္ထားသည့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရာယာဥ္ေမာင္း အိုက္စိုင္းေက်ာ္မွာ သံလြင္ျမစ္ကူးတံတား(တာဆန္း) ေပၚမွ ခုန္ခ်ထြက္ေျပးသြားခဲ့သည္။

drugger

ထို႔ေနာက္ ပူးေပါင္းအဖြဲ႕က ေမာ္ေတာ္ယာဥ္အားစစ္ေဆးရာ ေမာ္ေတာ္ယာဥ္ေနာက္ဖံုးအတြင္းမွ ဘိန္းျဖဴဘေလာက္တံုး ၂၉၈ တံုး၊ အေလးခ်ိန္ ၁၀၄ ဒသမ ၃ ကီလို(ခန္႔မွန္းတန္ဖိုးေငြက်ပ္ ၂၉၂၀၄ သိန္းခန္႔)ကိုသိမ္းဆည္းရမိခဲ့သည္။

ဖမ္းဆီးရမိသူ နန္းစံဟြမ္းအား စစ္ေဆးေမးျမန္းခ်က္မ်ားအရ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းတံုၿမိဳ႕နယ္၊ နားေကာင္းမူေက်းရြာ၊ ၎၏ေနအိမ္ႏွင့္ ပံုပါက်င္ၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္ရွိ ထြက္ေျပးသြားသည့္ အိုက္စိုင္းေက်ာ္၏ ေနအိမ္တို႔အား ပူးေပါင္းအဖြဲ႕က သက္ေသမ်ားႏွင့္အတူ စစ္ေဆးရွာေဖြရာနန္းစံဟြမ္း၏ ေနအိမ္မွ ပိြဳင့္-၂၂ ေသနတ္တစ္လက္၊ ၎က်ည္ ၁၃ ေတာင့္ႏွင့္ စႏုိက္ပါမွန္ေျပာင္းတစ္လက္၊ အိုက္စိုင္းေက်ာ္၏ေနအိမ္မွ ၿခံေစာင့္ အိုက္မိုင္း(ဘ)ဦးလံုးပန္းႏွင့္အတူ ပိြဳင့္-၂၂ ေသနတ္ တစ္လက္၊ ၎က်ည္အိမ္ တစ္ခု၊ ၎က်ည္၁၁ ေတာင့္၊ အမ္-၁၆ ေသနတ္တစ္လက္၊၎က်ည္အိမ္တစ္ခု၊ ၎က်ည္ ၁၃ ေတာင့္၊ေျပာင္းေခ်ာတစ္လံုးထိုးေသနတ္တစ္လက္ႏွင့္ ၎က်ည္ ၂၁ ေတာင့္တို႔အား ရွာေဖြေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။

သိမ္းဆည္းရမိ မူးယစ္ေဆး၀ါးမ်ား၊လက္နက္ခဲယမ္းမ်ားႏွင့္ ဆက္စပ္သူအား ဖမ္းဆီးရမိႏုိင္ေရးႏွင့္ ဖမ္းဆီးရမိသူမ်ားအား မိုင္းပန္ၿမိဳ႕၊ နားေကာင္းမူႏွင့္ ပံုပါက်င္ရဲစခန္းတို႔၌ တရားဥပေဒအရ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Source : တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး စာမ်က္ႏွာ

Unicode : ငွေကျပ်သိန်း ၂၉၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၏အရှေ့ဘက် ၃၁ မိုင်ခန့်အကွာရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးစဉ် ဇူလိုင် ၂၄ ရက်မွန်းလွဲ ၁ နာရီခွဲခန့်တွင် မိုင်းတုံမြို့ဘက်မှမိုင်းပန်မြို့ဘက်သို့ အိုက်စိုင်းကျော်(ဘ)ဦးအိုက်စံပူး မောင်းနှင်၍ နန်းစံဟွမ်း(ဘ)ဦးစိုင်းပီးလိုက်ပါလာသည့် MARK-X အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 9H/ —– တပ်ဆင်ထားသည့် လိုင်စင်မဲ့မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာယာဉ်မောင်း အိုက်စိုင်းကျော်မှာ သံလွင်မြစ်ကူးတံတား(တာဆန်း) ပေါ်မှ ခုန်ချထွက်ပြေးသွားခဲ့သည်။

ထို့နောက် ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်အားစစ်ဆေးရာ မော်တော်ယာဉ်နောက်ဖုံးအတွင်းမှ ဘိန်းဖြူဘလောက်တုံး ၂၉၈ တုံး၊ အလေးချိန် ၁၀၄ ဒသမ ၃ ကီလို(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂၀၄ သိန်းခန့်)ကိုသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူ နန်းစံဟွမ်းအား စစ်ဆေးမေးမြန်းချက်များအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၊ ၎င်း၏နေအိမ်နှင့် ပုံပါကျင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ထွက်ပြေးသွားသည့် အိုက်စိုင်းကျော်၏ နေအိမ်တို့အား ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာနန်းစံဟွမ်း၏ နေအိမ်မှ ပွိုင့်-၂၂ သေနတ်တစ်လက်၊ ၎င်းကျည် ၁၃ တောင့်နှင့် စနိုက်ပါမှန်ပြောင်းတစ်လက်၊ အိုက်စိုင်းကျော်၏နေအိမ်မှ ခြံစောင့် အိုက်မိုင်း(ဘ)ဦးလုံးပန်းနှင့်အတူ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည်၁၁ တောင့်၊ အမ်-၁၆ သေနတ်တစ်လက်၊၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည် ၁၃ တောင့်၊ပြောင်းချောတစ်လုံးထိုးသေနတ်တစ်လက်နှင့် ၎င်းကျည် ၂၁ တောင့်တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ၊လက်နက်ခဲယမ်းများနှင့် ဆက်စပ်သူအား ဖမ်းဆီးရမိနိုင်ရေးနှင့် ဖမ်းဆီးရမိသူများအား မိုင်းပန်မြို့၊ နားကောင်းမူနှင့် ပုံပါကျင်ရဲစခန်းတို့၌ တရားဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက်နှာ

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: