Unicode : သင့်ကို အံ့အားသင့်စေမယ့် ယုန်ပေါက်အရွယ်လောက်ရှိတဲ့ ခရု
ခရုတစ်ကောင်ကို လူတွေမြင်ဖူးကြတာက ခပ်သေးသေးဆိုပေမယ့် ယခုပိုစ့်မှာ ဖော်ပြမယ့် ခရုရဲ့ အရွယ်အစားကြောင့် သင် အမှန်တစ်ကယ်အံ့သြသွားမှာပါ။
Twitter အသုံးပြုသူ တစ်ယောက်ဖြစ်တဲ့ Madds ဟာ သူ့ရဲ့ ခရုအရွယ်အစားကို Twitter ပေါ်မှာ ပြသခဲ့ပြီး လူတိုင်းဟာ အံ့သြခဲ့ရပါတယ်။ ယုန်ပေါက်တစ်ကောင်ရဲ့ အရွယ်အစားရှိပြီး အဆိုပါ ခရုဟာ အာဖရိကခရု အမျိုးအစား ဖြစ်ပါတယ်။ Giant ခရုအမျိုးအစားဖြစ်ပြီး အကောင်ကြီးခရုဖြစ်ပါတယ်။ လူအတော်များများက သာမန်ခရုလောက်သာ တွေ့ဖူးတာ ဖြစ်တာကြောင့် အံ့သြကြတာဖြစ်ပေမယ့် အာဖရိက ခရုတစ်ကောင်အတွက်ကတော့ ဒီအရွယ်အစားဟာ ပုံမှန်ပါဘဲ။
သို့သော်လည်း အာဖရိက ခရုအမျိုးအစားဟာ အမေရိကန်နိုင်ငံမှာ ဂေဟစနစ်ကို ပျက်စီးစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တားမြစ်ထားပါတယ်။