Home Tech Mobile News အေမရိကတြင္ Apple အေနျဖင့္ ႀကီးမားေသာ စက္ရံု သံုးရံု တည္ေဆာက္မည္ျဖစ္ေၾကာင္း ထရန္႔ ေျပာၾကား

အေမရိကတြင္ Apple အေနျဖင့္ ႀကီးမားေသာ စက္ရံု သံုးရံု တည္ေဆာက္မည္ျဖစ္ေၾကာင္း ထရန္႔ ေျပာၾကား

0

Apple အေနျဖင့္ Apple ထုတ္ကုန္ေတြကို ပိုမိုထုတ္လုပ္ႏုိင္ရန္အတြက္ အေမရိကတြင္ စက္ရံုသံုးရံု တည္ေဆာက္မည္ျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရန္႔ က Wall Street Journal ႏွင့္ အင္တာဗ်ဴး တစ္ခုတြင္ ေျပာၾကားလုိက္ပါတယ္။

Apple CEO ျဖစ္သူ Tim Cook ကို သူ႔အေနျဖင့္ ေခၚယူၿပီး အေမရိကတြင္ ႀကီးမားေသာ စက္ရံုသံုးရံု တည္ေဆာက္ဖို႔ရန္ တုိက္တြန္းခဲ့တယ္လုိ႔ ဆုိပါတယ္။

အခုအခ်ိန္မွာေတာ့ အဆိုပါ သတင္းႏွင့္ ပတ္သက္ၿပီး သတင္းအခ်က္အလက္ အေသး စိတ္ေတြ မသိႏုိင္ေသးပါဘူး။ Apple အေနျဖင့္လည္း အဆုိပါသတင္းႏွင့္ ပတ္သက္ၿပီး ဂ်ာနယ္ကို မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ခဲ့သလို ဘယ္လိုတုန္႔ျပန္ေျပာဆိုမႈမ်ားကိုမွလည္း မျပဳလုပ္ခဲ့ပါဘူး။

တကယ္လုိ႔ အဆုိပါသတင္းသာ အမွန္တကယ္ျဖစ္လာမယ္ဆုိရင္ Apple အေနျဖင့္ ႀကီးႀကီးမားမားနဲ႔ အရွိန္အဟုန္ျဖင့္ ထင္ရွားတဲ့ အေျပာင္းအလဲျဖစ္လာႏုိင္ေသာ ရင္းႏွီးျမွဳပ္ႏွံမႈကိုျပဳလုပ္ရန္အတြက္ ျဖစ္ႏိုင္ၿပီး လက္ရွိအခ်ိန္အထိကေတာ့ Apple အေနျဖင့္ အေမရိကတြင္ Mac Pros ထုတ္လုပ္ဖုိ႔အတြက္ စက္ရံုကိုသာ တည္ေဆာက္ ထားပါတယ္။

Apple အေနျဖင့္ သာမန္အားျဖင့္ အျခားေသာ ျပင္ပ ကုန္ပစၥည္း ေထာက္ပံ႔သူေတြ နဲ႔သာ အလုပ္လုပ္ၿပီး သူကိုယ္တုိင္ စက္ရံုတည္ေဆာက္ျခင္းမ်ိဳး မရွိပါဘူး။

ဒါေၾကာင့္ ဒီေနရာမွာ ထရန္႔ေျပာတာဟာ အေသးစိတ္အခ်က္အလက္တစ္ခုခု မွားယြင္ႏုိင္တဲ့ အေနအထား ျဖစ္ပါတယ္။ အဲဒီအစား တင္ကြတ္က ေျပာတာကေတာ့ Apple အေနျဖင့္ အေမရိကတြင္ သူကိုယ္တုိင္ စက္ရံု တည္ေဆာက္မယ္႔အစား သူ႔အတြက္ ေထာက္ပံ႔ေပးေနတဲ့ ကုန္ပစၥည္းထုတ္လုပ္သူေတြကို အေမရိကတြင္ စက္ရံုတည္ေဆာက္ခုိင္းမွာသာ ျဖစ္ပါတယ္။

တကယ္လုိ႔သာ Apple အေနျဖင့္ ကိုယ္ပိုင္စက္ရံုမတည္ေဆာက္ ဘူး ဆိုရင္ ေသခ်ာတာ ကေတာ့ သူ႔ပစၥည္းေတြ ထုတ္လုပ္ေပးႏုိင္ဖုိ႔အတြက္ အျခားေသာ ကုန္ပစၥည္းထုတ္လုပ္ သူေတြက အေမရိကမွာ စက္ရံုတည္ေဆာက္ၾကမွာျဖစ္ပါတယ္။

မိုးဆက္(STM)

UNICODE FONT:

Apple အနေဖြင့် အမေရိကတွင် ကြီးမားသော စက်ရုံ သုံးရုံ တည်ဆောက်မည်ဖြစ်ကြောင်း ထရန့် ပြောကြား

Apple အနေဖြင့် Apple ထုတ်ကုန်တွေကို ပိုမိုထုတ်လုပ်နိုင်ရန်အတွက် အမေရိကတွင် စက်ရုံသုံးရုံ တည်ဆောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က Wall Street Journal နှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားလိုက်ပါတယ်။

Apple CEO ဖြစ်သူ Tim Cook ကို သူ့အနေဖြင့် ခေါ်ယူပြီး အမေရိကတွင် ကြီးမားသော စက်ရုံသုံးရုံ တည်ဆောက်ဖို့ရန် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာတော့ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက် အသေး စိတ်တွေ မသိနိုင်သေးပါဘူး။ Apple အနေဖြင့်လည်း အဆိုပါသတင်းနှင့် ပတ်သက်ပြီး ဂျာနယ်ကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သလို ဘယ်လိုတုန့်ပြန်ပြောဆိုမှုများကိုမှလည်း မပြုလုပ်ခဲ့ပါဘူး။

တကယ်လို့ အဆိုပါသတင်းသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် Apple အနေဖြင့် ကြီးကြီးမားမားနဲ့ အရှိန်အဟုန်ဖြင့် ထင်ရှားတဲ့ အပြောင်းအလဲဖြစ်လာနိုင်သော ရင်းနှီးမြှုပ်နှံမှုကိုပြုလုပ်ရန်အတွက် ဖြစ်နိုင်ပြီး လက်ရှိအချိန်အထိကတော့ Apple အနေဖြင့် အမေရိကတွင် Mac Pros ထုတ်လုပ်ဖို့အတွက် စက်ရုံကိုသာ တည်ဆောက် ထားပါတယ်။

Apple အနေဖြင့် သာမန်အားဖြင့် အခြားသော ပြင်ပ ကုန်ပစ္စည်း ထောက်ပံ့သူတွေ နဲ့သာ အလုပ်လုပ်ပြီး သူကိုယ်တိုင် စက်ရုံတည်ဆောက်ခြင်းမျိုး မရှိပါဘူး။

ဒါကြောင့် ဒီနေရာမှာ ထရန့်ပြောတာဟာ အသေးစိတ်အချက်အလက်တစ်ခုခု မှားယွင်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီအစား တင်ကွတ်က ပြောတာကတော့ Apple အနေဖြင့် အမေရိကတွင် သူကိုယ်တိုင် စက်ရုံ တည်ဆောက်မယ့်အစား သူ့အတွက် ထောက်ပံ့ပေးနေတဲ့ ကုန်ပစ္စည်းထုတ်လုပ်သူတွေကို အမေရိကတွင် စက်ရုံတည်ဆောက်ခိုင်းမှာသာ ဖြစ်ပါတယ်။

တကယ်လို့သာ Apple အနေဖြင့် ကိုယ်ပိုင်စက်ရုံမတည်ဆောက် ဘူး ဆိုရင် သေချာတာ ကတော့ သူ့ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်ဖို့အတွက် အခြားသော ကုန်ပစ္စည်းထုတ်လုပ် သူတွေက အမေရိကမှာ စက်ရုံတည်ဆောက်ကြမှာဖြစ်ပါတယ်။

မိုးဆက်(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: