Home News ထိုင္းဘတ္ေငြ ၁.၁၂ သန္းပါ၀င္ေသာ ပုိက္ဆံအိတ္ကို ပိုင္ရွင္ထံျပန္အပ္ေသာ္လည္း ဆုေၾကးအျဖစ္ သၾကားလံုး ၂ထုပ္သာျပန္ေပး

ထိုင္းဘတ္ေငြ ၁.၁၂ သန္းပါ၀င္ေသာ ပုိက္ဆံအိတ္ကို ပိုင္ရွင္ထံျပန္အပ္ေသာ္လည္း ဆုေၾကးအျဖစ္ သၾကားလံုး ၂ထုပ္သာျပန္ေပး

0

ထိုင္းဘတ္ေငြ ၁.၁၂ သန္း ပါတဲ့ ပိုက္ဆံအိတ္ကို ေကာက္ရသူ တစ္ဦးမွ ပိုင္ရွင္ထံ ျပန္ေပးခဲ့ေသာ္လည္း ေက်းဇူးတင္သည့္အေနျဖင့္ သၾကားလံုး ၂ ထုပ္သာ ဆုခ်ခဲ့ေၾကာင္း သိရွိရသည္။ ပိုက္ဆံအိတ္ပိုင္ရွင္မွာ ဆရာ၀န္တစ္ဦး ျဖစ္ျပီး ပိုက္ဆံအိတ္ကို လာျပန္အပ္သူမွာ အမ်ိဳးသမီး ဘတ္စ္ကား စပယ္ယာ တစ္ဦး ျဖစ္ေၾကာင္း သိရွိရသည္။

ဘတ္စ္ကား အမွတ္ ၅၁၁ မွ အမ်ိဳးသမီး စပယ္ယာအား ပိုက္ဆံအိတ္ပုိင္ရွင္ ျဖစ္သူ ဆရာ၀န္မွ ဆုေၾကးအျဖစ္ သၾကားလံုး ၂ ထုပ္သာ ေပးခဲ့ျပီး ထိုကိစၥမွာ ထိုင္းႏိုင္ငံ၏ မီဒီယာမ်ားတြင္ နာမည္ၾကီး ေရပန္းစားခဲ့သည္။ ထို႕ေၾကာင့္ အဆိုပါ ဆရာ၀န္မွာလည္း အရွက္ရခဲ့ျပီး ဘတ္စ္ကား အမွတ္ ၅၁၁ မွ အမ်ိဳးသမီး စပယ္ယာအား သၾကားလံုး ၂ ထုပ္ေပးသည့္ကိစၥႏွင့္ ပတ္သတ္၍ ျပန္လည္ေတာင္းပန္ခဲ့သည္။

အဆိုပါ ပိုက္ဆံ ၁.၁၂ သန္းမွာ အေၾကြးေပးစရာ ပိုက္ဆံျဖစ္ေန၍ ေက်းဇူးတင္သည့္အေနျဖင့္ သၾကားလံုး ၂ ထုပ္သာ ေပးခဲ့ျခင္း ျဖစ္ေၾကာင္း ပိုက္ဆံအိတ္ေပ်ာက္ဆံုးသူ ဆရာ၀န္မွ ျပန္လည္ရွင္းျပခဲ့သည္။

ဘန္ေကာက္ျမိဳ႕၏ နာမည္ၾကီး ဥပေဒအရာရွိျဖစ္သူ Songkran Atchariyasap ကေတာ့ ဒီျဖစ္စဥ္မွာ ပစၥည္းလာျပန္ေပးသူကို တန္ဖိုးရဲ႕ ၁၀ ရာခိုင္ႏႈန္းအထိ ဆုေၾကးျပန္ေပးျခင္း သို႕မဟုတ္ ေတာင္းဆိုပိုင္ခြင့္ရွိတယ္လို႕ ဆိုပါတယ္။

ဒါေပမယ့္ ဘတ္စ္ကား စပယ္ယာ အမ်ိဳးသမီးကေတာ့ ” က်မဟာ ဘာဆုေၾကးမွ မရလဲ ဒီလိုေကာင္းတဲ့အရာကို လုပ္မွာပါ ” လို႕ ေျပာလိုက္ပါတယ္။ ထိုင္းအာဏာပိုင္ေတြကလည္း သူမ ရဲ႕ ရိုးသားမႈကို ဂုဏ္ျပဳခ်ီးျမွင့္ခဲ့ပါတယ္။

Unicode : ထိုင်းဘတ်ငွေ ၁.၁၂ သန်းပါဝင်သော ပိုက်ဆံအိတ်ကို ပိုင်ရှင်ထံပြန်အပ်သော်လည်း ဆုကြေးအဖြစ် သကြားလုံး ၂ထုပ်သာပြန်ပေး

ထိုင်းဘတ်ငွေ ၁.၁၂ သန်း ပါတဲ့ ပိုက်ဆံအိတ်ကို ကောက်ရသူ တစ်ဦးမှ ပိုင်ရှင်ထံ ပြန်ပေးခဲ့သော်လည်း ကျေးဇူးတင်သည့်အနေဖြင့် သကြားလုံး ၂ ထုပ်သာ ဆုချခဲ့ကြောင်း သိရှိရသည်။ ပိုက်ဆံအိတ်ပိုင်ရှင်မှာ ဆရာဝန်တစ်ဦး ဖြစ်ပြီး ပိုက်ဆံအိတ်ကို လာပြန်အပ်သူမှာ အမျိုးသမီး ဘတ်စ်ကား စပယ်ယာ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

ဘတ်စ်ကား အမှတ် ၅၁၁ မှ အမျိုးသမီး စပယ်ယာအား ပိုက်ဆံအိတ်ပိုင်ရှင် ဖြစ်သူ ဆရာဝန်မှ ဆုကြေးအဖြစ် သကြားလုံး ၂ ထုပ်သာ ပေးခဲ့ပြီး ထိုကိစ္စမှာ ထိုင်းနိုင်ငံ၏ မီဒီယာများတွင် နာမည်ကြီး ရေပန်းစားခဲ့သည်။ ထို့ကြောင့် အဆိုပါ ဆရာဝန်မှာလည်း အရှက်ရခဲ့ပြီး ဘတ်စ်ကား အမှတ် ၅၁၁ မှ အမျိုးသမီး စပယ်ယာအား သကြားလုံး ၂ ထုပ်ပေးသည့်ကိစ္စနှင့် ပတ်သတ်၍ ပြန်လည်တောင်းပန်ခဲ့သည်။

အဆိုပါ ပိုက်ဆံ ၁.၁၂ သန်းမှာ အကြွေးပေးစရာ ပိုက်ဆံဖြစ်နေ၍ ကျေးဇူးတင်သည့်အနေဖြင့် သကြားလုံး ၂ ထုပ်သာ ပေးခဲ့ခြင်း ဖြစ်ကြောင်း ပိုက်ဆံအိတ်ပျောက်ဆုံးသူ ဆရာဝန်မှ ပြန်လည်ရှင်းပြခဲ့သည်။

ဘန်ကောက်မြို့၏ နာမည်ကြီး ဥပဒေအရာရှိဖြစ်သူ Songkran Atchariyasap ကတော့ ဒီဖြစ်စဉ်မှာ ပစ္စည်းလာပြန်ပေးသူကို တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းအထိ ဆုကြေးပြန်ပေးခြင်း သို့မဟုတ် တောင်းဆိုပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘတ်စ်ကား စပယ်ယာ အမျိုးသမီးကတော့ ” ကျမဟာ ဘာဆုကြေးမှ မရလဲ ဒီလိုကောင်းတဲ့အရာကို လုပ်မှာပါ ” လို့ ပြောလိုက်ပါတယ်။ ထိုင်းအာဏာပိုင်တွေကလည်း သူမ ရဲ့ ရိုးသားမှုကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: