Home Tech Mobile News notifications ပုံစံသစ်ကို iPhone 8 မှာ မြင်တွေ့နိုင်တော့မှာလား
0
မိုးဆက်(STM)
UNICODE FONT :
notifications ပုံစံသစ်ကို iPhone 8 မှာ မြင်တွေ့နိုင်တော့မှာလား
iPhone 8 ဟာ ဒီနေ့အချိန်မှာတော့ ပွဲထွက်နိုင်ဖို့အတွက် မြန်မြန်ဆန်ဆန်နဲ့ နီးကပ် လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တစ်ချို့အကြောင်းအရာတွေကတော့ ဆွေးနွေးငြင်း ခုံကြတုန်းပဲ ဖြစ်ပါတယ်။ ဥပမာ အနေဖြင့် Touch ID ကို ဘယ်နားမှာ ထားမှာ လည်းဆိုတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ Apple ရဲ့ iPhone 10 နှစ်ပြည့်ဖုန်းမှာ ပါ၀င်မယ့် မေးခွန်း တစ်ချို့ ဟာလည်း ထပ်မံရှိနေသေး ပါတယ်။ Forbes နှင့် ဈေးကြီးတဲ့ ကာဗာတွေကို ထုတ်လုပ်တဲ့ နက်နက်ရှိုင်းရှိုင်း သိနေတာတစ်ခုကတော့ iPhone 8 ဟာ ပိုပြီး ပြီးပြည့်စုံတဲ့ အလား အလာရှိမယ်လို့ဆိုပါတယ်။
ဖုန်းမှာပါ၀င်မယ့် Bezels ကတော့ ၄ မီလီမီတာသာ ပါ၀င်မယ်လို့ ဆိုပါတယ်။ ဆိုလိုတာ ကတော့ Apple အနေဖြင့် LG ရဲ့ no bezels အဖြစ် အသုံးပြုနိုင်တဲ့ touch တွေကို လက်ခံ လိုက်ပြီလို့ ယူဆရပါတယ်။
လက်ရှိထွက်ပေါ်လာသမျှသော ဓာတ်ပုံတွေအရတော့ ဖုန်းရဲ့ အပေါ်ဘောင်မှာ Notifications အနေဖြင့် မပါပဲ ဘက်ထရီစနစ် နှင့် ဆက်သွယ်ရေးစနစ်အတွက် အိုင် ကွန်လေးတွေသာ ပါ၀င်လာပါတယ်။ ဒါကြောင့် အခြား Notifications စနစ်ကို ဘယ်လို ပြောင်းလဲလိုက်မလဲဆိုတာကို စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အခက်အခဲအနည်းငယ်တော့ ဖြစ်နေပါလိမ့်ဦးမယ်၊ iPhone 8 တွင် ပါဝါခလုပ်မှာ ပုံမှန်ထက် ပိုမိုကြီးမားနေတာကြောင့် ဒါဟာ တကယ်ပဲ ပါဝါခလုပ်တစ်ခုတည်းကိုပဲ အသုံးပြုထား သလားဆိုတဲ့ မေးခွန်းကလည်း ပေါ်လာပါ တယ်။ ဒါဟာ နောက်ထပ် ပလန်တစ်ခုလားဆိုတဲ့ အချက်တစ်ခု ပေါ်လာပါတယ်။ တကယ်လိုမျိုး ပါဝါခလုပ်ကို Sony Xepria လိုမျိုး Fingerprint Scanner မှာ မြှုပ်ထား မယ်ဆို ရင် အခု ဖုန်းဘေးက ခလုပ်က ဘာအတွက်လဲဆိုတာမျိုးပါပဲ။
iPhone အနေဖြင့် headphone jack အပေါက်ကိုတော့ ပြန်လည်မထည့် သွင်းတော့ ပါဘူး။ ဒါဟာ သိပ်ပြီး အံ့သြစရာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ဖုန်းရဲ့ အောက်ခြေ မှာ စတီရီယိုစပီကာတွေကို လုံလောက် အောင် ထည့်သွင်းပေးထားပါတယ်။ iPhone 8 ကို LG က ထုတ်လုပ်မယ့် L Shape ဘက်ထရီကို အသုံးပြုမယ် လို့လဲ သတင်းတွေ ထွက်နေပါတယ်။ ဒီဘက်ထရီဟာ ယခုနောက်ဆုံးထုတ်ထားတဲ့ iPhone 7 Plus ထက် ပိုမို ကောင်းမွန်အောင် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
အားလုံးမျှော်လင့်နေကြသလိုပဲ ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၀၀ ကျော်ကနေ ၁၂၀၀ ၀န်းကျင်အထိ ရှိနိုင်ပြီး ဒါဟာ အနည်းဆုံးစတင်မယ့် ဈေးဖြစ်လို့ ဖုန်းမှာ ပါ၀င်မယ့် Memory အနည်းအများကို မူတည်ပြီး ဈေးနှုန်းတွေ ပိုများလာနိုင်မယ်လို့ ဆိုပါတယ်။ ရွေးချယ်စရာအနေန့ဲကတော့ 128GB နဲ့ 256GB နှစ်မျိုးကို ရရှိနိုင်မယ်လို့ ဆိုပါတယ်။
မိုးဆက်(STM)
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: