တရုတ္ႏိုင္ငံ အေနာက္ေတာင္ပို္င္းခ်ံဳခ်င္းျမိဳ႕မွာ ၉၄ မီတာအနက္ေက်ာ္တဲ့ ေျမေအာက္ဘူတာတစ္ခုကို တည္ေဆာက္မည္ ျဖစ္ျပီး ၂၀၁၇ ႏွစ္ ႏွစ္ကုန္ပိုင္းမွာ ဖြင့္လွစ္မယ္လို႕ သိရပါတယ္။ အဆိုပါ ေျမေအာက္ဘူတာဟာ တရုတ္ႏိုင္ငံရဲ႕ အနက္ဆံုး ေျမေအာက္ဘူတာ ျဖစ္လာမွာ ျဖစ္ျပီး ေျမအနက္ဟာ ၃၁ ထပ္ တိုက္အျမင့္ေလာက္ ရွိပါလိမ့္မယ္။
ခ်ံဳခ်င္းျမိဳ႕သည္ ေတာင္တန္းေဒသျမိဳ႕တစ္ျမိဳ႕ျဖစ္ျပီး သဘာ၀ပတ္၀န္းက်င္သိမ္းသိမ္းရန္ေသာ္လည္းေကာင္း၊ ေလေၾကာင္း အကာအကြယ္အေနအထား မပ်က္စီးေစရန္ေသာ္လည္းေကာင္း၊ လမ္းနံေဘးအေဆာက္အဦးမ်ားကို မပ်က္စီးေစဘဲ ေျမေအာက္တြင္ ရထားဘူတာ ေဆာက္လုပ္ရန္ ဆံုးျဖတ္ခ်က္ခ်ခဲ့ျခင္း ျဖစ္သည္။
ေမာ္ေတာ္ယာဥ္မ်ားျပားလာမႈ၊ လူေနအိမ္ေျခထူထပ္လာမႈတို႕ေၾကာင့္ ေျမေအာက္ ရထားစနစ္ကို တရုတ္ႏုိင္ငံတြင္ တိုးခ်ဲ႕လာရျပီး ရထားလမ္းအေရအတြက္မ်ားကိုပါ ထပ္မံတိုးခ်ဲ႕ေနရသည္။ ေျမျပင္မွ အဆိုပါ ေျမေအာက္ဘူတာသို႕ ဆင္းသက္ရန္ ၃မိနစ္အၾကာ ဓာတ္ေလွကားစီးရမည္ ျဖစ္ျပီး လမ္းေလွ်ာက္ဆင္းပါက ေလွကားေပါင္း ၃၅၄ ထစ္ကို တက္ဆင္း ျပဳလုပ္ရမည္ ျဖစ္သည္။
Unicode : ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်မယ့် တရုတ်နိုင်ငံရဲ့ အနက်ဆုံး မြေအောက်ဘူတာ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင်းမြို့မှာ ၉၄ မီတာအနက်ကျော်တဲ့ မြေအောက်ဘူတာတစ်ခုကို တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၇ နှစ် နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ အဆိုပါ မြေအောက်ဘူတာဟာ တရုတ်နိုင်ငံရဲ့ အနက်ဆုံး မြေအောက်ဘူတာ ဖြစ်လာမှာ ဖြစ်ပြီး မြေအနက်ဟာ ၃၁ ထပ် တိုက်အမြင့်လောက် ရှိပါလိမ့်မယ်။
ချုံချင်းမြို့သည် တောင်တန်းဒေသမြို့တစ်မြို့ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်သိမ်းသိမ်းရန်သော်လည်းကောင်း၊ လေကြောင်း အကာအကွယ်အနေအထား မပျက်စီးစေရန်သော်လည်းကောင်း၊ လမ်းနံဘေးအဆောက်အဦးများကို မပျက်စီးစေဘဲ မြေအောက်တွင် ရထားဘူတာ ဆောက်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
မော်တော်ယာဉ်များပြားလာမှု၊ လူနေအိမ်ခြေထူထပ်လာမှုတို့ကြောင့် မြေအောက် ရထားစနစ်ကို တရုတ်နိုင်ငံတွင် တိုးချဲ့လာရပြီး ရထားလမ်းအရေအတွက်များကိုပါ ထပ်မံတိုးချဲ့နေရသည်။ မြေပြင်မှ အဆိုပါ မြေအောက်ဘူတာသို့ ဆင်းသက်ရန် ၃မိနစ်အကြာ ဓာတ်လှေကားစီးရမည် ဖြစ်ပြီး လမ်းလျှောက်ဆင်းပါက လှေကားပေါင်း ၃၅၄ ထစ်ကို တက်ဆင်း ပြုလုပ်ရမည် ဖြစ်သည်။