Home Knowledge မိန်းကလေးများ ဈေးဝယ်တော့မယ်ဆိုရင်
0
၃။ အစီအစဉ်ဆွဲထားပါ
Unicode : မိန်းကလေးများ ဈေးဝယ်တော့မယ်ဆိုရင်
girl-shopping
ဒါက မိန်းကလေးတွေ အထူးသတိထားရမယ့် အချက်ပါပဲ။ မလိုအပ်ပဲအပိုကုန်တာမျိုးတွေ ဝယ်မိနေပါသလာ။ အောက်ပါနည်းလမ်းလေးတွေနဲ့ သင့်ကိုယ်သင့် ပြန်လည်းထိန်းချုပ်ကြည့်ပါ။
၁။ သတ်မှတ်ချက်တစ်ခုထားခြင်း
ဈေးဝယ်ထွက်ရာတွင် သင့်ကိုသင့်စည်းကမ်းဖြင့် ထိန်းချုပ်ထားရန်လိုအပ်သည်။ လိုအပ်သည်များကို ဝယ်ယူရာတွင် တကယ်လိုအပ်ရဲ့လား ပြန်လည်စဉ်းစားပါ။ အပိုမကုန်အောင် တတ်နိုင်သမျှချွေတာပါ။
၂။ သင့်တွင်ရှိသော ကဒ်များကို ထားခဲ့ပါ
သင့်အနေဖြင့် ငွေကို အလျှင်လိုပါက ထုတ်ယူနိုင်ရန် ဘဏ်ကဒ်များအိတ်ထဲတွင် ရှိလိမ့်မည်။ သို့သော်လုံလောက်သောငွေရှိပါက အိမ်တွင်ထားခဲ့ပါ။ တစ်စုံတစ်ခုကို ငွေထုတ်ပြီး ဝယ်လိုက်ရင် ရတာပဲဆိုတဲ့ အတွေးမျိုးမတွေးမိပါစေနဲ့။
၃။ အစီအစဉ်ဆွဲထားပါ
သင့်ငွေကို ဘယ်လိုသုံးမလဲဆိုတာ အစီအစဉ်ဆွဲထားပါ။ ထိုတွင် မပါဝင်သော ဝယ်ယူမှုများမပြုလုပ်ပါနှင့်။ သတ်မှတ်ထားသည်အသုံးများထက် ပိုမသုံးမိစေရန် သတိပြုရမည်။
၄။ပစ္စည်းတစ်ခုဝယ်မည်ဆိုပါက (၁၀)မိနစ်အချိန်ပေးပါ
ဒါဟာ တကယ်လိုအပ်တဲ့ပစ္စည်းအတွက်မဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ ဘဘောကျနေတဲ့ ပစ္စည်းကို ငွေရှင်းကောင်တာတွင် တင်ပြီး တခြားနေရာကို (၁၀)မိနစ်လောက်ထွက်သွားကြည့်လိုက်ပါ။ ထိုပစ္စည်းကို ဝယ်သင့်မဝယ်သင့် စဉ်းစားရန်အချိန်ပိုရလာမည်ဖြစ်သည်။
၅။ပစ္စည်းကို ကြည့်ရုံသာကြည့်ပါ
အွန်လိုင်းမှဈေးဝယ်ရတာ ကြိုက်နှစ်သက်သူဖြစ်ပါက ဈေးဝယ် site များနှင့် app များကို ဖုန်းထဲမှ ဖျက်ထားပါ။
၆။ သင်တွင်ရှိပြီးသားကို ထပ်မဝယ်ပါနှင့်
ကော်ဖီခွက်ရှိပြီးသားကို တခြားခွက်ဒီဇိုင်းလှရုံဖြင့် မဝယ်လိုက်ပါနှင့်။ ငွေကိုဖြုန်းတီးရာသာ ကျပါလိမ့်မည်။
အချုုပ်အားဖြင့် ဆိုရသော် ဈေးဝယ်ရာတွင် ငွေသုံးစွဲမှုသည် သင်အပေါ်တွင်သာ မူတည်ပါသည်။ သတ်မှတ်ချက်မရှိပါက ငွေကို အလဟဿ သာဖြုန်းတီးနေပါလိမ့်မည်။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: