Home Knowledge လမ်းသွားရင် ဖုန်းအသုံးပြုမှုကြောင့် ဆေးရုံရောက်ရှိသူ နှစ်စဉ် ထောင်ဂဏန်းအရေအတွက်ရှိ


0








Zawgyi Font : လမ်းသွားရင် ဖုန်းအသုံးပြုမှုကြောင့် ဆေးရုံရောက်ရှိသူ နှစ်စဉ် ထောင်ဂဏန်းအရေအတွက်ရှိ

phonewalk

လူများတဲ့ လမ်းပေါ် လမ်းလျှောက်ပြီး လူတွေက ဖုန်းကို သူတို့မျက်နှာနားက မခွာပဲ ဖုန်းကို ပဲအာရုံစိုက်နေတာကြောင့် တဖြေးဖြေး လမ်းထောင့် နားကို ရောက်သွားတာကို သင်သတိ ထားမိမှာပါ။ PLOS ရဲ့ လေ့လာချက်တစ်ရပ်မှာ အန်ဂျလီယာ တက္ကသိုလ်က သုတေသန ပညာရှင် တွေ တွေ့ရှိထားတာက လူတွေဟာ ဖုန်းပြောရင်း လမ်းလျှောက်ရာမှာ နှေးတုံ့ နှေးတုံ့ ဖြစ်လာပြီး အရာ ဝတ္ထုတစ်ခုခု ကိုရှောင်ရှားဖို့ အတွက် အချိန်တော်တော်ကြာယူရပါတယ်။ သူတို့ဟာ တုန့်ပြန် မှု ဟာ ပိုလေးနက်လာလေ လမ်းလျှောက်ရာ မှာနှေးလာ နေပါပဲ။

ဒီသီအိုရီ မှန်မမှန် စမ်းသပ်ဖို့ သုတေသီ တွေက အရာဝတ္ထု နှစ်ခု ရှိနေတဲ့ လမ်းကြောင်းတစ်ခုကို တည်ဆောက်လိုက်ပါတယ်။ ကျော်သွားလို့ ရတဲ့ ရေမြုပ် ပုံစံ ဘုတ်ပြားတစ်ခု နဲ့ ခြေထောက်တင် ရုံ အနေအထားလေး နဲ့ ကျော်ခွ သွားရမယ့် ပုံးတစ်ပုံးကို ထားထားပါတယ်။ စမ်းသပ်ခံ တဲ့ သူတွေက မျက်လုံးတွေ ကို ခြေရာခံ တဲ့ ကိရိယာ နဲ့ ရွေ့ လျားတဲ့ ဆင်ဆာ ကို တပ်ဆင်ထားပြီး လမ်းလျှောက်ပါတယ်။ ဖန်တီးထား တဲ့ လမ်းကြောင်းပေါ်မှာ သူတို့ရဲ့ ဖုန်း မပါ ပဲနဲ့ လမ်းလျှောက်ရင်း စကားပြောခိုင်းတဲ့တစ်ဖွဲ့၊ စာပို့တာက တစ်ဖွဲ့ နဲ့ စာပြန်တာကို တစ်ဖွဲ့ လုပ်ခိုင်းရင်း ကြိမ်ပေါင်းများစွာ လမ်းလျှောက်ခိုင်းပါတယ်။ လမ်းလျှောက် ရင်း စာရိုက်တဲ့ အဖွဲ့ က ဖုန်း မပါပဲ လမ်းလျှောက်တဲ့ သူတွေထက် ခြေလှမ်းတွေက ပိုနှေးသွားပါတယ်။ စမ်းသပ်မှုမှာ စာရိုက်ပြီး လမ်းလျှောက်တဲ့သူ က ဖုန်းမပါတဲ့သူ ထက် လမ်းလျှောက်နှုန်းနှေးသွားတာ ၆၈% ရှိပါတယ်။ နောက်ထပ်တွေ့ ရှိချက်တစ်ခုက လမ်းလျှောက်ရင်း ဖုန်းထဲ မှာ စာရေးနေသူတွေက ဝတ္ထုပစ္စည်းတွေကို ရှောင်ရှား သွားတာနဲ့ ခြေထောက်ကို မ တဲ့ နေရာမှာ ပုံမှန် လမ်းလျှောက်တဲ့ သူတွေထက် ၃၈% နှေးပါတယ်။

မြေမျက်နှာပြင်မညီညာ မှုကို နားလည်ထားခြင်းက ခြေလှမ်း လှမ်းတာကို သတိရှိနေစေပြီးတော့ စမ်းသပ်ခံတဲ့လူတွေ ဆီကနေ ခလုတ်တိုက်မိ မယ့် အနေအထားကနေ သတိထားလာစေဖို့ အတွက် နည်းဗျူဟာဖြစ်လာပါတယ်။

အပျော်သဘော နဲ့ တော်ရိရော်ရိလမ်းလျှောက်တာက သင့်ခြေလှမ်းတွေကို မြဲနေစေပြီး ဘေးဘီ တွေကို လျှောက်ပတ်ကြည့်ရှု ဖို့ အချိန်ရပါတယ်။ ဒါပေမယ့် ဒီအထောက်အထားက လက်ဆုပ်လက်ကိုင် ပြနိုင် လောက်အောင် မှန်နေတာ တော့ မဟုတ်ပါဘူး။ စမ်းသပ် ချက် မှာ ပါဝင်တဲ့ သူတစ်ဦး တစ်ယောက်မှ ပြုတ်ကျသွားတာ မရှိ တဲ့ အတွက် ဖုန်းသုံးရင်း လမ်းလျှောက် သွားလာသူတွေ နဲ့ ပတ်သက် တဲ့ ထိခိုက်မှု တွေက ဆက်စပ်မှု မရှိ နိုင်တာကို ဒီစမ်းသပ်ချက် ကနေ တိုက်ရိုက် သက်သေမပြနိုင်လို့ ဖြစ်ပါတယ်။

သုတေသီတွေက ဒီလိုလမ်းသွား လမ်းလာ အယူအဆကို မှန်သည်လို့ ကောက်ချက်ချပြီး အဲ့လို လမ်းသွားရင်း မတော်တဆ ဖြစ်တာကို ကောက်ချက်ချနိုင်တာကတော့ “ဒီလိုစမ်းသပ်မှု တွေက ပိုကြီးမားတဲ့ အာရုံစိုက်စရာ တောင်းဆိုချက်တွေ ကိုလိုအပ်ပြီး လမ်းလျှောက်ရာမှာ မှတ်သားမှု စွမ်းရည် အတွက် အထောက်အကူ ဖြစ်စေပါတယ်။ လမ်းဖြတ်ကူးတဲ့ အချိန်မှာ လာရောက်လာနိုင်တဲ့ အန္တာရာယ် ကို ရှောင်ကွင်းဖို့ လိုအပ်တဲ့ အခါလိုမျိုး မှာ ပုံမှန်လျှောက်နေ ကျနှုန်း နဲ့ အတိုးအလျော့ လုပ်တတ်လာပါတယ်။” အတိုချုံး အနေနဲ့ ပြောရရင် သင် လမ်းဖြတ်ကူး နေတဲ့ အချိန်မှာ ဖုန်းကို အိတ်ထဲ ဒါမှမဟုတ် ဘောင်းဘီ အိတ်ထဲထည့်ထားပါ။

လမ်းသွား လမ်းလာတွေရဲ့ မတော်တဆ ထိခိုက်မှု တွေကို စဉ်းစားတဲ့အခါ အဓိပ္ပါယ်ရှိပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ တုန်းက အမေရိကား မှာ ရှိတဲ့ ၁၅၀၀ ကျော် တဲ့ လမ်း အသုံးပြု သူတွေက ခလုတ်တိုက် မှုကြောင့် ဒဏ်ရာရပြီး ဆေးရုံရောက်ကုန်ကြပါတယ်။” ဒီလို အခြေအနေ ဟာ သူတို့က လမ်းလျှောက်ရင်း နဲ့ ဖုန်းအသုံး တဲ့ သူတွေ ပေါ့။

အကယ်လို့ သင်သာ ချက်တင်လုပ်ရတာကို အသည်းအသန်ဖြစ်နေတယ်ဆိုရင် ဘေးမှာ တစ်ချက်ရပ်လိုက်ပါ။ ပြောချင်တာပြောလိုက်ပါ။ နောက်မှ လမ်းဆက်လျှောက်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: