Home Tech Mobile News iPhone 9 အတြက္ ျပင္ဆင္မႈမ်ား စတင္ေနၿပီျဖစ္တဲ့ Apple

iPhone 9 အတြက္ ျပင္ဆင္မႈမ်ား စတင္ေနၿပီျဖစ္တဲ့ Apple

0

iPhone 8 အတြက္ သတင္းေတြ အမ်ိဳးမ်ိဳးထြက္ေနတဲ့ၾကားထဲကမွ အခုအခ်ိန္မွာေတာ့ iPhone 9 အတြက္ ျပင္ဆင္ မႈေတြျပင္ စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ကိုရီးယား စီးပြားေရးေန႔စဥ္ သတင္းစာက ထုတ္ေဖာ္ လိုက္ပါၿပီ။

Apple ရ႕ဲ ၂၀၁၈ ခုႏွစ္ေမာ္ဒယ္ iPhone 9 အတြက္ LG ကေန ဘက္ထရီပိုင္းကို အဓိက တာ၀န္ယူထုတ္လုပ္ ေပးမွာျဖစ္ပါတယ္။ ဒါေပမယ္႔ Apple အေနျဖင့္ သူ႕ရ႕ဲ ထုတ္ကုန္ေတြ အတြက္ ပစၥည္းေထာက္ပံ႔မႈေတြကို အခုလို တစ္ခုတည္းကိုသာ မဟုတ္ဘဲ အျခားေသာ ၿပိဳင္ဘက္ေတြကိုလည္း အသံုးျပဳတက္ပါတယ္။

ယခုလိုမ်ိဳး အျခားေသာ ၿပိဳင္ဘက္ ကုမၸဏီေတြကို ပစၥည္းတစ္ခုတည္းကို အၿပိဳင္ေထာက္ ပံ႔ မႈေတြကို ျပဳလုပ္ေစျခင္းျဖင့္ ဖုန္းေတြရဲ႕ ေစ်းႏႈန္းေတြကို ႀကိဳတင္ခန္႔မွန္းလို႔ မရေအာင္ ကာကြယ္ႏုိင္တယ္လို႔ ဆုိပါတယ္။

သတင္းေပးပို႔ခ်က္မ်ားအရ iPhone 9 ရဲ႕ ဘက္ထရီဟာLG က ဒီဇိုင္းထုတ္မွာျဖစ္ၿပီး L-shape ပံုစံမ်ိဳး ျဖစ္မယ္ လို႔ဆုိပါတယ္။ အဆိုပါ ပံုစံအရ ဖုန္းရဲ႕ အတြင္းပိုင္းေနရာခ်မႈအပိုင္းက အေတာ္ေလး စိတ္၀င္စားစရာ ျဖစ္လာ ေစပါတယ္။

ဒါေၾကာင့္ Apple ရဲ႕ iPhone 8 ကေရာ အဆုိပါ L-Shape ပံုစံမ်ိဳး ေျပာင္းလဲအသံုးျပဳႏုိင္ မလားဆိုတဲ့ အျမင္မ်ိဳး ျမင္ၾကည့္ႏုိင္ပါလိမ္႔မယ္။ ဘာလို႔ဆိုေတာ့ illustration ပံုစံမွာ ေဖာ္ျပထားတဲ့ ပံုေတြအရ ဘက္ထရီဟာ သာမန္ထက္ ပိုမိုႀကီးမားလာမယ္႔ သေဘာမ်ိဳး ျဖစ္ေနတဲ့ အတြက္ ျဖစ္ပါတယ္။

ဒါေၾကာင့္ လာမည့္ iPhone 8 ဟာ ၿပီးခဲ့သည့္ႏွစ္က ထုတ္ခဲ့တဲ့ iPhone 7 Plus တုိ႔ထက္ ပိုၿပီး ဘက္ထရီႀကီးမား မယ္႔ သေဘာမ်ိဳး ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ iPhone 7 Plus ဟာ LTE ႏွင့္အသံုးျပဳခ်ိန္မွာ ၁၃ နာရီအထိ အသံုးျပဳႏုိင္ၿပီး Wifi ျဖင့္ အသံုးျပဳပါက ၁၅ နာရီေက်ာ္အထိ အသံုးျပဳႏုိင္ပါတယ္။

မိုးဆက္(STM)

UNICODE FONT:

iPhone 9 အတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်တဲ့ Apple

iPhone 8 အတွက် သတင်းတွေ အမျိုးမျိုးထွက်နေတဲ့ကြားထဲကမှ အခုအချိန်မှာတော့ iPhone 9 အတွက် ပြင်ဆင် မှုတွေပြင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကိုရီးယား စီးပွားရေးနေ့စဉ် သတင်းစာက ထုတ်ဖော် လိုက်ပါပြီ။

Apple ရ့ဲ ၂၀၁၈ ခုနှစ်မော်ဒယ် iPhone 9 အတွက် LG ကနေ ဘက်ထရီပိုင်းကို အဓိက တာ၀န်ယူထုတ်လုပ် ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေဖြင့် သူ့ရ့ဲ ထုတ်ကုန်တွေ အတွက် ပစ္စည်းထောက်ပံ့မှုတွေကို အခုလို တစ်ခုတည်းကိုသာ မဟုတ်ဘဲ အခြားသော ပြိုင်ဘက်တွေကိုလည်း အသုံးပြုတက်ပါတယ်။

ယခုလိုမျိုး အခြားသော ပြိုင်ဘက် ကုမ္ပဏီတွေကို ပစ္စည်းတစ်ခုတည်းကို အပြိုင်ထောက် ပံ့ မှုတွေကို ပြုလုပ်စေခြင်းဖြင့် ဖုန်းတွေရဲ့ ဈေးနှုန်းတွေကို ကြိုတင်ခန့်မှန်းလို့ မရအောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

သတင်းပေးပို့ချက်များအရ iPhone 9 ရဲ့ ဘက်ထရီဟာLG က ဒီဇိုင်းထုတ်မှာဖြစ်ပြီး L-shape ပုံစံမျိုး ဖြစ်မယ် လို့ဆိုပါတယ်။ အဆိုပါ ပုံစံအရ ဖုန်းရဲ့ အတွင်းပိုင်းနေရာချမှုအပိုင်းက အတော်လေး စိတ်၀င်စားစရာ ဖြစ်လာ စေပါတယ်။

ဒါကြောင့် Apple ရဲ့ iPhone 8 ကရော အဆိုပါ L-Shape ပုံစံမျိုး ပြောင်းလဲအသုံးပြုနိုင် မလားဆိုတဲ့ အမြင်မျိုး မြင်ကြည့်နိုင်ပါလိမ့်မယ်။ ဘာလို့ဆိုတော့ illustration ပုံစံမှာ ဖော်ပြထားတဲ့ ပုံတွေအရ ဘက်ထရီဟာ သာမန်ထက် ပိုမိုကြီးမားလာမယ့် သဘောမျိုး ဖြစ်နေတဲ့ အတွက် ဖြစ်ပါတယ်။

ဒါကြောင့် လာမည့် iPhone 8 ဟာ ပြီးခဲ့သည့်နှစ်က ထုတ်ခဲ့တဲ့ iPhone 7 Plus တို့ထက် ပိုပြီး ဘက်ထရီကြီးမား မယ့် သဘောမျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ iPhone 7 Plus ဟာ LTE နှင့်အသုံးပြုချိန်မှာ ၁၃ နာရီအထိ အသုံးပြုနိုင်ပြီး Wifi ဖြင့် အသုံးပြုပါက ၁၅ နာရီကျော်အထိ အသုံးပြုနိုင်ပါတယ်။

မိုးဆက်(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: