Home News ဟာဝိုင်အီကျွန်းသည် မြောက်ကိုးရီးယား၏ နျူကလိယား တိုက်ခိုက်မှုကို အချိန်မရွေးခံရနိုင်ဖွယ်ရှိ


0




Unicode :ဟာဝိုင်အီကျွန်းသည် မြောက်ကိုးရီးယား၏ နျူကလိယားတိုက်ခိုက်မှုကို အချိန်မရွေးခံရနိုင်ဖွယ်ရှိ

hawaii

မြောက်ကိုးရီယားဟာ ဧပြီလထဲက စပြီး ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်နေတာ အကြိမ်တိုင်းမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယား၏ ဒုံးကျည်စနစ်မှာ တိုးတက်မှုပိုမိုမြန်ဆန်လာကြောင်း အမေရိကန်ကလည်း မှတ်ချက်ပြုခဲ့ပါတယ်။ လက်ရှိမှာ မြောက်ကိုးရီးယားတို့၏ နျူကလိယားလက်နက်ကို ကာကွယ်ရန်အတွက် ဟာဝိုင်အီကျွန်းမှာ လုံခြုံရေးစနစ်တွေ၊ လက်နက်တွေ တပ်ဆင်နေပြီ ဖြစ်တယ်လို့ အမေရိကန်မှ ထုတ်ပြန်လိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဟာဝိုင်အီနဲ့ မြောက်ကိုးရီးယားဟာ မိုင်ပေါင်း ၄၆၆၁ မိုင်ကွာဝေးပြီး မြောက်ကိုးရီးယားမှ အမေရိကန်သို့ နျူကလိယားဒုံးကျည်ဖြင့် စတင်တိုက်ခိုက်ပါက အနီးဆုံးနှင့် အရင်ဆုံးထိခိုက်နိုင်သည့် နေရာမှာ ဟာဝိုင်အီ ကျွန်းဖြစ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဟာဝိုင်အီမှာ နျူကလိယားကာကွယ်ရေးစနစ်နဲ့ ဒုံးခွင်းစနစ်တွေ တပ်ဆင်ထားပြီးပြီ ဖြစ်ကာ လက်နက်တွေရဲ့ အသေးစိတ် တုန့်ပြန်ပုံကိုတော့ အမေရိကန်က မထုတ်ပြန်ထားပါဘူး။ ဒါပေမယ့် ဟာဝိုင်အီဟာ နျူကလိယားတိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတာကိုတော့ ထုတ်ပြန်ကြေငြာထားပါတယ်။ မြောက်ကိုးရီးယားက အမေရိကန်ကို တိုက်ခိုက်ဖို့ ဖြစ်နိုင်ချေ အရမ်းနည်းပေမယ့် ဒီအတွက်ကိုတော့ မဖြစ်မနေ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်လို့ အမေရိကန်က ထုတ်ပြန်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: