Home Tech Mobile News OnePlus5 စမတ်ဖုန်းတွင် 911 နံပတ်ကိုခေါ်ပါက ဖုန်း reboot ဖြစ်ပွား


0




Unicode : OnePlus5 စမတ်ဖုန်းတွင် 911 နံပတ်ကိုခေါ်ပါက ဖုန်း reboot ဖြစ်ပွား

OnePlus 5 စမတ်ဖုန်းထွက်ရှိတာ တစ်လကျော်ပြီဖြစ်ပေမယ့် လက်ရှိမှာလည်း OnePlus5 နဲ့ပတ်သတ်တဲ့ review တွေ ဝေေ၀ဆာဆာဖြစ်နေတာကိုလည်း တွေ့ရှိရမှာပါ။ OnePlus 5 ရဲ့ feature အသစ်တွေ၊ hardware တွေကြောင့် နာမည်ကြီးနေပေမယ့်လည်း ယခုလက်ရှိဖြစ်ပွားနေတဲ့ ပြဿနာကတော့ ဆင်ပြောင်ကြီးအမြီးကျမှ တစ်နေသလိုပါဘဲ။

အဲ့ဒါကဘာလဲဆိုတော့ OnePlus5 စမတ်ဖုန်းမှာ 911 နံပတ်ကို ခေါ်ဆိုလိုက်တဲ့အခါ စမတ်ဖုန်းဟာ reboot ဖြစ်သွားပါတယ်။ Reddit အဖွဲ့ဝင် တစ်ယောက်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ error ကိုလည်း ဗီဒီယိုဖိုင်အဖြစ် အင်တာနက်ပေါ်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ OnePlus5 အသုံးပြုတိုင်းမှာ ဖြစ်နေတာမဟုတ်ပေမယ့် အင်္ဂလန်မှာရှိတဲ့ အသုံးပြုသူအတော်များများမှာ ဖြစ်ပွားနေတာဘဲ ဖြစ်ပါတယ်။

လေ့လာသူများရဲ့ ပြောကြားချက်အရ အဆိုပါ error ဟာ OnePlus 5 ရဲ့ GPS စနစ်နဲ့ 911 နံပတ်ကြားမှာ conflict ဖြစ်နေတာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ error ကို ဖြေရှင်းဖို့ OnePlus ရဲ့ နောင်ထွက်မယ့် update ကို စောင့်ရမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: