Home How To မြွေလိုအဆိပ်ပြင်းပြီး လိမ်လည်လှည့်ဖျားတတ်တဲ့သူကို သိအောင် ဘယ်လိုလုပ်မလဲ

မြွေလိုအဆိပ်ပြင်းပြီး လိမ်လည်လှည့်ဖျားတတ်တဲ့သူကို သိအောင် ဘယ်လိုလုပ်မလဲ

0
မြွေလိုအဆိပ်ပြင်းပြီး လိမ်လည်လှည့်ဖျားတတ်တဲ့သူကို သိအောင် ဘယ်လိုလုပ်မလဲ

လူတွေကို ညစ်ရုံသာညစ်တဲ့သူနဲ့ သူများမျက်ခုံးမွှေး အပေါ်စင်္ကြလျှောက်တဲ့ သူတွေအကြောင်းကို ခွဲခြားပြောရတာ ခက်ပါတယ်။ ဒီလိုကိစ္စတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ နဲ့ သင်ယုံကြည်ရတဲ့ သူတွေကို လက်မလွှတ်ရဖို့ အတွက် အောက်ပါနည်းလမ်းကို အသုံးပြုကြည့်ပါ။

အကြံပြုချက်တွေ ပေးလေ့ရှိတဲ့ ဆိုက်တစ်ခုဖြစ်တဲ့ “Barking up the wrong tree” က လူတစ်ချို့ က သင့်ဘဝထဲမှာ ပါဝင်နေဖို့ အရမ်းကိုအန္တရာယ်များတယ်ဆိုတာကို ရှင်းပြထားပါတယ်။ သို့သော်လည်းဘဲ သင့်အပေါ် မကောင်းခဲ့တဲ့ သူတွေကို လက်ချိုးရေတွက်နေရင်တော့ ပထမဦးဆုံး  အနေနဲ့ သင်ဆုံးရှုံးမှာက သင့်သူငယ်ချင်းတွေပါ။ အဲ့ဒီ အစား နည်းလမ်းသုံးခု ကိုအသုံးပြု ခြင်းဖြင့် ထိုလူတွေရဲ့ ဘယ်အကျင့် တွေက မကောင်းဘူးဆိုတာကို ဖော်ထုတ်လိုက်ပါ။ သင့် အပေါ် ပထမ တစ်ခေါက်မှာ လိမ်ခဲ့တယ် ဒါမှမဟုတ် သင်စိတ်မသက်မသာ ဖြစ်အောင်လုပ်ဖူးတယ်ဆိုရင် ဒီဟာက မတော်တဆ ဖြစ်တယ်လို့ မှတ်ယူရမှာပါ။ အဲ့လိုမဟုတ်ပဲ ခဏခဏ ကျူးလွန်နေရင်တော့ သင့်အပေါ် မကောင်းတော့ဘူး၊ အန္တရာယ် ရှိတယ်ဆိုတာကို ဖော်ပြနေပါပြီ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်က စိတ်ပညာရှင် မာသာစတောက် က ရှင်းပြထားပါတယ်။

“တစ်ခေါက် လိမ်တယ်။ ကတိတစ်ခါ ချိုးဖောက်တယ်။ တာဝန်တစ်ခုကို လျစ်လျူရှု လိုက်တာက ပထမ တစ်ခေါက် ဆိုရင်တော့ နားလည်မှု လွဲတာ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒုတိယတစ်ခေါက်မှာ ဆိုးဆိုး ရွားရွား အမှားလုပ်မယ်။ တတိယ တစ်ခေါက် ဆိုရင်တော့ သေချာပါတယ်။ သင် လူလိမ်တစ်ယောက် နဲ့ ဆက်ဆံနေရပြီး လှည့်ဖျားမှုဆိုတာ မသမာမှုရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုလို့ သင်သတ်မှတ်သွားပါလိမ့်မယ် ။”

ဒီလိုအနေအထားတွေ အတွက် သင်သတိပြုနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိပါတယ်။ သူရဲ့မိသားစု ဝင်သေဆုံး လို့ သင့်ကို တာဝန်တစ်ချို့ လွှဲပြောင်းတယ်ဆိုရင်တော့ နားလည်ပေးလောက်ပါတယ်။ တစ်ကယ်လို့ မိသားစု ဝင်သေဆုံးမှု ကိုအကြောင်းပြပြီး သင့်အပေါ်ခဏခဏ အခွင့်အရေးယူ နေရင်တော့ ဒါဟာ လိမ်လည်မှု တစ်ခုပါပဲ။ ထိုသူတို့ရဲ့ အပြောချိုချို တွေကို ဂရုစိုက်တာထက် သူတို့ရဲ့ လုပ်ရပ်ကိုသာ စောင့်ကြည့်လိုက်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: