Home Entertainment သင့်လက်ထဲမှာ ငွေမြဲရဲ့လား
0
Unicode : သင့်လက်ထဲမှာ ငွေမြဲရဲ့လား
hand-shape
ငွေ..ငွေ၊ဒီငွေ။ မိသားစု ညီအစ်ကို မောင်နှမတွေ စိတ်ဝမ်းကွဲစေတာ ဒီငွေ။ ချစ်သူခင်သူချင်း အခင်းကြီးငယ်ဖြစ်ပွားတတ်တာ ဒီငွေ။ လက်ထဲရှိတော့ ထောင်လွှား မောက်မာတတ်ကြတာလည်းဒီငွေ။
ရေလိုသုံးပြန်တော့ တပြည်လုံးမှာ လုပ်သမျှတင့်တယ်သလို ဆိုကြတာလည်းဒီငွေ။ သူမရှိရင် မျက်နှာသာမက အရာရာနီးပါးလောက်ကို ငယ်တတ်တဲ့ငွေ။
မနက်မိုးလင်းမှ နေတစ်ဝင် သင်လုပ်နေတာတွေ အများစုကလည်း ငွေအတွက်ပဲမလား။ သင်ဘယ်လောက်ပဲကြိုးစားရှာနေပေမယ့် လုံလောက်တယ်လို့ကိုမရှိတာလဲငွေ။ အမြဲထာဝရလိုနေတတ်တာလည်းငွေ။ ကဲ..ကဲ ဒီလောက်တောင်ဖြစ်လှတဲ့ငွေ။သင့်လက်ထဲရောက်လာပြီဆိုရင် အပေါက်ရှာပြီးထွက်နေတတ်သလား။ သင်ယုံမလားတော့မသိပါဘူး။
ငွေဆိုတာ ခြေတို့လက်တို့ရဲ့ တည်ဆောက်မှုပုံစံနဲ့ဆိုင်တယ်လို့ လက္ခဏာ ပညာရှင်တွေကတော့ဆိုကြလေရဲ့။ ဟုတ်မဟုတ် သင့်ပတ်ဝန်းကျင်က လူချမ်းသာတွေရဲ့ ခြေလက်ပုံစံနဲ့ ဆင်းရဲသားတွေရဲ့ ပုံစံကိုနှိုင်းယှဉ်သုံးသပ်ကြည့်တတ်ရင်အဖြေပေါ်မှာပါ။
ကဲ၊သင့်လက်ထဲငွေမြဲရဲ့လား။အောက်ကပုံလေးနဲ့ယှဉ်တိုက်ကြည့်ပြီး အဖြေထုတ်လိုက်ပါဗျာ။ သင့်လက်ကလေးမှာ အနီဝိုင်းထာတဲ့နေရာတွေမှာ ကျဉ်းနိုင်သမျှကျဉ်းပြီး ပိတ်နေပြီဆိုရင်တော့ သင့်လက်ထဲငွေမြဲနေပါပြီ။ ငွေတွေရေလိုပေါပါစေ။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: