Home News အန္တရာယ်ရှိတဲ့ မြွေတစ်ကောင်က အခြား ကြောက်စရာကောင်တဲ့ မြွေတစ်ကောင် ကို ၀ါးမြိုနေတဲ့ ရုပ်သံ ရေပန်းစား


0










Unicode :အန္တရာယ်ရှိတဲ့ မြွေတစ်ကောင်က အခြား ကြောက်စရာကောင်တဲ့ မြွေတစ်ကောင် ကို ဝါးမြိုနေတဲ့ ရုပ်သံ ရေပန်းစား

snake

အကယ်လို့ အဆိပ်ပြင်းတဲ့ မြွေထက် ပိုပြီးကြောက်စရာကောင်း တဲ့ဖြစ်ရပ် ရှိခဲ့ရင် အဲ့ဒါက မြွေတစ်ကောင်က အခြားမြွေတစ်ကောင်ကို ဝါးမြိုနေတာပဲ ဖြစ်ပါလိမ်မယ့် ။ အရမ်းကို ဆိုးဝါး ပါတယ်။

ဒီဖြစ်ရပ်ဟာ သြစတေးလျ မှာ တစ်ကယ်ပဲဖြစ်ပွားခဲ့တာပါ။

မြွေဖမ်းသမားနှစ်ယောက်ဖြစ်တဲ့ နော်မန် နဲ့ စယ်လီ ဟေးလ် တို့ ဟာ အညိုရောင်မြွေတစ်ကောင်က အခြား စပါးအုံး မြွေတစ်ကောင်ကို ဝါးမြိုနေတဲ့ မြင်ကွင်းကို တနင်္လာနေ့ က မြွေဖမ်းဖို့ခေါ်တဲ့ အိမ် ကွင်းလန် ရဲ့ အစ်စဝစ် မှာတွေ့ ခဲ့တာပါ။

“ဒီလိုဝါးမြိုနေတာကို အရင်တုန်းက တစ်ခါမှ မတွေ့ ခဲ့ဖူးပါဘူး။ မြွေဖမ်းသမားတွေ ဒီလို ဖြစ်ရပ်ကို မျက်ဝါးထင်ထင်တွေ့ မြင်ရဖို့ အခွင့်အရေးဆိုတာ အင်မတန် မှခဲယဉ်းပါတယ်။” လို့ နော်မန် ဟေလ်း က APP ကို ပြောပါတယ်။

အဲ့ဒီမြွေကို မဖမ်းခင် အချိန် နဲ့ အိမ်က နေမဖယ်ရှားခင် အချိန်မှာ ဖြစ်ပါတယ်။ မြွေဖမ်းတဲ့ သူတွေက အဆိုပါမြွေ က သူ့ရဲ့ အစာကို စားသောက်ပြီးတဲ့ အချိန်အထိ စိတ်ရှည်ရှည် နဲ့ စောင့်ဆိုင်းခဲ့ကြပါတယ်။

သူစား နေတဲ့ အချိန်မှာ အနှောင့်အယှက် သွားပေးလိုက်ရင်တော့ သင်တွေ့ ရမှာ က သူ့ရဲ့ အစာကို ပြန်အန် ထုတ်သွားမှာဖြစ်ပါတယ်။ ပိုကြောက်ဖို့ ကောင်းသွားပါလိမ့်မယ်။

အညိုရောင်မြွေ တွေဆိုတာ များသောအားဖြင့် ဖားတွေ၊ တွားသွားသတ္တဝါတွေ၊ ငှက်တွေနဲ့ နို့တိုက် သတ္တဝါတွေကို စားနေကျဖြစ်ပါတယ်။ သြစတေးလျ ပြတိုက် အရ မြွေ တွေဟာ များသောအားဖြင့် လှောင် အိမ် ထဲမှာ ပဲနေရဖန်များလာတဲ့အခါ လူသားစာ တွေ ရဲ့ အကျင့်အတိုင်း ပြောင်းလဲသွားတတ်ကြ တယ်လို့ ဆိုပါတယ်။

သြစတေးလျ မှာ သေဆုံး အများဆုံး ဖြစ်ပေါ် မှုတွေဟာ မြွေတွေကြောင့်ဖြစ်ပြီး အများစုက အကိုက်ခံ ရတဲ့ သူတွေက မြွေတွေကို သတ်ဖို့ ကြိုးစား ရင်းက နေ သေဆုံးကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွမ်းကျင် ပညာရှင်တွေ ကို ပဲ မြွေဖမ်းခိုင်းတာကောင်းပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: