Home Tech Mobile News Samsung Galaxy S8+ ႏွင့္ One Plus 5 ႏိႈင္းယွဥ္ခ်က္မ်ား

Samsung Galaxy S8+ ႏွင့္ One Plus 5 ႏိႈင္းယွဥ္ခ်က္မ်ား

0

မိတ္ဆက္

ယေန႔မွာေတာ့ flagship killer ေတြျဖစ္တဲ့ One Plus 5 နဲ႔ Galaxy S8+ တို႔ကို ႏိႈင္းယွဥ္ ခ်က္ေတြကို ေျပာသြား မွာ ျဖစ္ပါတယ္။ ဖုန္းႏွစ္လံုးစလံုးဟာ တူညီတ့ဲ ပရိုဆက္ဆာေတြ ကို အသံုးျပဳထားတဲ့ အျပင္ အျခားအေျခခံအ ခ်က္ေတြက လည္း တူညီေနၾကပါတယ္။ ဒါေပမယ္႔ မတူညီတဲ့ အခ်က္တစ္ခုကေတာ့ Galaxy S8+ ကေတာ့ မ်က္ႏွာျပင္ ပိုႀကီးမား ပါတယ္။ ဒါေၾကာင့္ ဖုန္းႏွစ္လံုးစလံုးမွာ ပါ၀င္တဲ့ အားနည္းခ်က္ေတြ အားသာခ်က္ေတြကို တစ္ခုခ်င္းစီ ေလ့လာၾကည့္ ရေအာင္။

OnePlus 5

OnePlus 5 ဟာ ဒီႏွစ္ထဲမွာ ထြက္သမွ်ဖုန္းေတြထဲမွာ လူေျပာမ်ားလွတဲ့ စမက္ဖုန္းတစ္လံုး ပါပဲ။ ၿပီးေတာ့လည္း iPhone 7 Plus နဲ႔ေတာင္ အထင္မွားစရာေတြ ျဖစ္ေလာက္ေအာင္ ပါပဲ။ OnePlus 5 ဟာ တည္ေဆာက္မႈအပိုင္း မွာ အလယ္အလတ္ေလာက္သာ အဆင့္ရွိ တဲ့ ေစ်းႏႈန္းနဲ႔ ႏိႈင္းယွဥ္ရရင္ အရည္အေသြးအေတာ္ေလး ေကာင္းမြန္ လွ ပါတယ္။

edge hardware, 64bit ထည့္သြင္းထားတဲ့ Qualcomm Snapdragon 835 SoC ခ်ပ္စ္၊ ျမန္ႏႈန္း 2.45GHz ႏွင့္အတူ Adreno 450 GPU တို႔ကို ထည့္သြင္းတည္ေဆာက္ ထားပါ တယ္။ ဖုန္းရဲ႕ RAM နဲ႔ Storage ေတြကေတာ့ ဗားရွင္းႏွစ္မ်ိဳး ခြဲျခားထားပါတယ္။ RAM 6GB ရယ္ ၊ 64GB Storage တစ္မ်ိဳးရယ္၊ RAM 8GB ရယ္ 128GB Storage ရယ္ဆိုၿပီး ႏွစ္မ်ိဳး ေရြးခ်ယ္ႏုိင္ပါတယ္။

ဓာတ္ပံုပိုင္းဆုိင္ရာအတြက္ ကင္မရာကို ၾကည့္မယ္ဆိုရင္ ကင္မရာႏွစ္လံုး တပ္ဆင္ ထား ၿပီး၊ LED Flash ကေတာ့ ကင္မရာႏွစ္လံုးေဘးမွာထည့္ေပးထားပါတယ္။ ကင္မရာႏွစ္ လံုးမွာ ဆိုရင္ တစ္လံုးက Sony Sensor တပ္ဆင္ထားတဲ့ 16MP ကင္မရာျဖစ္ၿပီး ေနာက္ တစ္လံုးကေတာ့ တယ္လီစနစ္အတြက္ အသံုးျပဳႏုိင္မယ္႔ 20MP ကင္မရာတို႔ကို တပ္ဆင္ ထား ပါတယ္။ ေရွ႕ဘက္ ကင္မရာကလည္း 16MP ကို တပ္ဆင္ထားပါတယ္။

ကင္မရာ ေရွ႕ေရာ ေနာက္ေရာမွာ ဗီဒီယို ရိုက္ကူးရာမွာ 1080p အထိ ရိုက္ကူးႏုိင္ပါတယ္။ ေနာက္ ကင္မရာ ကေတာ့ Full HD ေတြကို 120fps နဲ႔ ရိုက္ကူးႏုိင္သလို 4K ဗီဒီယိုေတြကိုေတာ့ 30fps နဲ႔ ရိုက္ကူးႏုိင္ပါတယ္။ ဘက္ထရီကေတာ့ 3300mAh ကို ထည့္သြင္းထားၿပီး ျဖဳတ္တပ္လို႔ မရပါဘူး။

Samsung Galaxy S8+

Galaxy S8+ ကေတာ့ S Series ေတြမွာ S8 နဲ႔အတူ ႏွစ္မ်ိဳးထြက္လာတဲ့ ဖုန္းျဖစ္ၿပီး Galaxy S8+ ကေတာ့ မ်က္ႏွာျပင္ အနည္းငယ္ပိုႀကီးမားတဲ့ ဖုန္းျဖစ္ပါတယ္။ မ်က္ႏွာျပင္ အရြယ္အစား ၆.၂ လက္မရွိၿပီး Infinity Display ေၾကာင့္ ေဘးေဘာင္ေတြ မပါလုနီးပါး ျဖစ္တဲ့ ဖုန္းျဖစ္ပါတယ္။ ဖုန္းမွာ အသံုးျပဳထားတဲ့ pixel ကေတာ့ Super AMOLED WQHD+ (2960 x 1440) Pixel ျဖစ္ပါတယ္။

ဖုန္းရဲ႕ အခ်ိဳးကေတာ့ 18:5:9 အခ်ိဳးျဖစ္သ လို Gorilla Glass 5 ကို အသံုးျပဳထားတာမို႔ အေတာ္ေလးအျခစ္ရာ၊ ပြန္းရာေတြကို ခံႏိုင္စြမ္းရွိပါတယ္။ အမွန္ေတာ့ မ်က္ႏွာျပင္က ၆.၂ လက္မ ဆိုေပမယ္႔ တကယ္႔တကယ္ က ၅.၅ လက္မေလာက္သာ ရွိၿပီး Infinity Display ေၾကာင့္ မ်က္ႏွာျပင္ဟာ ပိုမိုက်ယ္ျပန္ ႔ေနတာ ျဖစ္ပါတယ္။

Hardware ပိုင္းဆုိင္ရာအေၾကာင္း ေျပာမယ္ဆိုရင္ေတာ့ Galaxy S8+ ဟာ Qualcomm နည္းပညာသံုး Snapdragon 835 Soc ခ်ပ္စ္ကို အသံုးျပဳထားပါတယ္။ ထို႔အျပင္ တစ္ခ်ိဳ႕ ေဒသေတြအတြက္ေတာ့ Samsung ရဲ႕ ကိုယ္ပိုင္နည္းပညာျဖစ္ေသာ Exynos 8895 ကို အသံုးျပဳပါတယ္။ Qualcomm ရဲ႕ ျမန္ႏႈန္းကေတာ့ 2.35GHz ရွိၿပီး Exynos Soc ကေတာ့ ျမန္ႏႈန္း 1.7 GHz ႏွင့္ GPU ကေတာ့ 2.3 GHz ျမန္ႏႈန္းအသီးသီး ရွိပါတယ္။

Snapdragon 835 အတြက္ Adreno 540 GPU ကို အသံုးျပဳၿပီး Exynos 8895 SoC အတြက္ေတာ့ Mali-G71 MP20 ကို အသံုးျပဳပါတယ္။ Galaxy S8+ မွာ RAM အေနနဲ႔ 4GB သာအသံုးျပဳထားၿပီး Storage ေတြကေတာ့ 64 GB ျဖစ္ပါတယ္။ Micro SD ကေနေတာ့ 265GB အထိ တိုးထည့္ႏုိင္ပါတယ္။

ဓာတ္ပံုပိုင္းဆိုင္ရာအတြက္ ကင္မရာကို ၾကည့္မယ္ဆုိရင္ ေနာက္ ကင္မရာႏွစ္လံုး တပ္ဆင္ ထားၿပီး 12MP စီ အသီးသီး ရွိပါတယ္။ ေရွ႕ဘက္ကင္မရာကေတာ့ 8MP ရွိပါတယ္။ ေနာက္ ကင္မရာႏွစ္လံုးကေန PDAF, auto HDR, optical image stabilization (OIS) အစရွိတဲ့ လုပ္ေဆာင္ ခ်က္ေတြကို ေထာက္ပံ႔ေပးထားၿပီး LED Flash ပံ႔ပိုးေပးထား ပါတယ္။ IP68 certification ပါ၀င္လုိ႔ ေရစိမ္ခံႏုိင္ပါတယ္။ ဘက္ထရီ ကေတာ့ 3500mAh ျဖစ္ၿပီး ျဖဳတ္တပ္လုိ႔မရပါဘူး။

အႏိုင္ရသူကေတာ့ Samsung Galaxy S8+ ပဲျဖစ္ပါတယ္။

ၿခံဳငံုသံုးသပ္ခ်က္

ေနာက္ဆံုး ေကာက္ခ်က္ ခ်ရမယ္ဆိုရင္ေတာ့ Galaxy S8+ ႏွင့္ OnePlus 5 တို႔ဟာ သူတုိ႔ရဲ႕ ကိုယ္ပိုင္ အားသာ ခ်က္ေတြ အားနည္းခ်က္ေတြ ကိုယ္စီရွိၾကပါတယ္။ ဒါေပမယ္႔ ေနာက္ဆံုးမွာေတာ့ Innovation ဆိုတဲ့ ဆန္းသစ္ တီထြင္ႏုိင္မႈကပဲ အႏုိင္ရခဲ့တာ ျဖစ္ပါတယ္။ Samsung ဟာ Flagship ေတြထဲမွာ ဆန္းသစ္တီထြင္မႈ အေကာင္းဆံုး ဖုန္းတစ္လံုး ျဖစ္ပါတယ္။ အဓိက အားသာခ်က္ေတြ ကေတာ့ ရုပ္ထြက္ပုံစံ၊ Infinity Display လို႔ေခၚတဲ့ ေဘာင္ေပ်ာက္ နည္းပညာ၊ Iris Scanner ႏွင့္ IP68 certification ေတြက အားသာခ်က္ျဖစ္ေစခဲ့ ပါတယ္။ ဒီေနရာမွာ Bixby ႏွင့္ DeX Dock လို႔ေခၚတဲ့ Desktop ႏွင့္ပါ တြဲႏုိင္တဲ့ လုပ္ေဆာင္ခ်က္ေတြ ခ်န္ထား ခဲ့ေသးပါတယ္။ ဒါေၾကာင့္ အႏုိင္ရသူ ကေတာ့ Samsung ရဲ႕ Galaxy S8+ ပဲ ျဖစ္ပါတယ္။ OnePlus 5 အတြက္ ကေတာ့ ေစ်းႏႈန္းပိုင္းအရ တြက္မယ္ ဆိုရင္ အေကာင္းဆံုး ဖုန္းတစ္လံုးအျဖစ္ သတ္မွတ္ႏုိင္ ပါလိမ္႔မယ္။

မိုးဆက္(STM)

 

UNICODE FONT:

Samsung Galaxy S8+ နှင့် One Plus 5 နှိုင်းယှဉ်ချက်များ

မိတ်ဆက်

ယနေ့မှာတော့ flagship killer တွေဖြစ်တဲ့ One Plus 5 နဲ့ Galaxy S8+ တို့ကို နှိုင်းယှဉ် ချက်တွေကို ပြောသွား မှာ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ တူညီတ့ဲ ပရိုဆက်ဆာတွေ ကို အသုံးပြုထားတဲ့ အပြင် အခြားအခြေခံအ ချက်တွေက လည်း တူညီနေကြပါတယ်။ ဒါပေမယ့် မတူညီတဲ့ အချက်တစ်ခုကတော့ Galaxy S8+ ကတော့ မျက်နှာပြင် ပိုကြီးမား ပါတယ်။ ဒါကြောင့် ဖုန်းနှစ်လုံးစလုံးမှာ ပါ၀င်တဲ့ အားနည်းချက်တွေ အားသာချက်တွေကို တစ်ခုချင်းစီ လေ့လာကြည့် ရအောင်။

OnePlus 5

OnePlus 5 ဟာ ဒီနှစ်ထဲမှာ ထွက်သမျှဖုန်းတွေထဲမှာ လူပြောများလှတဲ့ စမက်ဖုန်းတစ်လုံး ပါပဲ။ ပြီးတော့လည်း iPhone 7 Plus နဲ့တောင် အထင်မှားစရာတွေ ဖြစ်လောက်အောင် ပါပဲ။ OnePlus 5 ဟာ တည်ဆောက်မှုအပိုင်း မှာ အလယ်အလတ်လောက်သာ အဆင့်ရှိ တဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရရင် အရည်အသွေးအတော်လေး ကောင်းမွန် လှ ပါတယ်။

edge hardware, 64bit ထည့်သွင်းထားတဲ့ Qualcomm Snapdragon 835 SoC ချပ်စ်၊ မြန်နှုန်း 2.45GHz နှင့်အတူ Adreno 450 GPU တို့ကို ထည့်သွင်းတည်ဆောက် ထားပါ တယ်။ ဖုန်းရဲ့ RAM နဲ့ Storage တွေကတော့ ဗားရှင်းနှစ်မျိုး ခွဲခြားထားပါတယ်။ RAM 6GB ရယ် ၊ 64GB Storage တစ်မျိုးရယ်၊ RAM 8GB ရယ် 128GB Storage ရယ်ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။

ဓာတ်ပုံပိုင်းဆိုင်ရာအတွက် ကင်မရာကို ကြည့်မယ်ဆိုရင် ကင်မရာနှစ်လုံး တပ်ဆင် ထား ပြီး၊ LED Flash ကတော့ ကင်မရာနှစ်လုံးဘေးမှာထည့်ပေးထားပါတယ်။ ကင်မရာနှစ် လုံးမှာ ဆိုရင် တစ်လုံးက Sony Sensor တပ်ဆင်ထားတဲ့ 16MP ကင်မရာဖြစ်ပြီး နောက် တစ်လုံးကတော့ တယ်လီစနစ်အတွက် အသုံးပြုနိုင်မယ့် 20MP ကင်မရာတို့ကို တပ်ဆင် ထား ပါတယ်။ ရှေ့ဘက် ကင်မရာကလည်း 16MP ကို တပ်ဆင်ထားပါတယ်။

ကင်မရာ ရှေ့ရော နောက်ရောမှာ ဗီဒီယို ရိုက်ကူးရာမှာ 1080p အထိ ရိုက်ကူးနိုင်ပါတယ်။ နောက် ကင်မရာ ကတော့ Full HD တွေကို 120fps နဲ့ ရိုက်ကူးနိုင်သလို 4K ဗီဒီယိုတွေကိုတော့ 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဘက်ထရီကတော့ 3300mAh ကို ထည့်သွင်းထားပြီး ဖြုတ်တပ်လို့ မရပါဘူး။

Samsung Galaxy S8+

Galaxy S8+ ကတော့ S Series တွေမှာ S8 နဲ့အတူ နှစ်မျိုးထွက်လာတဲ့ ဖုန်းဖြစ်ပြီး Galaxy S8+ ကတော့ မျက်နှာပြင် အနည်းငယ်ပိုကြီးမားတဲ့ ဖုန်းဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစား ၆.၂ လက်မရှိပြီး Infinity Display ကြောင့် ဘေးဘောင်တွေ မပါလုနီးပါး ဖြစ်တဲ့ ဖုန်းဖြစ်ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ pixel ကတော့ Super AMOLED WQHD+ (2960 x 1440) Pixel ဖြစ်ပါတယ်။

ဖုန်းရဲ့ အချိုးကတော့ 18:5:9 အချိုးဖြစ်သ လို Gorilla Glass 5 ကို အသုံးပြုထားတာမို့ အတော်လေးအခြစ်ရာ၊ ပွန်းရာတွေကို ခံနိုင်စွမ်းရှိပါတယ်။ အမှန်တော့ မျက်နှာပြင်က ၆.၂ လက်မ ဆိုပေမယ့် တကယ့်တကယ် က ၅.၅ လက်မလောက်သာ ရှိပြီး Infinity Display ကြောင့် မျက်နှာပြင်ဟာ ပိုမိုကျယ်ပြန် ့နေတာ ဖြစ်ပါတယ်။

Hardware ပိုင်းဆိုင်ရာအကြောင်း ပြောမယ်ဆိုရင်တော့ Galaxy S8+ ဟာ Qualcomm နည်းပညာသုံး Snapdragon 835 Soc ချပ်စ်ကို အသုံးပြုထားပါတယ်။ ထို့အပြင် တစ်ချို့ ဒေသတွေအတွက်တော့ Samsung ရဲ့ ကိုယ်ပိုင်နည်းပညာဖြစ်သော Exynos 8895 ကို အသုံးပြုပါတယ်။ Qualcomm ရဲ့ မြန်နှုန်းကတော့ 2.35GHz ရှိပြီး Exynos Soc ကတော့ မြန်နှုန်း 1.7 GHz နှင့် GPU ကတော့ 2.3 GHz မြန်နှုန်းအသီးသီး ရှိပါတယ်။

Snapdragon 835 အတွက် Adreno 540 GPU ကို အသုံးပြုပြီး Exynos 8895 SoC အတွက်တော့ Mali-G71 MP20 ကို အသုံးပြုပါတယ်။ Galaxy S8+ မှာ RAM အနေနဲ့ 4GB သာအသုံးပြုထားပြီး Storage တွေကတော့ 64 GB ဖြစ်ပါတယ်။ Micro SD ကနေတော့ 265GB အထိ တိုးထည့်နိုင်ပါတယ်။

ဓာတ်ပုံပိုင်းဆိုင်ရာအတွက် ကင်မရာကို ကြည့်မယ်ဆိုရင် နောက် ကင်မရာနှစ်လုံး တပ်ဆင် ထားပြီး 12MP စီ အသီးသီး ရှိပါတယ်။ ရှေ့ဘက်ကင်မရာကတော့ 8MP ရှိပါတယ်။ နောက် ကင်မရာနှစ်လုံးကနေ PDAF, auto HDR, optical image stabilization (OIS) အစရှိတဲ့ လုပ်ဆောင် ချက်တွေကို ထောက်ပံ့ပေးထားပြီး LED Flash ပံ့ပိုးပေးထား ပါတယ်။ IP68 certification ပါ၀င်လို့ ရေစိမ်ခံနိုင်ပါတယ်။ ဘက်ထရီ ကတော့ 3500mAh ဖြစ်ပြီး ဖြုတ်တပ်လို့မရပါဘူး။

အနိုင်ရသူကတော့ Samsung Galaxy S8+ ပဲဖြစ်ပါတယ်။

ခြုံငုံသုံးသပ်ချက်

နောက်ဆုံး ကောက်ချက် ချရမယ်ဆိုရင်တော့ Galaxy S8+ နှင့် OnePlus 5 တို့ဟာ သူတို့ရဲ့ ကိုယ်ပိုင် အားသာ ချက်တွေ အားနည်းချက်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ Innovation ဆိုတဲ့ ဆန်းသစ် တီထွင်နိုင်မှုကပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ Samsung ဟာ Flagship တွေထဲမှာ ဆန်းသစ်တီထွင်မှု အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အဓိက အားသာချက်တွေ ကတော့ ရုပ်ထွက်ပုံစံ၊ Infinity Display လို့ခေါ်တဲ့ ဘောင်ပျောက် နည်းပညာ၊ Iris Scanner နှင့် IP68 certification တွေက အားသာချက်ဖြစ်စေခဲ့ ပါတယ်။ ဒီနေရာမှာ Bixby နှင့် DeX Dock လို့ခေါ်တဲ့ Desktop နှင့်ပါ တွဲနိုင်တဲ့ လုပ်ဆောင်ချက်တွေ ချန်ထား ခဲ့သေးပါတယ်။ ဒါကြောင့် အနိုင်ရသူ ကတော့ Samsung ရဲ့ Galaxy S8+ ပဲ ဖြစ်ပါတယ်။ OnePlus 5 အတွက် ကတော့ ဈေးနှုန်းပိုင်းအရ တွက်မယ် ဆိုရင် အကောင်းဆုံး ဖုန်းတစ်လုံးအဖြစ် သတ်မှတ်နိုင် ပါလိမ့်မယ်။

မိုးဆက်(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: