Home News ကာစီႏို ကစား၀ိုင္းေတြကို ျခိမ္းေျခာက္လာတဲ့ ငါးကန္ေတြ

ကာစီႏို ကစား၀ိုင္းေတြကို ျခိမ္းေျခာက္လာတဲ့ ငါးကန္ေတြ

0

ငါးကန္ကေန Casino ကို ျခိမ္းေျခာက္ႏိုင္သလား။ ဒါက ဟာသတစ္ခုေတာ့မဟုတ္ဘူးေနာ္။ Darktrace လံုျခံဳေရးအဖြဲ႔အစည္းရဲ႕ သတင္းေပးပို႔ခ်က္အရ ဟက္ကာေတြဟာ ေျမာက္အေမရိကမွာ ရွိတဲ့ casino ကအခ်က္အလက္ေတြကို ငါးကန္ကေနတစ္ဆင့္ အင္တာနက္ကိုခ်ိတ္ဆက္ျပီး ရယူရန္အတြက္ ၾကိဳးပမ္းခဲ့ၾကပါတယ္။

ငါးကန္ထဲမွာ လံုျခံဳေရးကာကြယ္တဲ့ စနစ္မ်ားထည့္ထားေသာ္လည္း ထိုမွတစ္ဆင့္ လံုျခံဳေရးစနစ္ကို ရပ္တန္႔ႏိုင္ကာ ခိုးယူမႈျပဳလုပ္ဖို႔ၾကိဳးပမ္းခဲ့ၾကပါတယ္။ တစ္စံုတစ္ေယာက္ ငါးကန္ကို သြယ္တန္းထားတဲ့ Network ကေန ဖင္လန္နိုင္ငံမွာရွိတဲ့ အခ်က္အလက္သိမ္းစက္ဆီ ပို႔ရန္ ၾကံစည္ခဲ့သည္ဟုဆိုထားပါတယ္။ အင္တာနက္ခ်ိတ္ဆက္ထားေသာ ပစၥည္းမ်ားမွာ အသံုးျပဳမႈတြင္က်ယ္လာေသာေၾကာင့္ ထိုမွတစ္ဆင့္ မသမာသူမ်ားမွ ခ်ိတ္ဆက္ထားေသာ Network မ်ားကိုအသံုးခ်၍ ခိုးယူေဖာက္ထြင္းလာၾကသည္ဟု Darktrace မွ ဆိုက္ဘာအထူးျပဳ ဒါရိုက္တာျဖစ္သူ Justin Feir ကေျပာၾကားခဲ့သည္။

ဒါဟာ အခ်က္အလက္လံုျခံဳေရးကို ျခိမ္းေျခာက္လာျခင္း တစ္ခုပါဟုဆိုပါတယ္။ ဒါ့အျပင္ ခ်ိတ္ဆက္ထားတဲ့ wifi မ်ားမွတစ္ဆင့္ တျခားေသာ device မ်ားဆီ ေဖာက္ထြင္းဝင္ႏိုင္ေသာေၾကာင့္ CCTV မ်ားမွ ဖမ္းယူထားသည္မ်ားကိုလည္း ရရွိသြားႏိုင္ကာ မသမာမႈမ်ားျပဳလုပ္ႏိုင္သည္ဟု ဆိုထားပါသည္။

ဒါေၾကာင့္ မိမိတို႔လုပ္ငန္းတြင္း အသံုးျပဳမည့္ စက္ပစၥည္းကိရိယာမ်ားအတြက္ အထူးသတိထားျပီး စစ္ေဆးကာ သက္ဆုိင္ရာ ထိန္းခ်ဳပ္ႏိုင္မည့္ လူတစ္ေယာက္(သို႔) အသင္းအဖြဲ႔ခန္႔အပ္ကာ ကာကြယ္သင့္ေၾကာင္း Justin Feir က ေျပာလိုက္သည္။

Unicode: ကာစီနို ကစားဝိုင်းတွေကို ခြိမ်းခြောက်လာတဲ့ ငါးကန်တွေ

smart fish tank

ငါးကန်ကနေ Casino ကို ခြိမ်းခြောက်နိုင်သလား။ ဒါက ဟာသတစ်ခုတော့မဟုတ်ဘူးနော်။ Darktrace လုံခြုံရေးအဖွဲ့အစည်းရဲ့ သတင်းပေးပို့ချက်အရ ဟက်ကာတွေဟာ မြောက်အမေရိကမှာ ရှိတဲ့ casino ကအချက်အလက်တွေကို ငါးကန်ကနေတစ်ဆင့် အင်တာနက်ကိုချိတ်ဆက်ပြီး ရယူရန်အတွက် ကြိုးပမ်းခဲ့ကြပါတယ်။

ငါးကန်ထဲမှာ လုံခြုံရေးကာကွယ်တဲ့ စနစ်များထည့်ထားသော်လည်း ထိုမှတစ်ဆင့် လုံခြုံရေးစနစ်ကို ရပ်တန့်နိုင်ကာ ခိုးယူမှုပြုလုပ်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ တစ်စုံတစ်ယောက် ငါးကန်ကို သွယ်တန်းထားတဲ့ Network ကနေ ဖင်လန်နိုင်ငံမှာရှိတဲ့ အချက်အလက်သိမ်းစက်ဆီ ပို့ရန် ကြံစည်ခဲ့သည်ဟုဆိုထားပါတယ်။ အင်တာနက်ချိတ်ဆက်ထားသော ပစ္စည်းများမှာ အသုံးပြုမှုတွင်ကျယ်လာသောကြောင့် ထိုမှတစ်ဆင့် မသမာသူများမှ ချိတ်ဆက်ထားသော Network များကိုအသုံးချ၍ ခိုးယူဖောက်ထွင်းလာကြသည်ဟု Darktrace မှ ဆိုက်ဘာအထူးပြု ဒါရိုက်တာဖြစ်သူ Justin Feir ကပြောကြားခဲ့သည်။

ဒါဟာ အချက်အလက်လုံခြုံရေးကို ခြိမ်းခြောက်လာခြင်း တစ်ခုပါဟုဆိုပါတယ်။ ဒါ့အပြင် ချိတ်ဆက်ထားတဲ့ wifi များမှတစ်ဆင့် တခြားသော device များဆီ ဖောက်ထွင်းဝင်နိုင်သောကြောင့် CCTV များမှ ဖမ်းယူထားသည်များကိုလည်း ရရှိသွားနိုင်ကာ မသမာမှုများပြုလုပ်နိုင်သည်ဟု ဆိုထားပါသည်။

ဒါကြောင့် မိမိတို့လုပ်ငန်းတွင်း အသုံးပြုမည့် စက်ပစ္စည်းကိရိယာများအတွက် အထူးသတိထားပြီး စစ်ဆေးကာ သက်ဆိုင်ရာ ထိန်းချုပ်နိုင်မည့် လူတစ်ယောက်(သို့) အသင်းအဖွဲ့ခန့်အပ်ကာ ကာကွယ်သင့်ကြောင်း Justin Feir က ပြောလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: