Home News ဥရုေဂြးႏုိင္ငံတြင္ ေဆးေျခာက္မ်ားကို တရား၀င္ေရာင္းခ်ခြင့္ေပး

ဥရုေဂြးႏုိင္ငံတြင္ ေဆးေျခာက္မ်ားကို တရား၀င္ေရာင္းခ်ခြင့္ေပး

0

ေဆးေျခာက္ေရာင္း၀ယ္ေဖာက္ကားမႈဟာ ယခင္တုန္းက ရာဇ၀တ္အမႈအျဖစ္ သတ္မွတ္ခဲ့ေပမယ့္ ယခုအခါမွာေတာ့ တရား၀င္ေရာင္း၀ယ္ခြင့္ရတဲ့ ကုန္ပစၥည္းျဖစ္သြားပါျပီ။ အဲ့ဒီလို ေရာင္းခ်ခြင့္ေပးလိုက္တာကေတာ့ ဥရုေဂြးႏုိင္ငံမွာ ျဖစ္ပါတယ္။ ဥရုေဂြးအစိုးရဟာ ၂၀၁၃ ခုႏွစ္ထဲက ဥပေဒေရးဆြဲမႈ ျပဳလုပ္ခဲ့ျပီး ယေန႕အခ်ိန္အခါမွာ ရာဇ၀တ္မႈေတြနဲ႕ ေဆးေျခာက္ေစ်းႏႈန္းေတြ အဆမတန္တက္လာကို တိုက္ဖ်က္ဖို႕ တရားဥပေဒနဲ႕အညီ တရား၀င္ေရာင္း၀ယ္ခြင့္ေပးလိုက္ပါျပီ။

ဂိုဏ္းစတားတို႕၏ တရားမ၀င္ေဆးေျခာက္ေစ်းကြက္ကို အုပ္စိုးသည့္ အေျခအေနအား ဖယ္ရွားပစ္ရန္ အစိုးရမွ စီစဥ္ခဲ့ျခင္း ျဖစ္သည္။ တရား၀င္ေရာင္း၀ယ္ခြင့္ရေသာ ကုန္ပစၥည္းျဖစ္လာသည္ႏွင့္အတူ မည္သူကမွ ခိုးေၾကာင္ခိုး၀ွက္ ၀ယ္စရာမလိုေတာ့သည့္အျပင္ ေစ်းႏႈန္းအဆမတန္တင္ထားေသာ ကိစၥမ်ားကိုလည္း ျဖစ္လာစရာအေၾကာင္းမရွိေတာ့ေပ။

အဆိုပါ ေဆးေျခာက္တရား၀င္ေရာင္း၀ယ္ျခင္းအတြက္ ဥပေဒၾကမ္းကို ဥရုေဂြးသမၼတေဟာင္း Jose Mujica ကပါ ဦးေဆာင္ပါ၀င္ေရးဆြဲခဲ့သည္။ မူးယစ္ေဆး၀ါးေၾကာင့္ျဖစ္ေသာ တိုက္ပြဲမ်ားသည္ ႏုိင္ငံေတာ္ကို နစ္နာေစတာေၾကာင့္ မူးယစ္ေဆး၀ါးေၾကာင့္ျဖစ္ေသာ တုိက္ပြဲမ်ားႏွင့္ ခိုး၀ွက္လုယက္မႈမ်ားကိုပါ ေလာ့်ခ်ႏိုင္ရန္ ရည္ရြယ္ေၾကာင္း သိရွိရသည္။

လက္ရွိတြင္ သတ္မွတ္ထားေသာ ေဆးဆိုင္ ၁၆ ဆိုင္၌၀ယ္ယူႏုိင္ျပီး ေဆးေျခာက္အမ်ိဳးအစား ၂ မ်ိဳးကို ၀ယ္ယူရရွိႏိုင္ျပီ ျဖစ္သည္။ ေဆးေျခာက္ ၅ ဂရမ္ကို အေမရိကန္ေဒၚလာ ၆.၆၇ ျဖင့္ ၀ယ္ယူႏုိင္ျပီး မွတ္ပံုတင္ထားေသာ သူမ်ားအေနျဖင့္ တစ္လ လွ်င္ ၄၀ ဂရမ္အထိ ၀ယ္ယူႏုိင္ေၾကာင္း သိရွိရသည္။

Unicode : ဥရုဂွေးနိုင်ငံတွင် ဆေးခြောက်များကို တရားဝင်ရောင်းချခွင့်ပေး

weed

ဆေးခြောက်ရောင်းဝယ်ဖောက်ကားမှုဟာ ယခင်တုန်းက ရာဇဝတ်အမှုအဖြစ် သတ်မှတ်ခဲ့ပေမယ့် ယခုအခါမှာတော့ တရားဝင်ရောင်းဝယ်ခွင့်ရတဲ့ ကုန်ပစ္စည်းဖြစ်သွားပါပြီ။ အဲ့ဒီလို ရောင်းချခွင့်ပေးလိုက်တာကတော့ ဥရုဂွေးနိုင်ငံမှာ ဖြစ်ပါတယ်။ ဥရုဂွေးအစိုးရဟာ ၂၀၁၃ ခုနှစ်ထဲက ဥပဒေရေးဆွဲမှု ပြုလုပ်ခဲ့ပြီး ယနေ့အချိန်အခါမှာ ရာဇဝတ်မှုတွေနဲ့ ဆေးခြောက်ဈေးနှုန်းတွေ အဆမတန်တက်လာကို တိုက်ဖျက်ဖို့ တရားဥပဒေနဲ့အညီ တရားဝင်ရောင်းဝယ်ခွင့်ပေးလိုက်ပါပြီ။

ဂိုဏ်းစတားတို့၏ တရားမဝင်ဆေးခြောက်ဈေးကွက်ကို အုပ်စိုးသည့် အခြေအနေအား ဖယ်ရှားပစ်ရန် အစိုးရမှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ တရားဝင်ရောင်းဝယ်ခွင့်ရသော ကုန်ပစ္စည်းဖြစ်လာသည်နှင့်အတူ မည်သူကမှ ခိုးကြောင်ခိုးဝှက် ဝယ်စရာမလိုတော့သည့်အပြင် ဈေးနှုန်းအဆမတန်တင်ထားသော ကိစ္စများကိုလည်း ဖြစ်လာစရာအကြောင်းမရှိတော့ပေ။

အဆိုပါ ဆေးခြောက်တရားဝင်ရောင်းဝယ်ခြင်းအတွက် ဥပဒေကြမ်းကို ဥရုဂွေးသမ္မတဟောင်း Jose Mujica ကပါ ဦးဆောင်ပါဝင်ရေးဆွဲခဲ့သည်။ မူးယစ်ဆေးဝါးကြောင့်ဖြစ်သော တိုက်ပွဲများသည် နိုင်ငံတော်ကို နစ်နာစေတာကြောင့် မူးယစ်ဆေးဝါးကြောင့်ဖြစ်သော တိုက်ပွဲများနှင့် ခိုးဝှက်လုယက်မှုများကိုပါ လောျ့ချနိုင်ရန် ရည်ရွယ်ကြောင်း သိရှိရသည်။

လက်ရှိတွင် သတ်မှတ်ထားသော ဆေးဆိုင် ၁၆ ဆိုင်၌ဝယ်ယူနိုင်ပြီး ဆေးခြောက်အမျိုးအစား ၂ မျိုးကို ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ဆေးခြောက် ၅ ဂရမ်ကို အမေရိကန်ဒေါ်လာ ၆.၆၇ ဖြင့် ဝယ်ယူနိုင်ပြီး မှတ်ပုံတင်ထားသော သူများအနေဖြင့် တစ်လ လျှင် ၄၀ ဂရမ်အထိ ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: