Home Tech Mobile News Apple ရဲ့ iPhone 8 ပေါ်က Touch ID အကြောင်း သိထားသမျှ
Apple ရဲ့ iPhone 8 ပေါ်က Touch ID အကြောင်း သိထားသမျှ
0
၎ ၊ Touch ID အသစ်ဟာ ဖုန်းရဲ့ ဘေးဘက်မှာ Power Button ထဲမှာ မြှုပ်နှံထားမယ်ဆိုတဲ့ အချက်။
မိုးဆက်ကို(STM)
UNICODE FONT:
Apple ရဲ့ iPhone 8 ပေါ်က Touch ID အကြောင်းအမှန်တရာများ
လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက Apple ရဲ့ ၂၀၁၇ ခုနှစ်မှာ ထက်ရှိမယ့် iPhone နဲ့ ပတ်သက်ပြီး မေ ျှာ်လင့်တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီလိုပဲ အခုအချိန်ထိလည်း အဖြေမရသေးတဲ့ မေးခွန်း တွေ များစွာ ကျန်နေပါသေးတယ်။ ဘယ်လိုပဲ ဖြစ်စေ အခုနှစ်၀က်ကျော်လာသည်အထိ လ ျှို့ဝှက် ဆန်းကြယ်မှုတွေကတော့ ကျန်နေပါသေးတယ်။ အခုနှစ်မှာ Apple က အသစ်ထွက်လာမယ့် ဖုန်းကို နာမည်ဘယ်လိုခေါ်မလဲ ဆိုတာတောင် ကျွန်တော်တို့ အခုချိန်အထိ မသိကြသေးပါဘူး။
iPhone 8 လို့ပဲ နာမည်ကျော်မှာလား၊ ဒါမှမဟုတ် အခြားနာမည်တစ်ခုခုလား၊ OLED display ကို အသုံးမှာလား၊ iPhone 8 ဟာ ပုံမှန်ထွက်နေကြအချိန်မှာပဲ ထွက်မှာလား၊ နောက်ကျပြီးမှ ထွက်မှာ လား၊ အခုအချိန်ထိ သေချာစွာ မသိကြရသေးပါဘူး။ နောက်ဆုံး အသစ်ပါ၀င်လာမယ့်Features အသစ်တွေအကြောင်း၊ ကင်မရာအကြောင်း၊ အထူးသဖြင့် ရှေ့ဘက် ကင်မရာဟာ 3D scanning ဖြစ်မလား အပြင် နောက်ဆုံး ဈေးနှုန်းဟာ ဒေါ်လာ ၁၀၀၀ ကျော်မလား ဆိုတဲ့ အချက်တွေကို အခုထိ တိတိကျကျ မသိကြရသေးတာပါပဲ။
အခုအချိန်ိအထိ Apple ရဲ့ ၁၀ နှစ်ပြည့် ဖုန်းဟာ လ ျှို့ဝှက််ဆန်းကြယ်နေတုန်းပါပဲ။ ဒါပေမယ့် အကြီးမားဆုံး မေးခွန်းတစ်ခုကတော့ Touch ID ပါမှာလား၊ မပါတော့ဘူးလား ဆိုတာပါပဲ။ Apple အနေဖြင့် Fingerprint Scanner ကို Display ရောက်မှာ မြှုပ်ထားမလား၊ ဘယ်လို ထားမလဲ ဆိုတာ ပဟေဋိိဆန်လွန်းနေပါသေးတယ်။
ဒါကြောင့် iPhone 8 နဲ့ ပတ်သက်ပြီး Touch ID သတင်းဟာ အခုထိ ကောလဟာလသတင်း အဆင့်မှာပဲ ရှိနေသေးပြီး ဘယ်လိုလဲဆိုတာ အတည်မပြုနိုင်လောက်အောင်ပါပဲ။ ဒါပေမယ့် မနေ့က တော့ တရုတ်လူမှုကွန်ယက်၀က်ဆိုက်တစ်ခုမှာ ပို့စ်တစ်ခု တင်တာတွေ့ခဲ့ရပါတယ်။ ဒါက တော့ iPhone ရဲ့ နောက်ထွက်မယ့်ဖုန်းဟာ အကြီးအကျယ် ပြောင်းလဲမှုတွေထင်သလို ဖြစ်မှာ မဟုတ်ဘဲ Fingerprint Scanner ကို ဖုန်းရဲ့ နောက်ကျော်ဘက်ကို ရွေ့ထားတဲ့ ပုံကို မြင်ရပါတယ်။ ဒါကြောင့် iPhone 8 ဟာ တကယ်ပဲ Fingerprint ကို ဖုန်းရဲ့ နောက်ကျောဘက်မှာ ထားမှာလား ဆိုတာ သံသယဖြစ်စရာ ဖြစ်လာပါတယ်။
အခုအချိန်အထိကတော့ ၀က်ဆိုက်တွေမျိုးစုံမှာ iPhone 8 နဲ့ ပတ်သက်ပြီး ပုံစံအမျိုးမျိုး၊ ရှုထောင့် အမျိုးမျိုး ကနေ ပို့စ်တွေတင်နေကြပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး နောက်ဆုံး ကောက်ချက်ချ နိုင်တဲ့ သီအိုရီပိုင်းဆိုင်ရာ အချက်လေးချက်ရှိပါတယ်။ အဲဒါတွေကတော့
၁ ၊ Fingerprint Sensor ကို ဖုန်းရဲ့ Display အတွင်းပိုင်းမှာမြှုပ်နှံထားတ်ယ ဆိုတဲ့ အချက်။
၂ ၊ Apple ရဲ့ အခုလာမယ့်မျိုးဆက်ဖုန်းဟာ Fingerprint Sensor ကို ဖုန်းရဲ့ နောက်ကျောဘက် Apple logo နေရာမှာ မြှုပ်နှံမယ်ဆိုတဲ့ အချက်။
၃ ၊ Fingerprint Sensor သို့မဟုတ် Touch ID စနစ် လုံး၀ ပါတော့မှာမဟုတ်ပဲ Facial Recognition စနစ်ကို အသုံးပြုမယ်ဆိုတဲ့ အချက်။
၄ ၊ Touch ID အသစ်ဟာ ဖုန်းရဲ့ ဘေးဘက်မှာ Power Button ထဲမှာ မြှုပ်နှံထားမယ်ဆိုတဲ့ အချက်။
ဆိုတဲ့ ဖြစ်နိုင်ချေအရှိဆုံး အချက်လေးချက်ကို ရရှိနိုင်ပါတယ်။
အဲဒီအချက်တွေထဲက အချက် ၁ ကနေ ၃ အထိက ပထမပိုင်း ရရှိတဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေ အရ ဖြစ်နိုင်တဲ့ အချက်တွေဖြစ်ပေမယ့် နောက်ဆုံး ထွက်ရှိလာတဲ့ ဓာတ်ပုံတွေအရ Touch ID ဟာ Power Button မှာများ မြှုပ်နှံထားမလားဆိုတာ စဉ်းစားစရာ တစ်ချက်က ပိုပြီး စိတ်၀င်စားလာကြပါတယ်။
မိုးဆက်ကို(MMA)
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: