Home Tech Mobile News Samsung Galaxy Note 8 ကို ထင်ထားသည်ထက် ပိုမိုစော၍ ထွက်ရှိမည်


0






Unicode : Samsung Galaxy Note 8 ကို ထင်ထားသည်ထက် ပိုမိုစော၍ ထွက်ရှိမည်

galaxy-note-8

Samsung ထုတ်ကုန်များနဲ့ ပတ်သက်ပြီး ထုတ်ကုန်တစ်ခု အပြီးမှာ နောက်တစ်ခု ထပ်ထုတ်ဖို့ အစီအစဉ်ချထား ပြီးသားဖြစ်တာကို လူတိုင်းသိပြီး သားဖြစ်မှာပါ။ Galaxy Note 8 နဲ့ပတ်သတ်ပြီး ထုတ်မယ်လို့ သိထားပေမယ့် ဘယ်နေ့မှာ ထုတ်မလဲဆိုတာ အတိအကျ မသိသေးသလို Note 8 နဲ့ပတ်သတ်ပြီး Rumors ပုံအမြောက်အမြားလဲ ထွက်ရှိနေပါတယ်။

ePrice ရဲ့ ပြောကြားချက်အရ Samsung ရဲ့ အကြီး အကဲဖြစ်တဲ့ DJ Koh က ထိုင်ဝမ် သတင်းသမား တွေနဲ့ မကြားသေးမီ က ပြောထားတာက နောက်လာမယ့် လရဲ့ နောက်ဆုံး အပတ် မှာ Galaxy Note 8 နဲ့ ပတ်သက်တဲ့ ကြေငြာချက်ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

Koh က ရက်စွဲ အတိအကျ ကို ပြောထားတာတော့ မရှိပါဘူး ။ လွန်ခဲ့တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြတာက သြဂုတ် ၂၃ နဲ့ သြဂုတ် ၃၀ ရက်တွေဖြစ်နိုင်ခြေရှိပြီး ဘာလင် သတင်း တစ်ခုဖြစ်တဲ့ IFA က သြဂုတ် ၃၀ ရက်နေ့ က ပိုဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

ရက်စွဲ အတိအကျ က အဓိက မဟုတ်ပဲ Apple ရဲ့ Iphone က အခြေအနေ ပေါ်မူတည်ပြီး စက်တင်ဘာလမှာ ပွဲထုတ်ပြသသွားဖို့ ရှိတယ်လို့ မျှော်လင့် ရပါတယ်။ Note 7 ပြီးရင် Note 8 က မယုံနိုင်လောက်အောင် အသုံးဝင်တဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။ Note 8 မှာ Galaxy S 8 ရဲ့ ၅.၈ လက်မ မျက်ပြင်ထက် ပိုကျယ်တဲ့ ၆.၃ လက်မ မျက်နှာပြင် နဲ့ ထွက်လာဖို့ ရှိပါတယ်။ ကောလဟလ အနေ နဲ့ ပြောကြတာက အဆိုပါဖုန်းမှာ ကင်မရာ နှစ်လုံး ပါဝင်လာဖို့ ရှိပြီး 835 Snapdragon processor ၊ 6 GB RAM၊ 64 GB Storage နဲ့ 3,300maAh ဘက်ထရီ ပါဝင်လာဖို့ ရှိပါတယ်။ လက်ဖွေ ရာစနစ်က တော့ နောက်ကျော်ဘက်မှာ ပါလာဖို့ရှိပါတယ်။

Koh ရဲ့ ပြောကြားချက် အရ Note 8 ကို စက်တင်ဘာလ နဲ့ အောက်တိုဘာလတွေမှာ ဈေးကွက် အခြေအနေကိုကြည့်ပြီး ရောင်းချဖို့ ရှိပါတယ်။ Apple ရဲ့ Iphone ကတော့ ထုတ်လုပ်တဲ့ အပိုင်းမှာ အခက်အခဲ တစ်ချို့ ရှိနေပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာ လတွေ အထိ ကြန့် ကြာမှုတွေရှိနေနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: