Home News ဖိလစ္ပိုင္ႏုိင္ငံတြင္ လက္၀ဲ၀ါဒီသူပုန္မ်ား၏ ျခံဳခိုတိုက္ခိုက္မႈေၾကာင့္ သမၼတလံုျခံဳေရးတပ္ဖြဲ႕၀င္ ၆ ဦးဒဏ္ရာရ

ဖိလစ္ပိုင္ႏုိင္ငံတြင္ လက္၀ဲ၀ါဒီသူပုန္မ်ား၏ ျခံဳခိုတိုက္ခိုက္မႈေၾကာင့္ သမၼတလံုျခံဳေရးတပ္ဖြဲ႕၀င္ ၆ ဦးဒဏ္ရာရ

0

ဖိလစ္ပိုင္ႏုိင္ငံတြင္ သမၼတဒူတာေတး၏ ခရီးစဥ္အတြက္ လံုျခံဳေရးတာ၀န္ယူေနရေသာ သမၼတ လံုျခံဳေရးတပ္ဖြဲ႕၀င္မ်ားကို လက္၀ဲ၀ါဒီ (NPA) သူပုန္တပ္မ်ားမွ ျခံဳခိုတိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။ သမၼတ ဒူတာေတး မလာမွီ မနီလာျမိဳ႕၏ အေရွ႕ဘက္ ၁၅၀၀ ကီလိုမီတာ အကြာအေ၀းတြင္ လံုျခံဳေရးအရ စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

တိုက္ခိုက္မႈမ်ားေၾကာင့္ လုံျခံဳေရးတပ္သား ၆ ဦးဒဏ္ရာရရွိျပီး Arakan ျမိဳ႕ရွိ ေဆးရံုသို႕ပို႕ေဆာင္ထားေၾကာင္း သိရွိရသည္။ လက္ရွိတြင္ ဖိလစ္ပိုင္ ရဲတပ္ဖြဲ႕ႏွင့္ စစ္တပ္တို႕ပူးေပါင္းျပီး သူပုန္တပ္မ်ားကို လိုက္လံႏွိမ္ႏွင္းေနေၾကာင္း သိရွိရသည္။

ဖိလစ္ပိုင္ႏုိင္ငံသည္ IS အစြန္းေရာက္ အၾကမ္းဖက္အဖြဲ႕မ်ားကိုလည္း ဆိုး၀ါးစြာရင္ဆိုင္ေနရျပီး လက္၀ဲ၀ါဒီ သူပုန္တို႕၏ ဆန္႕က်င္တိုက္ခိုက္ျခင္းကိုလည္း ရင္ဆိုင္ေနရသည္။

Unicode :ဖိလစ်ပိုင်နိုင်ငံတွင် လက်ဝဲဝါဒီသူပုန်များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် သမ္မတလုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတဒူတာတေး၏ ခရီးစဉ်အတွက် လုံခြုံရေးတာဝန်ယူနေရသော သမ္မတ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်ဝဲဝါဒီ (NPA) သူပုန်တပ်များမှ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ သမ္မတ ဒူတာတေး မလာမှီ မနီလာမြို့၏ အရှေ့ဘက် ၁၅၀၀ ကီလိုမီတာ အကွာအဝေးတွင် လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်စဉ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုများကြောင့် လုံခြုံရေးတပ်သား ၆ ဦးဒဏ်ရာရရှိပြီး Arakan မြို့ရှိ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရှိရသည်။ လက်ရှိတွင် ဖိလစ်ပိုင် ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ပူးပေါင်းပြီး သူပုန်တပ်များကို လိုက်လံနှိမ်နှင်းနေကြောင်း သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် IS အစွန်းရောက် အကြမ်းဖက်အဖွဲ့များကိုလည်း ဆိုးဝါးစွာရင်ဆိုင်နေရပြီး လက်ဝဲဝါဒီ သူပုန်တို့၏ ဆန့်ကျင်တိုက်ခိုက်ခြင်းကိုလည်း ရင်ဆိုင်နေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: