Home How To ဆုံဖူးပေမယ့် စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတဲ့ လူကို ဘယ်လိုနှုတ်ဆက်မလဲ

ဆုံဖူးပေမယ့် စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတဲ့ လူကို ဘယ်လိုနှုတ်ဆက်မလဲ

0
ဆုံဖူးပေမယ့် စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတဲ့ လူကို ဘယ်လိုနှုတ်ဆက်မလဲ

ကျွန်တော်တို့ ထဲက အချို့ ဟာ မျက်နှာ ပုံစံကို မှတ်သားရာမှာ တော်တဲ့သူတွေ မဟုတ်ကြပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ က တစ်စုံတစ်ယောက်ကို တွေ့လိုက်တဲ့ အခါမှာ “အရင်က ဆုံဖူးတယ်နော်”  လို့ ပြောလာရင်တော့ ကြောင်တောင်တောင်ဖြစ်နေမှာတော့ အသေအချာပါပဲ။ ဒါမှမဟုတ် ဒီထက်ပိုဆိုး နိုင်တာက ကျွန်တော်တို့ လည်း ဒီနည်း ၎င်း အခြားသူ တွေကို နှုတ်ဆက်ဖူးလို့ပါပဲ။ အဲ့ဒီ အခြေအနေမှာ ကိုယ်ဘယ်သူ လဲဆိုတာ ကိုယ်နှုတ်ဆက်လိုက်တဲ့ သူက စဉ်းစားရင်း နဲ့ ဘာအကြံဉာဏ် မှထွက်မလာပါဘူး။ အခုပြောပြမယ့် အကြောင်းအရာကတော့ အဲ့လိုရှက် စရာ အခြေအနေမျိုး နဲ့ ကြုံ လာရင် ဘယ်လို ပြောမလဲ ဆိုတာပါ။

NPR ရဲ့ ဦးနှောက်မှ ဖုံးကွယ်ထားတဲ့ အသံများအဖွဲ့ က သင်သိသင့်တယ်လိုယူဆရတဲ့သူ နဲ့ သူစိမ်းတစ်ယောက်ကို နှုတ် ဆက် တဲ့ အခါ မှာ ဘယ်လိုပြောရမလဲ ဆိုတာ အတွက် ရိုးရှင်းတဲ့ နည်းလမ်း ပေးထား ပါတယ်။

ထိုအခြေအနေအတွက် စကားကို ပုံမှန်အသံနဲ့ ပြောရမယ်လို့ စိတ်ထဲကနေ မှတ်ထားရမှာဖြစ်ပြီး ပြောဆိုတဲ့ အခါမှာ ပေါ့ပေါ့ပါးပါးနဲ့ ပြောဆိုရမှာ ဖြစ်ပါတယ်။ သင် လက်ဆွဲ နှုတ်ဆက်လိုက်တာနှင့်အတူ လက်ကို ယမ်းလိုက်တာနဲ့  တစ်ပြိုင်နက် ပါးစပ်က ပြောရမှာက “သင့်ကို တစ်နေရာရာ မှာ သိတာလား” လို့ ပြောရမှာ ဖြစ်ပါတယ်။

တစ်ကယ်လို့ သင်နှုတ်ဆက်တဲ့သူက မဟုတ်ဘူးလု့ိ ပြောလာခဲ့ရင် ပြန်တုံ့ပြန်ရမှာက “ အို့၊ သင့်ကို ရင်းနှီးနေသလိုပဲ၊ သင်နဲ့ ဆုံရတာ အံ့သြဖို့ ကောင်းပါတယ်” လို့ ပြောလိုက်ပါ။

အကယ်လို့ အရင်က ဆုံဖူးတယ်လို့ ပြောလာပြီး ဘယ်လိုသိခဲ့တာပါလို့တုန့် ပြန်ခဲ့ရင်တော့ အလိုက်ထိုက်ကလေး “ဟုတ်ပါတယ်။ အခုတစ်ဖန် ပြန်တွေ့ရတာ ဝမ်းသာပါတယ်” လို့ ပြောရမှာဖြစ်ပါတယ်။ ဒီ နည်းလမ်းနဲ့  ကိုယ်သိနေတယ်လို့ မသေချာတဲ့သူကို နှုတ်ဆက်တဲ့အခါမှာ တစ်ကြိမ် နှစ်ကြိမ် လောက်တော့ အလုပ်ဖြစ်ပါတယ်။ သင်သိ နေတယ်လို့ သေချာ သလိုလို ဖြစ်နေရင်တော့ ပုံမှန် နှုတ်ဆက် နေကျ ဖြစ်တဲ့ “နေကောင်းလား” ဆိုတဲ့ စကားနဲ့သာ နှုတ်ဆက်လိုက်ပါ။

နွေးနွေးထွေးထွေး နဲ့ နှုတ်ဆက်တဲ့ဘယ်နည်းလမ်း မဆို သင်လူသစ်တစ်ယောက်ကို နှုတ်ဆက်တဲ့ အခါမှာ ကိုယ့်ဘက်က တစ်ကယ် ကြည်ကြည် ဖြူဖြူ နဲ့ နှုတ်ဆက်နေတယ်ဆိုတာကို ပြသရမှာပါ။ ရင်ထဲက လာတဲ့ အပြုံးစစ် နဲ့ ပြုံးပါ။ ပေါ့ပေါ့ ပါးပါး နှုတ်ဆက်ပါ။ နောက်ဆုံး တစ်ချက်အနေ နဲ့ တစ်ဖက်က ပြောလာတဲ့ စကားကို အာရုံ စိုက်ပြီး နားထောင်ပါ။

Source: Life hacker

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: