
လူတစ်ယောက်ရဲ့ စိတ်ဟာပျော်ရွှင်နေဖို့ အရမ်းကို အရေးကြီးပါတယ်။ စိတ်ပျော်ရွှင်နေပါမှ သူလုပ်သမျှအလုပ်တွေအပေါ်မှာ အမြင်မှန်များ၊ ဆုံးဖြတ်ချက်အမှန်များကို ချနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုတဲ့ စကားအတိုင်း စိတ်မပျော်မရွှင်ဖြစ်နေပါက ခန္ဓာကိုယ်မှ ကိုယ်ခံစွမ်းအားတွေဟာလည်း အလိုလိုကျလာတတ်ပါတယ်။ ဒါကြောင့် စိတ်ကို ပျော်ရွှင်နေစေဖို့ ဘယ်လို အစားအစာတွေကို စားသုံးပေးရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဂျုံပေါင်မုန့်
ဂျုံပြောင်း စတဲ့သီးနှံတွေမှာပါတဲ့ ပရိုတင်းဓါတ်နဲ့ အမိုင်နိုအက်စစ်တွေက ဦးနှောက်ထဲရှိ လိုင်းများကို နိုးစွပေးနိုင်စွမ်းရှိပါတယ်။ ပုံမှန်အခြေအနေထက် သွေးတွင်းပျော်ဝင်နေတဲ့ ဓါတ်တွေကို (၃)ဆပိုတိုးအောင် လုံဆောင်ပေးနိုင်စွမ်းရှိသောကြောင့် မနက်တိုင်း ပေါင်မုန့်ချပ်အနည်းငယ်ကို နံနက်စာအဖြစ် စားသုံးသင့်ပါတယ်။
၂။ကြက်ဆင်သားနှင့်ကြက်သား
ထိုအသားများတွင် ပါဝင်သော ပရိုတင်းဓါတ်က လူများ၏ စိတ်ဖိစီးမှုဒါဏ်များကို လျော့ချပေးနိုင်စွမ်းရှိပါသည်။
၃။ ရေ
ကိုယ်တွင်းအဆီဓါတ်ကို ချေဖျက်နိုင်စွမ်းရှိပါသည်။ တစ်နေ့ရေ(၈)ခွက်မှ (၁၀)ခွက်သောက်သုံးသင့်ပါသည်။ ကဖိန်းဓါတ်သောက်စရာများ၊ အခြားသောက်စရာများဖြင့် အစားထိုးခြင်းမလုပ်ပါနှင့်။ ရေပုံမှန်သောက်သည့်အလေ့အကျင့်ကိုပြုလုပ်ပေးပါ။
၄။ ငှက်ပျောသီး
ငှက်ပျောသီးတွင်ပါဝင်သော မက်ဂနီစီယံက အဝလွန်မှုကိုတားဆီးနိုင်ပြီး စိတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်စေပါတယ်။ ညအိပ်မပျော်ဖြစ်ခြင်းကိုလည်း တားဆီးနိုင်ပါသည်။
၅။ ပင်လယ်စာ
စီလီနီယမ်ဓါတ်ပါဝင်မှုကြောင့် အားအင်ကိုဖြစ်စေပြီး စိတ်လှုပ်ရှားမှုကို လျော့ချပေးပါတယ်။ ဟိုမုန်းဓါတ်ကြောင့် သွေးဖိအားများခြင်း ကိုလျော့ချပေးပါတယ်။
၆။လိမ္မော်သီး
ဗီတာမင်စီကြွယ်ဝမှုကြောင့် သွေးတွင် သံဓါတ်ကို ပိုမိုစုတ်ယူနိုင်စွမ်းရှိအောင် ထောက်ပံ့ပေးပြီး အဆီကို ခြေဖျက်နိုင်စွမ်းရှိပါတယ်။ တစ်နေ့ လိမ္မော်သီး(၆)လုံးစားခြင်းဖြင့် စိတ်ဓါတ်ကျဆင်းမှု၊ စိတ်လှုပ်ရှားမှုတို့ကို လျော့ချလိုက်ပါ။
၇။ ငရုတ်သီး
ပူစပ်သောအရသာဖြင့် ဦးနှောက်အထိပါ လှုံဆော်နိုင်စွမ်းရှိပြီး သွေးတွင်း အပူပေးပါက သွေးခဲမှုကိုလျှော့ချပေးသောကြောင့် စိတ်ကိုကြည်လင်စေမှာပါ။