Home Knowledge Inspiration Kiip ကုမၸဏီ ၏ CEO ျဖစ္သူ Brian Wong ေျပာတဲ့ ေအာင္ျမင္မႈဆိုတာ

Kiip ကုမၸဏီ ၏ CEO ျဖစ္သူ Brian Wong ေျပာတဲ့ ေအာင္ျမင္မႈဆိုတာ

0

စြန္႕ဦးတီထြင္ေတြ ယေန႕ကမၻာေပၚမွာ တစ္ေန႕ထက္တစ္ေန႕ ပိုမိုမ်ားျပားလာျပီး အခ်ို႕က်ေတာ့ ေအာင္ျမင္မႈ ေတြ ဆြတ္ခူးႏုိင္ခဲ့သလို အခ်ိဳ႕ေတြကေတာ့ က်ရံႈးမႈေတြလည္း ရင္ဆိုင္ေနရပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ ကေနဒါ ႏုိင္ငံသား စြန္႕ဦးတီထြင္တစ္ေယာက္ျဖစ္သူ Brian Wong ကေတာ့ ေအာင္ျမင္မႈနဲ႕ပတ္သတ္ျပီး သူ႕ရဲ႕အဆိုကို CNBC မွာ မွ်ေ၀ေျပာဆိုသြားပါတယ္။

Brian Wong ေျပာတဲ့ ေအာင္ျမင္မႈအေၾကာင္းကို မေျပာခင္ သူ႕ရဲ႕ ေနာက္ေၾကာင္းကို ျပန္ၾကည့္လုိက္ရေအာင္။ Brian Wong ဟာ ကေနဒါႏုိင္ငံသားျဖစ္ျပီး အသက္ ၁၄ ႏွစ္အရြယ္မွာ အထက္တန္းေက်ာင္း၊ အသက္ ၁၈ ႏွစ္အရြယ္မွာ ေကာလိပ္ေက်ာင္းပညာေရးနဲ႕ ျပီးခဲ့ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္မွာ Kiip လို႕ေခၚတဲ့ Mobile Advertising Company တစ္ခုကို စတင္တည္ေထာင္ခဲ့ပါတယ္။ Kiip ဆိုတာ ေၾကျငာလုပ္ငန္းအမ်ိဳးအစားတစ္ခုျဖစ္ျပီး မိုဘိုင္းလ္ Platform ရဲ႕ အရွိန္အဟုန္တိုးတက္လာမႈ ေရစီးေၾကာင္းနဲ႕အတူ သူ႕ရဲ႕ ေၾကျငာလုပ္ငန္းဟာလည္း တိုးတက္ခဲ့ပါတယ္။

wong-kiip

သူ႕ရဲ႕ Kiip ေၾကျငာလုပ္ငန္းမွာ McDonald’s နဲ႕ Coca-Cola တို႕လို ကုမၸဏီၾကီးမ်ားပါ Advertiser မ်ားအေနနဲ႕ ပါ၀င္ေၾကျငာခဲ့ျပီး တစ္ႏွစ္ထဲနဲ႕ အေမရိကန္ ေဒၚလာ ၂၀ မီလီယံ အျမတ္ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ အသက္ ၂၀ ထဲနဲ႕ Brian Wong ဟာ မီလီယံနာတစ္ေယာက္ျဖစ္လာခဲ့ျပီး ေအာင္ျမင္မႈေတြရယူႏုိင္ခဲ့ပါတယ္။

‘ေအာင္ျမင္သူတစ္ေယာက္ရဲ႕ ေနာက္ကြယ္မွာ အဲ့ဒီလူကို အျမဲေထာက္ပံ့ေပးေနတဲ့ အသင္းအဖြဲ႕တစ္ဖြဲ႕ရွိတယ္၊ ေအာင္ျမင္မႈကို တစ္ဦးထဲ လုပ္ေဆာင္သြားတာမဟုတ္ဘူး၊ အဖြဲ႕လုိက္ လုပ္ေဆာင္သြားတာ ‘ ဟု Wong မွ ေျပာခဲ့သည္။

Brian Wong ရဲ႕ The Brian Operation Work မွာ အဖြဲ႕၀င္ ၆ ဦးရွိျပီး Wong ရဲ႕ ကိစၥေတြကို ေအာင္ျမင္ေစဖို႕ ေနာက္ကြယ္ကေန လုပ္ေဆာင္ေပးခဲ့သူေတြလည္း ျဖစ္ပါတယ္။ Wong မွာ အေၾကာင္းကိစၥတစ္စံုတစ္ရာေၾကာင့္ အလုပ္ကိစၥေတြ ေနာက္က်တာမ်ိဳး၊ ခ်ိန္းထားတာေတြ ေနာက္က်တာမ်ိဳးေတြ ျဖစ္လာရင္ Wong ရဲ႕ အဖြဲ႕၀င္ေတြက Wong လုပ္ရမယ့္ အခ်ိန္ဇယားေတြကို ခ်က္ခ်င္းေျပာင္းလဲ စီမံေပးျပီး သူတို႕စီမံေပးထားတဲ့အတိုင္း Wong က လုပ္ရံုပါဘဲ။

brian

‘ ဒီလိုမ်ိဳး မလုပ္ေပးထားရင္ က်ေနာ္ တိုင္ပတ္မွာဗ် ‘ ဟု Brian Wong က ေျပာခဲ့သည္။ ‘ က်ေနာ္ အံ့ၾသမိတာ တစ္ခုရွိေသးတယ္။ ေအာင္ျမင္မႈနဲ႕ပတ္သတ္ျပီး ေဟာေျပာပြဲေတြမွာ ေအာင္ျမင္သူမ်ားရဲ႕ ေနာက္ကြယ္က အဖြဲ႕ေတြ အေၾကာင္း ထည့္မေျပာၾကဘူး။ ထည့္ေျပာဖို႕ ေမ့ေနၾကတာထင္တယ္ ‘ ဟု Wong က ေျပာခဲ့သည္။

တစ္ဆက္တည္းမွာဘဲ Wong က ‘ ေအာင္ျမင္မႈဆိုတာ ေငြေၾကးတစ္ခုတည္းကိုသာ ေျပာတာမဟုတ္ပါဘူး၊ ေအာင္ျမင္မႈဆိုတာ လြတ္လပ္မႈေပါ့ပါးမႈပါ။ ေငြရွိရံုတစ္ခုတည္းနဲ႕ ေအာင္ျမင္မႈလို႕ ေျပာမရပါဘူး။ ကိုယ္လုပ္ခ်င္တဲ့ အရာေတြ၊ ျဖစ္ခ်င္တဲ့အရာေတြကို လုပ္ႏုိင္တာက ေအာင္ျမင္မႈပါ ‘ လို႕ ေျပာခဲ့ပါတယ္။

‘ ေပ်ာ္ရႊင္ျခင္းဆိုတာဟာ ေအာင္ျမင္မႈမဟုတ္ပါဘူး။ ေပ်ာ္ရႊင္မႈဆိုတာ စိတ္ေက်နပ္မႈ၊ စိတ္ခံစားမႈ ကိုသာ ဆိုလိုတာ ျဖစ္ပါတယ္။ လူအေတာ္မ်ားမ်ားဟာ ေပ်ာ္ရႊင္ျခင္းနဲ႕ ေအာင္ျမင္ျခင္းနဲ႕ကို အဓိပၸာယ္ေကာက္တာ လြဲၾကတယ္ ‘ ဟု Wong က မွတ္ခ်က္ေပးသည္။

‘ ခင္ဗ်ားမွာ ပုိက္ဆံရွိခ်င္ရွိမယ္၊ ဒါေပမယ့္ ခင္ဗ်ားအတြက္ သင့္ေလာ်္တဲ့လူမ်ိဳး၊ လုပ္ငန္းကို ေအာင္ျမင္ေအာင္ ကူညီေထာက္ပံ့ေပးႏုိင္မယ့္ လူမ်ိဳး မရေသးဘူးဆိုရင္ေတာ့ ခင္ဗ်ားရဲ႕ လုပ္ငန္းေတြအားလံုး အေရွ႕ကို ေရာက္အံုးမွာ မဟုတ္ဘူး။’ ဟု Wong က ေအာင္ျမင္မႈအတြက္ လိုအပ္ေသာ သူကို ရွာရန္ အၾကံေပးခဲ့သည္။

Brian Wong ရဲ႕ အဓိက ဆိုလိုရင္းကေတာ့ ေအာင္ျမင္မႈကို တည္ေဆာက္ဖို႕ လိုအပ္တဲ့ အဖြဲ႕၀င္ေတြ၊ ဦးေဆာင္သူေတြ၊ ထုိကဲ့သို႕ေသာ သူမ်ားနဲ႕အတူ ေအာင္ျမင္မႈကို အတူတစ္ကြယူေဆာင္ဖို႕၊ ေဘးနားမွာရွိေနတဲ့ အဖြဲ႕၀င္ေတြ ကူညီေပးခဲ့သူေတြအားလံုးကို ဘယ္ေတာ့မွ မေမ့ဖို႕ ျဖစ္ပါတယ္။

Unicode : Kiip ကုမ္ပဏီ ၏ CEO ဖြစ်သူ Brian Wong ပြောတဲ့ အောင်မြင်မှုဆိုတာ

brian wong

စွန့်ဦးတီထွင်တွေ ယနေ့ကမ္ဘာပေါ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး အချို့ကျတော့ အောင်မြင်မှု တွေ ဆွတ်ခူးနိုင်ခဲ့သလို အချို့တွေကတော့ ကျရှုံးမှုတွေလည်း ရင်ဆိုင်နေရပါတယ်။ အသက် ၂၆ နှစ်အရွယ် ကနေဒါ နိုင်ငံသား စွန့်ဦးတီထွင်တစ်ယောက်ဖြစ်သူ Brian Wong ကတော့ အောင်မြင်မှုနဲ့ပတ်သတ်ပြီး သူ့ရဲ့အဆိုကို CNBC မှာ မျှဝေပြောဆိုသွားပါတယ်။

Brian Wong ပြောတဲ့ အောင်မြင်မှုအကြောင်းကို မပြောခင် သူ့ရဲ့ နောက်ကြောင်းကို ပြန်ကြည့်လိုက်ရအောင်။ Brian Wong ဟာ ကနေဒါနိုင်ငံသားဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်မှာ အထက်တန်းကျောင်း၊ အသက် ၁၈ နှစ်အရွယ်မှာ ကောလိပ်ကျောင်းပညာရေးနဲ့ ပြီးခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ Kiip လို့ခေါ်တဲ့ Mobile Advertising Company တစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။ Kiip ဆိုတာ ကြေငြာလုပ်ငန်းအမျိုးအစားတစ်ခုဖြစ်ပြီး မိုဘိုင်းလ် Platform ရဲ့ အရှိန်အဟုန်တိုးတက်လာမှု ရေစီးကြောင်းနဲ့အတူ သူ့ရဲ့ ကြေငြာလုပ်ငန်းဟာလည်း တိုးတက်ခဲ့ပါတယ်။

သူ့ရဲ့ Kiip ကြေငြာလုပ်ငန်းမှာ McDonald’s နဲ့ Coca-Cola တို့လို ကုမ္ပဏီကြီးများပါ Advertiser များအနေနဲ့ ပါဝင်ကြေငြာခဲ့ပြီး တစ်နှစ်ထဲနဲ့ အမေရိကန် ဒေါ်လာ ၂၀ မီလီယံ အမြတ်ရရှိခဲ့ပါတယ်။ ဒါကြောင့် အသက် ၂၀ ထဲနဲ့ Brian Wong ဟာ မီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။

‘အောင်မြင်သူတစ်ယောက်ရဲ့ နောက်ကွယ်မှာ အဲ့ဒီလူကို အမြဲထောက်ပံ့ပေးနေတဲ့ အသင်းအဖွဲ့တစ်ဖွဲ့ရှိတယ်၊ အောင်မြင်မှုကို တစ်ဦးထဲ လုပ်ဆောင်သွားတာမဟုတ်ဘူး၊ အဖွဲ့လိုက် လုပ်ဆောင်သွားတာ ‘ ဟု Wong မှ ပြောခဲ့သည်။

Brian Wong ရဲ့ The Brian Operation Work မှာ အဖွဲ့ဝင် ၆ ဦးရှိပြီး Wong ရဲ့ ကိစ္စတွေကို အောင်မြင်စေဖို့ နောက်ကွယ်ကနေ လုပ်ဆောင်ပေးခဲ့သူတွေလည်း ဖြစ်ပါတယ်။ Wong မှာ အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် အလုပ်ကိစ္စတွေ နောက်ကျတာမျိုး၊ ချိန်းထားတာတွေ နောက်ကျတာမျိုးတွေ ဖြစ်လာရင် Wong ရဲ့ အဖွဲ့ဝင်တွေက Wong လုပ်ရမယ့် အချိန်ဇယားတွေကို ချက်ချင်းပြောင်းလဲ စီမံပေးပြီး သူတို့စီမံပေးထားတဲ့အတိုင်း Wong က လုပ်ရုံပါဘဲ။

wong-kiip

‘ ဒီလိုမျိုး မလုပ်ပေးထားရင် ကျနော် တိုင်ပတ်မှာဗျ ‘ ဟု Brian Wong က ပြောခဲ့သည်။ ‘ ကျနော် အံ့သြမိတာ တစ်ခုရှိသေးတယ်။ အောင်မြင်မှုနဲ့ပတ်သတ်ပြီး ဟောပြောပွဲတွေမှာ အောင်မြင်သူများရဲ့ နောက်ကွယ်က အဖွဲ့တွေ အကြောင်း ထည့်မပြောကြဘူး။ ထည့်ပြောဖို့ မေ့နေကြတာထင်တယ် ‘ ဟု Wong က ပြောခဲ့သည်။

တစ်ဆက်တည်းမှာဘဲ Wong က ‘ အောင်မြင်မှုဆိုတာ ငွေကြေးတစ်ခုတည်းကိုသာ ပြောတာမဟုတ်ပါဘူး၊ အောင်မြင်မှုဆိုတာ လွတ်လပ်မှုပေါ့ပါးမှုပါ။ ငွေရှိရုံတစ်ခုတည်းနဲ့ အောင်မြင်မှုလို့ ပြောမရပါဘူး။ ကိုယ်လုပ်ချင်တဲ့ အရာတွေ၊ ဖြစ်ချင်တဲ့အရာတွေကို လုပ်နိုင်တာက အောင်မြင်မှုပါ ‘ လို့ ပြောခဲ့ပါတယ်။

‘ ပျော်ရွှင်ခြင်းဆိုတာဟာ အောင်မြင်မှုမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ စိတ်ကျေနပ်မှု၊ စိတ်ခံစားမှု ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ လူအတော်များများဟာ ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းနဲ့ကို အဓိပ္ပာယ်ကောက်တာ လွဲကြတယ် ‘ ဟု Wong က မှတ်ချက်ပေးသည်။

brian

‘ ခင်ဗျားမှာ ပိုက်ဆံရှိချင်ရှိမယ်၊ ဒါပေမယ့် ခင်ဗျားအတွက် သင့်လောျ်တဲ့လူမျိုး၊ လုပ်ငန်းကို အောင်မြင်အောင် ကူညီထောက်ပံ့ပေးနိုင်မယ့် လူမျိုး မရသေးဘူးဆိုရင်တော့ ခင်ဗျားရဲ့ လုပ်ငန်းတွေအားလုံး အရှေ့ကို ရောက်အုံးမှာ မဟုတ်ဘူး။’ ဟု Wong က အောင်မြင်မှုအတွက် လိုအပ်သော သူကို ရှာရန် အကြံပေးခဲ့သည်။

Brian Wong ရဲ့ အဓိက ဆိုလိုရင်းကတော့ အောင်မြင်မှုကို တည်ဆောက်ဖို့ လိုအပ်တဲ့ အဖွဲ့ဝင်တွေ၊ ဦးဆောင်သူတွေ၊ ထိုကဲ့သို့သော သူများနဲ့အတူ အောင်မြင်မှုကို အတူတစ်ကွယူဆောင်ဖို့၊ ဘေးနားမှာရှိနေတဲ့ အဖွဲ့ဝင်တွေ ကူညီပေးခဲ့သူတွေအားလုံးကို ဘယ်တော့မှ မမေ့ဖို့ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: