Home Lifestyle Health ရုံးထိုင်သမားများအတွက် ထိုင်ခုံမှာထိုင်ရင်း အကြောဖြေရအောင်
0
Unicode : ရုံးထိုင်သမားများအတွက် ထိုင်ခုံမှာထိုင်ရင်း အကြောဖြေရအောင်
exercise
အလုပ်ထိုင်ခုံမှာ ထိုင်နေရင်း အညောင်းမိနေသလား။ အောက်ပါ ရိုးရှင်းတဲ့ နည်းလေးတွေသုံးပြီး အကြောဆန့်ကြည့်ရအောင်။
အကြောမဖြေခင် အရင်ဆုံး အသက်ကို ဝဝရှုပါ။ နာကျင်မှုခံစားရသည်အထိ အကြောကို မဆန့်ပါနှင့်။ နည်းလမ်းတစ်ခုဆီကို ၁၀စက္ကန့်အနည်းဆုံး လုပ်ကြည့်ပါ။
ပုံမှန်ဖြေးညင်းစွာလုပ်ဆောင်ပါ။
ရုံးတွင်း အကြောဖြေနည်။
၁။ လက်နှစ်ဖက်ကို အပေါ်ဖက်သို့ ရောက်နိုင်သမျှရောက်အောင် ဆန့်တန်းလိုက်ပါ။
၂။ လက်တစ်ဖက်ကို ခေါင်းပေါ်မှ ဖြတ်၍ အခြားပခုံးဖက်ကို လှမ်းထိပါ။ တခြားတစ်ဖက်ကို ခါးနား(သို့) ဘေးနားချထားပါ။
၃။ ဖိနပ်ချွတ်ပြီး ခြေချောင်း များကိုလှုပ်ရှားပါ။ ထိုနောက် ခါးကို ဖြောင့်တန်းစွာ ကုန်းပြီး လက်မှ ခြေချောင်းများကို လှမ်းထိပါ။
၄။ လက်ဝါးကို ခေါင်းအပေါ်နားရှိ နံရံသို့ ထိပြီး ပခုံးများနှင့် နောက်ကျောရိုးအတွက် အကြောဖြေပါ။
၅။လက်ကောက်ဝတ်နှင့် တံတောင်ဆစ်ကို စက်ဝိုင်းပုံလှည့်ပေးပါ။ ပြောင်းပြန်လည်း ပြန်လှည့်ပေးပါ။ ထိုနောက် လက်သီးဆုပ်အနေအထားဖြင့် ထပ်မံလုပ်ပါ။ keyboard အသုံးပြုမှုများသူအတွက် အလွန်အဆင်ပြေပါလိမ့်မည်။
၆။လည်ပင်းကို ရှေ့နောက် စက်ဝိုင်းပုံလှည့်ပြီး အကြောဖြေပါ။ ဖြေးဖြေးနှင့် မှန်မှန်သာ လုပ်ဆောင်ပါ။
၇။ခုံမှာထိုင်နေရင်းပင် ခြေထောက်တစ်ဖက်ကို တခြားတစ်ဖက်ပေါ်သို့ တင်ပါ။ ထိုနောက် နောက်တစ်ဖက်ကိုလည်း ထိုနည်းတူပြုလုပ်ပါ။ တင်ပါးနှင့် ခါးနား အကြောများကို ဖြေခြင်းပင်ဖြစ်သည်။
အားလုံးပဲ အညောင်းအညာပြေကြပါစေ။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: