Home News ဦး၀ီရသူမွ အစိုးရအား ဆင္းေပးရန္ ေတာင္းဆို

ဦး၀ီရသူမွ အစိုးရအား ဆင္းေပးရန္ ေတာင္းဆို

0

စေနေန႕တြင္ ဦး၀ီရသူမွ ထုတ္လႊင့္ခဲ့သည္ ၁၁ မိနစ္စာ ဗီဒီယိုအရ NLD အစိုးရအား ဆင္းသြားရန္ ေျပာဆိုလိုက္ျပီး မဘသ ဆိုင္းဘုတ္ျဖဳတ္သိမ္းသည့္ကိစၥႏွင့္ပတ္သတ္၍ ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

ႏိုင္ငံေတာ္သံဃမဟာနာကအဖြဲ႕(မဟန) က မွ မဘသ ဆိုင္းဘုတ္မ်ားကို ဇြန္လိုင္လ ၁၅ ရက္ေန႕ေနာက္ဆံုးထားျပီး ျဖဳတ္ခ်ရန္ သတ္မွတ္ေပးထားျပီး ထိုဆိုင္းဘုတ္ျဖဳတ္ရသည့္အေရးကိစၥႏွင့္ ပတ္သတ္၍ ဦး၀ီရသူမွ ‘ NLD အစိုးရ ဆင္းသြားတာ ေကာင္းတယ္။ မဘသကို လာမထိနဲ႔။ မဘသက အတိုက္အခံ မဟုတ္ဘူး။ အစိုးရက မလုပ္ႏိုင္တဲ့ အမ်ိဳးဘာသာကို မဘသ က အကာအကြယ္ေပးေနတာ ‘ ဟု ဗီဒီယိုတြင္ ေျပာၾကားခဲ့သည္။

‘မဘသဟာ ဘာသာ သာသနာကို ကာကြယ္ေနတဲ့အဖြဲ႕ျဖစ္တယ္။ ဒီက႑မွာ အစိုးရက မကြၽမ္းက်င္ဘူး။ မဘသကို အျပစ္တင္ၿပီး တရားခံလာမရွာနဲ႔။ သတၱိရွိရင္ ပြင့္လင္းျမင္သာၿပီးေတာ့ ႏိုင္ငံကို ကြၽမ္းကြၽမ္းက်င္က်င္ စီမံႏိုင္သူေတြကို အာဏာလႊဲေပးလိုက္’ ဟုလည္း ဦး၀ီရသူက ေျပာဆိုလိုက္သည္။

ဦးသိန္းစိန္အစိုးရေနာက္ပိုင္းတြင္ ႏုိင္ငံ၏ စီးပြားေရးက်ဆင္းလာေၾကာင္း၊ ႏိုင္ငံေတာ္သည္ ဦးသိန္းစိန္ လက္ထက္တြင္ ပိုမိုေကာင္းမြန္ေၾကာင္း၊ ျငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ျငိမ္းခ်မ္းေရးကို ယခုမွ နားလည္စျပဳလာေၾကာင္း၊ ေဒၚစု ထင္သေလာက္မလြယ္ေၾကာင္းႏွင့္ ျပည္သူလူထုကို ၀န္ခံသင့္ေၾကာင္း ဦး၀ီရသူ၏ ဗီဒီယိုတြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

လက္ရွိတြင္ ျပန္ၾကားေရး၀န္ၾကီးဌာနမွ မႏၱေလးတိုင္းႏွင့္ ကရင္ျပည္နယ္ မဘသခြဲမ်ားကို သတိေပးထားေသာ္လည္း မဘသဆိုင္းဘုတ္မ်ားကို မျဖဳတ္ၾကေသးေခ်။

Unicode : ဦးဝီရသူမှ အစိုးရအား ဆင်းပေးရန် တောင်းဆို

စနေနေ့တွင် ဦးဝီရသူမှ ထုတ်လွှင့်ခဲ့သည် ၁၁ မိနစ်စာ ဗီဒီယိုအရ NLD အစိုးရအား ဆင်းသွားရန် ပြောဆိုလိုက်ပြီး မဘသ ဆိုင်းဘုတ်ဖြုတ်သိမ်းသည့်ကိစ္စနှင့်ပတ်သတ်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာကအဖွဲ့(မဟန) က မှ မဘသ ဆိုင်းဘုတ်များကို ဇွန်လိုင်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ဖြုတ်ချရန် သတ်မှတ်ပေးထားပြီး ထိုဆိုင်းဘုတ်ဖြုတ်ရသည့်အရေးကိစ္စနှင့် ပတ်သတ်၍ ဦးဝီရသူမှ ‘ NLD အစိုးရ ဆင်းသွားတာ ကောင်းတယ်။ မဘသကို လာမထိနဲ့။ မဘသက အတိုက်အခံ မဟုတ်ဘူး။ အစိုးရက မလုပ်နိုင်တဲ့ အမျိုးဘာသာကို မဘသ က အကာအကွယ်ပေးနေတာ ‘ ဟု ဗီဒီယိုတွင် ပြောကြားခဲ့သည်။

‘မဘသဟာ ဘာသာ သာသနာကို ကာကွယ်နေတဲ့အဖွဲ့ဖြစ်တယ်။ ဒီကဏ္ဍမှာ အစိုးရက မကျွမ်းကျင်ဘူး။ မဘသကို အပြစ်တင်ပြီး တရားခံလာမရှာနဲ့။ သတ္တိရှိရင် ပွင့်လင်းမြင်သာပြီးတော့ နိုင်ငံကို ကျွမ်းကျွမ်းကျင်ကျင် စီမံနိုင်သူတွေကို အာဏာလွှဲပေးလိုက်’ ဟုလည်း ဦးဝီရသူက ပြောဆိုလိုက်သည်။

ဦးသိန်းစိန်အစိုးရနောက်ပိုင်းတွင် နိုင်ငံ၏ စီးပွားရေးကျဆင်းလာကြောင်း၊ နိုင်ငံတော်သည် ဦးသိန်းစိန် လက်ထက်တွင် ပိုမိုကောင်းမွန်ကြောင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် ငြိမ်းချမ်းရေးကို ယခုမှ နားလည်စပြုလာကြောင်း၊ ဒေါ်စု ထင်သလောက်မလွယ်ကြောင်းနှင့် ပြည်သူလူထုကို ဝန်ခံသင့်ကြောင်း ဦးဝီရသူ၏ ဗီဒီယိုတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းနှင့် ကရင်ပြည်နယ် မဘသခွဲများကို သတိပေးထားသော်လည်း မဘသဆိုင်းဘုတ်များကို မဖြုတ်ကြသေးချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: