Home News ေန႕နံႏွင့္ ေက်ာက္မ်က္ရတနာတို႕၏ အစြမ္းသတၱိမ်ား

ေန႕နံႏွင့္ ေက်ာက္မ်က္ရတနာတို႕၏ အစြမ္းသတၱိမ်ား

0

ကၽြန္ေတာ္တို႔ျမန္မာႏိုင္ငံမွာ တန္ဖိုးရွိတဲ့ ေက်ာက္မ်က္ရတနာ အမ်ားအျပား ထြက္ရွိပါတယ္။ အဓိက ကေတာ့ ေက်ာက္စိမ္းျဖစ္ပါတယ္။ ေက်ာက္မ်က္ရတနာေတြကို တခ်ိဳ႕ေတြက အလွအပအတြက္ အသံုးျပဳၾကပါတယ္။ တခ်ိဳ႕ကေတာ့ ခ်စ္ျမတ္ႏိုးလို႔ တန္ဖိုးထားျပီး သိမ္းထားတတ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ အေဆာင္အျဖစ္ အသံုးျပဳၾကပါတယ္။ ေက်ာက္မ်က္ရတနာနဲ႔ပတ္သက္ျပီး ေျပာရရင္ေတာ့ ေျပာစရာအမ်ားၾကီးပါ။

အခ်ိဳ႕က အမိ မဟာပထ၀ီေျမၾကီးအတြင္းမွ သဘာ၀အေလ်ာက္ အျမဳေတျပဳကာ ထူးျခားေတာက္ေျပာင္ သည့္ ေက်ာက္မ်က္ရတနာမ်ားတြင္ တန္ခိုးဣဒိၶပါဒ္ တစ္မ်ိဳးမ်ိဳး ကိန္း၀ပ္ေနျပီး အဆိုပါ သိဒိၶအစြမ္းသည္ အာကာသ ေကာင္းကင္မွ နကၡတ္မ်ားႏွင့္ တစ္နည္းနည္းနဲ႕ ဆက္သြယ္မႈရွိသည္ဟု အယူအဆရွိၾကပါတယ္။ ထို႔ေၾကာင့္ သက္ဆိုင္ရာ ျဂိဳလ္နကၡတ္ႏွင့္ ဆက္ႏြယ္သည့္ ရတနာကို ေဆာင္ထားျခင္းျဖင့္ မေကာင္းေသာ ျဂိဳလ္စီးျဂိဳလ္နင္း မ်ားကို ဖယ္ရွားပစ္ႏိုင္ျပီး ေကာင္းေသာျဂိဳလ္တို လႊမ္းမိုးအက်ိဳးျပဳမႈကို ခံရမည္ဟု ယံုၾကည္ၾကသျဖင့္ ေန႔နံအလိုက္ ၀တ္ဆင္ရမည့္ ေက်ာက္မ်က္ရတနာဆိုတာ ျဖစ္ေပၚလာရပါေတာ့တယ္။

သူရိန္ေနမင္းႏွင့္ဆိုင္ေသာ ေက်ာက္မ်က္ရတနာသည္ ပတၱျမားျဖစ္ေသာေၾကာင့္ တနဂၤေႏြျဂိဳလ္အတြက္ ျဖစ္ပါတယ္။ စႏၵာ လမင္းႏွင့္ဆိုင္ေသာ တနလၤာျဂိဳလ္ကေတာ့ ပုလဲ လို႔ဆိုပါတယ္။ အဂၤါျဂိဳလ္အေနျဖင့္ သႏၱာေက်ာက္ေပၚတြင္ လႊမ္းမိုးမႈရွိျပီး ျမရတနာကို ဗုဒၶဟူးျဂိဳလ္က လႊမ္းမိုးသည္ဟု ယံုၾကည့္ၾကပါတယ္။

အ၀ါေရာင္သန္းေနတဲ့ နီလာေပၚမွာေတာ့ ၾကာသပေတးျဂိဳလ္က လႊမ္းမိုးျပီး၊ ေသာၾကာျဂိဳလ္ လႊမ္းမိုးထားတဲ့ ရတနာကေတာ့ စိန္ျဖစ္တယ္လို႔ေျပာၾကပါတယ္။ စေနျဂိဳလ္ကေတာ့ နီလာအျပာေပၚတြင္ လြမ္းမိုးျပီး ရာဟုျဂိဳလ္ မွာေတာ့ ေၾကာင္ရတနာေပၚမွာ လႊမ္းမိုးတယ္လို႔ အယူအဆ အသီးသီးရွိၾကပါတယ္။ ဒါကေတာ့ ေန႔နံအလိုက္ လိုက္ဖက္တဲ့ ေက်ာက္မ်က္ရတနာမ်ားျဖစ္ၾကပါတယ္။ ေက်ာက္ႏွင့္ပက္သတ္ျပီး သိခ်င္ေနတဲ့ ပရိသတ္ၾကီး အတြက္ အေထာက္အကူျဖစ္ေစရန္ရည္ရြယ္၍ တင္ျပလိုက္ပါတယ္။

Unicode: နေ့နံနှင့် ကျောက်မျက်ရတနာတို့၏ အစွမ်းသတ္တိများ

ကျွန်တော်တို့မြန်မာနိုင်ငံမှာ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာ အများအပြား ထွက်ရှိပါတယ်။ အဓိက ကတော့ ကျောက်စိမ်းဖြစ်ပါတယ်။ ကျောက်မျက်ရတနာတွေကို တချို့တွေက အလှအပအတွက် အသုံးပြုကြပါတယ်။ တချို့ကတော့ ချစ်မြတ်နိုးလို့ တန်ဖိုးထားပြီး သိမ်းထားတတ်ကြပါတယ်။ တချို့ကတော့ အဆောင်အဖြစ် အသုံးပြုကြပါတယ်။ ကျောက်မျက်ရတနာနဲ့ပတ်သက်ပြီး ပြောရရင်တော့ ပြောစရာအများကြီးပါ။

အချို့က အမိ မဟာပထဝီမြေကြီးအတွင်းမှ သဘာဝအလျောက် အမြုတေပြုကာ ထူးခြားတောက်ပြောင် သည့် ကျောက်မျက်ရတနာများတွင် တန်ခိုးဣဒ္ဓိပါဒ် တစ်မျိုးမျိုး ကိန်းဝပ်နေပြီး အဆိုပါ သိဒ္ဓိအစွမ်းသည် အာကာသ ကောင်းကင်မှ နက္ခတ်များနှင့် တစ်နည်းနည်းနဲ့ ဆက်သွယ်မှုရှိသည်ဟု အယူအဆရှိကြပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာ ဂြိုလ်နက္ခတ်နှင့် ဆက်နွယ်သည့် ရတနာကို ဆောင်ထားခြင်းဖြင့် မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း များကို ဖယ်ရှားပစ်နိုင်ပြီး ကောင်းသောဂြိုလ်တို လွှမ်းမိုးအကျိုးပြုမှုကို ခံရမည်ဟု ယုံကြည်ကြသဖြင့် နေ့နံအလိုက် ဝတ်ဆင်ရမည့် ကျောက်မျက်ရတနာဆိုတာ ဖြစ်ပေါ်လာရပါတော့တယ်။

သူရိန်နေမင်းနှင့်ဆိုင်သော ကျောက်မျက်ရတနာသည် ပတ္တမြားဖြစ်သောကြောင့် တနင်္ဂနွေဂြိုလ်အတွက် ဖြစ်ပါတယ်။ စန္ဒာ လမင်းနှင့်ဆိုင်သော တနင်္လာဂြိုလ်ကတော့ ပုလဲ လို့ဆိုပါတယ်။ အင်္ဂါဂြိုလ်အနေဖြင့် သန္တာကျောက်ပေါ်တွင် လွှမ်းမိုးမှုရှိပြီး မြရတနာကို ဗုဒ္ဓဟူးဂြိုလ်က လွှမ်းမိုးသည်ဟု ယုံကြည့်ကြပါတယ်။

အဝါရောင်သန်းနေတဲ့ နီလာပေါ်မှာတော့ ကြာသပတေးဂြိုလ်က လွှမ်းမိုးပြီး၊ သောကြာဂြိုလ် လွှမ်းမိုးထားတဲ့ ရတနာကတော့ စိန်ဖြစ်တယ်လို့ပြောကြပါတယ်။ စနေဂြိုလ်ကတော့ နီလာအပြာပေါ်တွင် လွမ်းမိုးပြီး ရာဟုဂြိုလ် မှာတော့ ကြောင်ရတနာပေါ်မှာ လွှမ်းမိုးတယ်လို့ အယူအဆ အသီးသီးရှိကြပါတယ်။ ဒါကတော့ နေ့နံအလိုက် လိုက်ဖက်တဲ့ ကျောက်မျက်ရတနာများဖြစ်ကြပါတယ်။ ကျောက်နှင့်ပက်သတ်ပြီး သိချင်နေတဲ့ ပရိသတ်ကြီး အတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ တင်ပြလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: