Home Tech စမတ်ဖုန်းတစ်လုံးအတွက် RAM ပမာဏာ အမှန်တကယ်လိုအပ်သလဲ
စမတ်ဖုန်းတစ်လုံးအတွက် RAM ပမာဏာ အမှန်တကယ်လိုအပ်သလဲ
0
မိုးဆက်ကို(STM)
UNIOCDE FONT:
စမက်ဖုန်းတစ်လုံးအတွက် RAM ပမာဏာ အမှန်တကယ်လိုအပ်သလဲ
ဒီနေ့လို ခေတ်မျိုးမှာ စမက်ဖုန်းတွေ ဝယ်ရတာ တော်တော်လေး စိတ်ရှုပ်ထွေးစရာပါပဲ။ အဲဒါတွေ ကတော့ များပြားလှတဲ့ အချက်အလက်တွေကို ကြည့်ရတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု ပြောမယ့်အကြောင်းကတော့ ဖုန်းတွေမှာ အဓိက နေရာကလိုမျိုး ပါ၀င်လာတဲ့ RAM ခေါ် Random Access Memory အကြောင်းပဲ ဖြစ်ပါတယ်။
ဖုန်းတစ်လုံးအတွက် အလိုအပ်ဆုံးRAM ပမာဏဟာ ဘယ်လောက်လဲဆိုတာ သိချင်နေတယ်ဆို ရင် အဲဒါ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီမေးခွန်းဟာ စမက်ဖုန်းသုံးသူတွေကြားမှာ ခဏ ခဏ မေးနေ ကြားနေရတဲ့ စကားပါပဲ။ ဒါကြောင့် ဒီအကြောင်းနဲ့ပတ်သက်ပြီး RAM ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လို အလုပ်လုပ်လဲ၊ တကယ်ပဲစမက်ဖုန်းတွေဟာ မရှိမဖြစ် လိုအပ်တဲ့ အရာလား ဆိုတာတွေကို သိနိုင်အောင် ကျွမ်းကျင်ပညာရှင်တွေကို မေးမြန်းထားတာလေးတွေကို ပြန်လည်မ ျှဝေပေးချင်ပါတယ်။
RAM ဘယ်လို အလုပ် လုပ်လဲ
“စမက်ဖုန်းတွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကထက် ယခုအချိန်မှာပိုပြီး လုပ်ဆောင်လာကြတဲ့ အရာတွေဖြစ်လာပါတယ်” လို့ Piriform ထုတ်ကုန်တွေရဲ့ ဥက္ကဌဖြစ်တဲ့ Vishal Kara က လက်ရှိ Digital trand နဲ့ပတ်သက်ပြီး ပြောပြပါတယ်။
ကျွန်တေ်ာတို့ဟာ app တွေ Game တွေကို ဖုန်းထဲကို install လုပ်ကြပါတယ်။ အဲဒီမှာ CPU (Central Processing Unit) နဲ့ GPU (Graphics Processing Unit) တွေက လုပ်ဆောင်ကြရပါ တယ်။ ဒါဆိုရင် RAM တွေက ဘယ်အလုပ်ကို လုပ်ကြသလဲ။
“စမက်ဖုန်းတွေအတွက် multitasking အလုပ်လုပ်နိုင်ဖို့အတွက် instant access memory လို့ ခေါ်တဲ့ အစားထိုးမှတ်ညဏ်တွေကို လိုအပ်ပါတယ်။ ဒီလို လိုအပ်ချက်အတွက် RAM တွေဟာ အလုပ် လုပ်ပေးပါတယ်” လို့ Vishal Kara က ပြောပါတယ်။ “RAM တွေဟာ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ အတွက် တစ်ခုတည်းသော မရှိမဖြစ်ပါပဲ။ ဂိမ်းတစ်ခု ကစားတော့မယ် ဆိုရင် RAM ပေါ်ကို ဂိမ်းရဲ့ လုပ်ဆောင်ချက်တွေကို ဆွဲယူပြီး RAM ပေါ်မှာ လုပ်ဆောင်ပါတယ်။ ဂိမ်းကို Reflash လို့ခေါ်တဲ့ အစကနေ ပြန်မစမချင်း ဂိမ်းရဲ့ လုပ်ဆောင်ချက်တွေကို RAM ပေါ်ကနေ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် RAM ဟာ ဖုန်းတစ်လုံးမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ သိသာပါတယ်” လို့ ပြောပါတယ်။
သီအိုရီအရ ပြောမယ်ဆိုရင် RAM များလေလေ၊ လုပ်ဆောင်ချက်တွေ ပိုမြန်မြန်လုပ်နိုင်လေဖြစ် ကာ တစ်ကြိမ်တည်းမှာ app တွေ များများစားစားကို လုပ်ဆောင်နိုင်လေ ဖြစ်ပါတယ်။
“ ဒါကြောင့် RAM ဟာ ဖုန်းတစ်လုံးအတွက် ဘယ်လောက်အထိ မရှိမဖြစ် လိုအပ်လဲဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး။ ဒါကြောင့် စမက်ဖုန်းတစ်လုံး ကောင်းကောင်း အလုပ်လုပ်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းကနေ ပါ၀င်နေတယ်ဆိုတာ သိသာပါတယ်” လို့ Vishal Kara က ရှင်း ပြပါတယ်။  Windows PC တွေနဲ့မတူတဲ့ အချက်တစ်ခုကတော့ စမက်ဖုန်းတွေဟာ app တစ်ခုခု run နေရင် အခြား app ကို load မလုပ်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် RAM တွေဟာ app တွေကို နောက်ကွယ်ကနေ run နေနိုင်ပါတယ်။ ဥပမာ အနေဖြင့် email တွေကို အချိန်န့ဲတစ်ပြေးညီ သိနိုင်အောင် အသုံး၀င်လှပါတယ်။
ပထမဆုံးအနေဖြင့် Android စမက်ဖုန်းဖြစ်သော T-Mobile G1 စမက်ဖုန်းဟာ RAM 192 MB ပါ၀င်သလို iPhone ရဲ့ ပထမဆုံးဖုန်းဟာလည်း RAM 128 MB RAM ဖြစ်ပါတယ်။ အဲဒီကနေ တစ်ဆင့်ပြီး တစ်ဆင့်တက်လာလိုက်တာ အခုဆိုရင် RAM 8GB အထိ ရှိလာတဲ့ စမက်ဖုန်းတွေကို ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်။
8GB RAM ဆိုတာ အတော်လေးကို များပြားလာတဲ့ ပမာဏဖြစ်လာပါပြီ။ ဒါကြောင့်လဲ ဖုန်းတွေရဲ့ နောက်ကွယ်မှာ လုပ်ဆောင်ချက်တွေဟာ ပိုမိုထိရောက်မှုတွေဖြစ်လာပါတယ်။ ဒါပေမယ့် 8GB RAM ကြောင့် ဖုန်းအတွက် ပါဝါအသုံးပြုမှုဟာလည်း ပိုမိုများပြားလာပါတယ်။ နောက်ဆုံး flagship စမက်ဖုန်းတွေ အားလုံးဟာ အနည်းဆုံး RAM 4GB မပါမရှိ ပါ၀င်လာကြပြီဖြစ်ပါတယ်။ အခုဆိုရင် 4GB ကနေ 8GB အထိ ပါ၀င်လာကြပြီ ဖြစ်ပါတယ်။
သာမန်အားဖြင့် ဖုန်းတစ်လုံးမှာ RAM များလေ ပိုကောင်းလေဖြစ်ပေမယ့် ဒါဟာ တကယ်ပဲ မရှိ မဖြစ် လိုအပ်နေသလားဆိုတာလဲ သိဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ RAM လိုအပ်ချက်ဟာ တစ်နေ့ထက် တစ်နေ့ပိုပိုပြီး များလာပါတယ်။ ဘာလို့လဲ ဆိုတော့ ပ ျှမ်းမ ျအနေဖြင့် စမက်ဖုန်းတစ်လုံးအသုံးပြုသူတွေဟာ တစ်နေ့ကို အနည်းဆုံး app ၉  မျိုးကနေ တစ်လကို အမျိုးမျိုးသော app ပေါင်း ၃၀ ကျော်အထိကို သုံးစွဲကြပါတယ်။ ပ ျှမ်းမ ျှအား ဖြင့် RAM 2.3GB အတွက် အသုံးပြုခဲ့ကြတဲ့ အရေအတွက်ကတော့ ၄၇ ခုကျော်အထိ ရှိနေပါတယ်။
ဒါအပြင် ကျွန်တော်တို့ဟာ RAM တွေကို ပိုမိုလိုအပ်လာသလို app တွေ ထည့်သွင်းဖို့အတွက် လည်း ဒေတာပမာဏဟာလည်း ပိုမိုလိုအပ်လာပါတယ်။ ဥပမာအနေဖြင့် OnePlus 5 ဟာ ဆိုရင် RAM 8GB နှင့် Storage အတွက် 128GB အထိ ရှိလာပါပြီ။ ဒါမှလည်း လုံလောက်တဲ့ app တွေကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် RAM ပမာဏများလေလေ ပါဝါအသုံးပြုမှု များလေလေ ဖြစ်ကာ ဘက်ထရီသက်တမ်းကို တိုတောင်းနေပါတယ်။ ဒါကြောင့် RAM ဟာ ဘက်ထရီသုံးစွဲမှုနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။ တကယ်လို့ သင့်အနေဖြင့် RAM ကို အသုံးမပြုဘူးဆိုရင် ဘက်ထရီဟာလည်း ပိုကုန်ဖို့မရှိပါဘူး။ အစောပိုင်းက ပြောခဲ့သလိုပဲ နောက်ကွယ်ကနေ အသုံးပြုနေတ့ဲ app တွေ အတွက်တော့ ဆက်စပ်ပြီး ကုန်ကျစရာတော့ ရှိနေပါတယ်။
Android ဖုန်းတွေဟာ အနည်းဆုံး RAM 2GB ကနေ 4GB ဟာ ပုံမှန်ပါနေကြလို့ ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် 6GB RAM ကနေ 8GB အထိကို ရှိလာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ iPhone ကတော့ ဒီစာရင်းထဲ မပါ၀င်ပါဘူး။
Apple အနေဖြင့်တော့ အဆိုပါ RAM တွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြောလေ့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သိရတာကတော့  iPhone တွေကို စမ်းသပ်ချက်များအရ iPhone 7 မှာ RAM 32GB ဟာ ပါ၀င်သော်လည်း iPhone 7 Plus မှာတော့ RAM 3 GB အထိ ပါ၀င်ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် iOS နဲ့ Andoird တွေကြားမှာ ကွဲပြားခြားနားတဲ့ memory ကို ဘယ်လို စီမံခန့်ခွဲမှုတွေ ကွာခြားလဲဆိုတာ သိနိုင်ပါတယ်။ iOS နဲ့ Android ကြားမှာ ဘယ်လိုပင် ကွဲပြားခြားနားနေပါစေ၊ သေချာတာကတော့ RAM ကို အသုံးချရတာကတော့ တူညီကြပါတယ်။
Apple နှင့် Huawei ဟာ ဒီဆောင်းပါးနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးဖို့ မရှိခဲ့ကြသလို LG နဲ့ HTC ကလည်း ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆန္ဒမရှိကြပါဘူး။
မိုးဆက်ကို(STM)
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: