Home News ရုပ္ရွင္ရံုမ်ားအတြက္ ကမၻာ႕ပထမဆံုးေသာ ဖန္သားအသံုးျပဳထားသည့္ မ်က္ႏွာျပင္ကို Samsung မွ တီထြင္ဖန္တီး

ရုပ္ရွင္ရံုမ်ားအတြက္ ကမၻာ႕ပထမဆံုးေသာ ဖန္သားအသံုးျပဳထားသည့္ မ်က္ႏွာျပင္ကို Samsung မွ တီထြင္ဖန္တီး

0

ရုပ္ရွင္ရံုမ်ားတြင္ ျပသသည့္ ဖန္သားမ်က္ႏွာျပင္ကို Samsung မွကမၻာ့ပထမဆံုး အျဖစ္ ဖန္တီးႏုိင္ ခဲ့ၿပီျဖစ္ပါတယ္။ အဆုိပါ ဖန္သားျပင္ကို ပရိုဂ်က္တာ မပါပဲၾကည့္ရႈႏုိင္မွာျဖစ္ၿပီး သူ႔ရဲ႕ ရုပ္ထြက္ေတြ အတြက္ LED ေတြကို အသံုးျပဳကာ တည္ေဆာက္ထားျခင္း ျဖစ္ပါတယ္။

ပထမဆံုးအေနျဖင့္ အဆိုပါ LED screen ကို Lotte Cinema World Tower တြင္ ၿပီးခဲ့သည့္ ေသာၾကာေန႔က စတင္ျပသထားပါတယ္။ Samsung Electronic မွ တာ၀န္ရွိသူတစ္ဦးက ေျပာ တာ ကေတာ့ theater system မွာ လုပ္ေဆာင္ခ်က္ကေတာ့ ultrahigh-definition 4K အရည္အေသြးရွိ ရုပ္ထြက္ေတြကို ေထာက္ပံ႔ေပးႏုိင္ၿပီး အသံအရည္အေသြးပိုင္းကိုေတာ့ Harman International ရဲ႕ Audio System ကို အသံုးျပဳထားပါတယ္လို႔ ဆိုပါတယ္။

အဆိုပါ ရုပ္ရွင္ဖန္သားျပင္သာ ပံုမွန္ျမင္ေတြ႔ေနၾကေသာ ရုပ္ရွင္ရုံေတြမွာသံုးတဲ့ အရည္အေသြး ထက္ ပိုမိုေတာက္ပၿပီး အေရာင္အေသြးလည္း ပိုမိုစံုလင္တယ္လို႔ဆုိပါတယ္။

ၾကာသပေတးေန႔က ျပဳလုပ္ခဲ့တဲ့ premier event မွာ ေတာင္ကိုရီးယားရဲ႕ ဒါရိုက္တာျဖစ္ေသာ Yang Woo-su ကေတာ့ ဒါဟာ ႏွစ္ေပါင္း ၁၂၅ ရွည္ၾကာခဲ့တဲ့ ရုပ္ရွင္သမုိင္းမွာ ပရိုဂ်က္တာ ေတြေနရာမွာ အစားထိုးၿပီး ဆန္းသစ္တီထြင္မႈ အေျပာင္းအလဲ ကို ေဆာင္ၾကဥ္းေပး ႏုိင္ခဲ့ၿပီျဖစ္ ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အဆုိပါ ရုပ္ရွင္ဖန္သားျပင္ဟာ ၁၈ ေပ(၂၁၆ လက္မ) အထိ ႀကီးမားက်ယ္ျပန္႔ပါတယ္။ အဆိုပါ LED Cinema screen ကို ပထမဆံုးအႀကိမ္ျဖစ္ မတ္လတုန္းက Las Vegas မွာ က်င္းပခဲ့တဲ့ CinemaCon trade show မွာ စတင္ျပသခဲ့ပါတယ္။

မိုးဆက္ကို(STM)

UNICODE FONT:

Samsung မှ ကမ္ဘာ့ ပထမဆုံး ရုပ်ရှင်ရုံးများတွင် အသုံးပြုနိုင်မည့် ဖန်သားဖြင့်ကို ဖန်တီး

ရုပ်ရှင်ရုံများတွင် ပြသသည့် ဖန်သားမျက်နှာပြင်ကို Samsung မှကမ္ဘာ့ပထမဆုံး အဖြစ် ဖန်တီးနိုင် ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ဖန်သားပြင်ကို ပရိုဂျက်တာ မပါပဲကြည့်ရှုနိုင်မှာဖြစ်ပြီး သူ့ရဲ့ ရုပ်ထွက်တွေ အတွက် LED တွေကို အသုံးပြုကာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

ပထမဆုံးအနေဖြင့် အဆိုပါ LED screen ကို Lotte Cinema World Tower တွင် ပြီးခဲ့သည့် သောကြာနေ့က စတင်ပြသထားပါတယ်။ Samsung Electronic မှ တာ၀န်ရှိသူတစ်ဦးက ပြော တာ ကတော့ theater system မှာ လုပ်ဆောင်ချက်ကတော့ ultrahigh-definition 4K အရည်အသွေးရှိ ရုပ်ထွက်တွေကို ထောက်ပံ့ပေးနိုင်ပြီး အသံအရည်အသွေးပိုင်းကိုတော့ Harman International ရဲ့ Audio System ကို အသုံးပြုထားပါတယ်လို့ ဆိုပါတယ်။

အဆိုပါ ရုပ်ရှင်ဖန်သားပြင်သာ ပုံမှန်မြင်တွေ့နေကြသော ရုပ်ရှင်ရုံတွေမှာသုံးတဲ့ အရည်အသွေး ထက် ပိုမိုတောက်ပပြီး အရောင်အသွေးလည်း ပိုမိုစုံလင်တယ်လို့ဆိုပါတယ်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ premier event မှာ တောင်ကိုရီးယားရဲ့ ဒါရိုက်တာဖြစ်သော Yang Woo-su ကတော့ ဒါဟာ နှစ်ပေါင်း ၁၂၅ ရှည်ကြာခဲ့တဲ့ ရုပ်ရှင်သမိုင်းမှာ ပရိုဂျက်တာ တွေနေရာမှာ အစားထိုးပြီး ဆန်းသစ်တီထွင်မှု အပြောင်းအလဲ ကို ဆောင်ကြဉ်းပေး နိုင်ခဲ့ပြီဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ဖန်သားပြင်ဟာ ၁၈ ပေ(၂၁၆ လက်မ) အထိ ကြီးမားကျယ်ပြန့်ပါတယ်။ အဆိုပါ LED Cinema screen ကို ပထမဆုံးအကြိမ်ဖြစ် မတ်လတုန်းက Las Vegas မှာ ကျင်းပခဲ့တဲ့ CinemaCon trade show မှာ စတင်ပြသခဲ့ပါတယ်။

မိုးဆက်ကို(MMA)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: