Home News Google Play မွတစ္ဆင့္ Duo app ကို install ျပဳလုပ္သူ သန္း ၁၀၀ ေက်ာ္ရွိလာ

Google Play မွတစ္ဆင့္ Duo app ကို install ျပဳလုပ္သူ သန္း ၁၀၀ ေက်ာ္ရွိလာ

0

Google အေနျဖင့္ Allo ႏွင့္ Duo ဆိုတဲ့ app ႏွစ္ခုကို ၂၀၁၆ ခုႏွစ္ ေမလ ၁၈ ရက္ေန႔မွာက်င္းပတဲ့ Google Developer Conference မွာ စတင္မိတ္ဆက္ခဲ့ၿပီး ေနာက္ပိုင္း Duo app ဟာ ပိုမိုျပည့္စံုတဲ့ app တစ္ခု ျဖစ္လာခဲ့ပါတယ္။

Allo ဆိုတာကေတာ့ ဖုနး္တစ္လံုးကေန အျခားဖုန္းတစ္လံုးကို messeging ေပးပို႔ႏုိ္င္တဲ့ app တစ္ခုျဖစ္ပါတယ္။ Duo ကေတာ့ ဖုန္းတစ္လံုးကေန အျခားဖုန္းတစ္လံုးကို ဗီဒီယိုဖုန္းေခၚဆိုမႈ ျပဳလုပ္ႏုိင္တဲ့ app တစ္ခု ျဖစ္ပါတယ္။ သတိျပဳစရာ အခ်က္တစ္ခုကေတာ့ Duo app ဟာ ဖုန္းနံပါတ္ကို အေျချပဳၿပီး အဆိုပါ ဖုန္းနံပါတ္ အခ်င္းခ်င္းၾကားမွာ ဗီဒီယိုေခၚဆိုမႈအတြက္ ၾကားခံဆက္သြယ္ေပးတ့ဲ app ပံုစံမ်ိဳး ျဖစ္ေနျခင္း ပါပဲ။

Allo ဟာ Instant messenger app တစ္ခုျဖစ္ခဲ့ေပမယ္႔ လုပ္ေဆာင္ခ်က္ပိုင္းမွာ ေ၀ဖန္မႈေတြ ခံရသလို Web app ႏွင့္ Desktop app ေတြကိုလည္း ဆက္လက္ မထုတ္လုပ္ႏုိင္ပဲ ရွိေနခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Duo app ဟာ ပိုမိုေကာင္းမြန္တဲ့ app တစ္ခု ျဖစ္လာခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ Play Store ကေန တိုက္ရိုက္ install ျပဳလုပ္သူ သန္း ၁၀၀ ေက်ာ္ခဲ့ၿပီမုိ႔ အဓီက ထုတ္ကုန္တစ္ခုအျဖစ္ မွတ္တုိင္တစ္ခု စိုက္ထူႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။

အဆိုပါ သန္း ၁၀၀ ေက်ာ္ဆိုတဲ့ အေရအတြက္ဟာ Duo app ကို ဖုန္းေတြထဲမွာ ထည့္သြင္းထား တဲ့ အေရအတြက္ ျဖစ္ၿပီး ေျမာက္ျမားစြာေသာ OEMs ေတြရဲ႕ဖုန္းေတြထဲမွာ ထည့္သြင္းတာလည္း ပါ၀င္ပါတယ္။ Duo app ဟာ အလြန္ေကာင္းမြန္တဲ့ cross-platform ဗီဒီယိုခ်က္တင္ အသံုးျပဳႏုိင္တဲ့ app တစ္ခုျဖစ္ပါတယ္။

စတင္ထုတ္လုပ္တဲ့ အခ်ိန္ကစလို႔ ေနာက္ပိုင္းမွာ Duo app အတြက္ အသံုး၀င္တဲ့ Features တစ္ခ်ိဳ႕ကိုလည္း ထပ္မံထည့္သြင္းေပးခဲ့ပါတယ္။ ဗီဒီယိုေခၚဆိုမႈ မရခင္ အသံနဲ႔ ဖုန္းေခၚႏုိင္တာကို တကမၻာလံုးကို ဧၿပီလက စတင္၀န္ေဆာင္မႈ ေပးခဲ့ၿပီး Picture-in-Picture လုပ္ေဆာင္ခ်က္ကို ေတာ့ ေမလမွာ စတင္ေပးခဲ့ပါတယ္။

မိုးဆက္ကို(STM)

UNICODE FONT: 

Google Play မှတစ်ဆင့် Duo app ကို install ပြုလုပ်သူ သန်း ၁၀၀ ကျော်ရှိလာ

Google အနေဖြင့် Allo နှင့် Duo ဆိုတဲ့ app နှစ်ခုကို ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်နေ့မှာကျင်းပတဲ့ Google Developer Conference မှာ စတင်မိတ်ဆက်ခဲ့ပြီး နောက်ပိုင်း Duo app ဟာ ပိုမိုပြည့်စုံတဲ့ app တစ်ခု ဖြစ်လာခဲ့ပါတယ်။

Allo ဆိုတာကတော့ ဖုနး်တစ်လုံးကနေ အခြားဖုန်းတစ်လုံးကို messeging ပေးပို့နို်င်တဲ့ app တစ်ခုဖြစ်ပါတယ်။ Duo ကတော့ ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ သတိပြုစရာ အချက်တစ်ခုကတော့ Duo app ဟာ ဖုန်းနံပါတ်ကို အခြေပြုပြီး အဆိုပါ ဖုန်းနံပါတ် အချင်းချင်းကြားမှာ ဗီဒီယိုခေါ်ဆိုမှုအတွက် ကြားခံဆက်သွယ်ပေးတ့ဲ app ပုံစံမျိုး ဖြစ်နေခြင်း ပါပဲ။

Allo ဟာ Instant messenger app တစ်ခုဖြစ်ခဲ့ပေမယ့် လုပ်ဆောင်ချက်ပိုင်းမှာ ေ၀ဖန်မှုတွေ ခံရသလို Web app နှင့် Desktop app တွေကိုလည်း ဆက်လက် မထုတ်လုပ်နိုင်ပဲ ရှိနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Duo app ဟာ ပိုမိုကောင်းမွန်တဲ့ app တစ်ခု ဖြစ်လာခဲ့ပါတယ်။

အခုအချိန်မှာတော့ Play Store ကနေ တိုက်ရိုက် install ပြုလုပ်သူ သန်း ၁၀၀ ကျော်ခဲ့ပြီမို့ အဓီက ထုတ်ကုန်တစ်ခုအဖြစ် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ သန်း ၁၀၀ ကျော်ဆိုတဲ့ အရေအတွက်ဟာ Duo app ကို ဖုန်းတွေထဲမှာ ထည့်သွင်းထား တဲ့ အရေအတွက် ဖြစ်ပြီး မြောက်မြားစွာသော OEMs တွေရဲ့ဖုန်းတွေထဲမှာ ထည့်သွင်းတာလည်း ပါ၀င်ပါတယ်။ Duo app ဟာ အလွန်ကောင်းမွန်တဲ့ cross-platform ဗီဒီယိုချက်တင် အသုံးပြုနိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။

စတင်ထုတ်လုပ်တဲ့ အချိန်ကစလို့ နောက်ပိုင်းမှာ Duo app အတွက် အသုံး၀င်တဲ့ Features တစ်ချို့ကိုလည်း ထပ်မံထည့်သွင်းပေးခဲ့ပါတယ်။ ဗီဒီယိုခေါ်ဆိုမှု မရခင် အသံနဲ့ ဖုန်းခေါ်နိုင်တာကို တကမ္ဘာလုံးကို ဧပြီလက စတင်၀န်ဆောင်မှု ပေးခဲ့ပြီး Picture-in-Picture လုပ်ဆောင်ချက်ကို တော့ မေလမှာ စတင်ပေးခဲ့ပါတယ်။

မိုးဆက်ကို(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: