Home Lifestyle ဒရုန်း ( Drone) လွှတ်သူများသာ ရရှိမယ့် ကျန်းမာရေးကျေးဇူးတွေ
0
ဥာဏ်ထက်မြက်လာခြင်း
တစ်ခုခုကို အာရုံစူးစိုက်လုပ်ခြင်းဟာ မှတ်ဥာဏ်စွမ်းကို တိုးလာနိုင်သလို ဒရုန်းလွှတ်ခြင်းဖြင့် စိတ်ကိုပျော်ရွင်စေပြီး ၄င်းကို ထိန်းချုပ်ရသည့်အတွက် စိတ်ကိုလွှင့်မသွားစေဘဲ တစ်နေရာထဲတွင် တည်ငြိမ်လာနိုင်စေပါတယ်။ အမြန်နှုန်းနဲ့ ရိုက်ကူးဖို့ နည်းသစ်များကို ရှာဖွေရသည်မှာ စိတ်လှုပ်ရှားဖွယ်ရာကောင်းပြီး သင် ရိုက်ကူးထားသည်များကို ပြန်လည်ကြည့်ရှုပြီး ဖန်တီးမှုအသစ်များကို ပိုမိုလုပ်ဆောင်လာနိုင်စေပါတယ်။
Unicode : ဒရုန်း ( Drone) လွှတ်သူများသာ ရရှိမယ့် ကျန်းမာရေးကျေးဇူးတွေ
drone-lifestyle
အတော်များများကတော့ ဒရုန်းကို အပျော်တမ်း လွှတ်ကစားနေသည်ဟုထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒရုန်းလွှတ်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အချက်များ ရှိနေတယ်ဆိုတာ လူသိနည်းပါသေးတယ်။
အပြင်ထွက် လှုပ်ရှားမှုဖြစ်ခြင်း
ဒရုန်းလွှတ်ခြင်းသည် ထိုင်ခုံတွင် ထိုင်နေရသည်မဟုတ်ဘဲ ဖန်တီးမှုအသစ်များပြုလုပ်နိုင်ခြင်း၊ ဥပမာ တောင်တက်ခြင်းကဲ့သို့ အမြင့်တစ်နေရာကို ယူသွားပြီး ရိုက်ကူးယူနိုင်ခြင်း၊ ကမ်းခြေလိုနေရာမျိုးတွင် မိသားစုနှင့်အတူ ဒါမှမဟုတ် မိတ်ဆွေများနဲ့အတူ ရိုက်ကူးမှတ်တမ်းတင်တာမျိုးတွေ လုပ်နိုင်ပါတယ်။
သူငယ်ချင်းမိတ်ဆွေသစ်များတိုးလာခြင်း
Facebook လိုလူမှုကွန်ရက်ပေါ်က ဓာတ်ပုံဝါသနာရှင်များအဖွဲ့လိုမျိုးတွေမှာ သင်ဖန်တီးထားတဲ့ ဒရုန်းနှင့် ရိုက်ကူးမှုများကို ဝေမျှနိုင်ပါသေးတယ်။ ဒါ့အပြင် ဝါသနာတူ လူသစ်များနှင့် တွေ့ဆုံခင်မင်ရင်းနှီးလာပြီး သင့်ကို စိတ်ကျေနပ်မှု၊
ဉာဏ်ထက်မြက်လာခြင်း
တစ်ခုခုကို အာရုံစူးစိုက်လုပ်ခြင်းဟာ မှတ်ဉာဏ်စွမ်းကို တိုးလာနိုင်သလို ဒရုန်းလွှတ်ခြင်းဖြင့် စိတ်ကိုပျော်ရွင်စေပြီး ၎င်းကို ထိန်းချုပ်ရသည့်အတွက် စိတ်ကိုလွှင့်မသွားစေဘဲ တစ်နေရာထဲတွင် တည်ငြိမ်လာနိုင်စေပါတယ်။ အမြန်နှုန်းနဲ့ ရိုက်ကူးဖို့ နည်းသစ်များကို ရှာဖွေရသည်မှာ စိတ်လှုပ်ရှားဖွယ်ရာကောင်းပြီး သင် ရိုုက်ကူးထားသည်များကို ပြန်လည်ကြည့်ရှုပြီး ဖန်တီးမှုအသစ်များကို ပိုမိုလုပ်ဆောင်လာနိုင်စေပါတယ်။
ဒရုန်းဖြင့် လုပ်ဆောင်ချက်အသစ်များပြုလုပ်နိုင်ခြင်း
ဓါတ်ပုံဆရာများအနေဖြင့် ဒရုန်းလွှတ်ပြီး ရိုက်ကူးမှုမြင်ကွင်းသစ်များကို ဖန်တီးနိုင်သလို Awesome Drones website တွင် သင့်အနေဖြင့် ထိုသို့ရိုက်ကူးနည်းများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ဒါ့အပြင် အသစ်ရလာမည့့် ဝါသနာတူ မိတ်ဆွေများဖြင့်ပူးပေါင်းပြီး အဖွဲထောင်ကာ အတွေ့အကြုံများကို ဝေမျှနိုင်ပါသေးတယ်။
ယခုနောက်ပိုင်းမှာ ဒရုန်းအသုံးပြုမှုများပြားလာပြီဖြစ်သလို သင့်အနေဖြင့် မိမိနဲ့ ကိုက်ညီမယ့် အမျိုးအစားကို ရှာဖွေဝယ်ယူသင့်ပါတယ်။
ကဲအခုပဲ လက်ထဲ ဒရုန်းရှိနေပြီဆိုရင် သင့်ကျန်းမာရေးအတွက် အပြင်ထွက် ၊ လေကောင်းလေသန့်ရှုရိုက်လိုက်ပါ။ မိတ်ဆွေအသစ်များနှင့်အတူ ကျန်းမာပျော်ရွင်သော ဘဝကိုလျောက်လှမ်းလိုက်ပါတော့။ သင့်ရဲ့ ဝါသနာတူမိတ်ဆွေသစ်များနဲ့ ဖန်တီးမှုအသစ်များကို ပြုလုပ်ပြီး စိတ်ချမ်းသာမှုကို စားသုံးလိုက်ပါတော့။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: