Home News ပိုက်ဆံမတတ်နိုင်တဲ့သူတွေကို ဥပဒေရေးရာအတွက် ကူညီတုန့်ပြန်ပေးမယ့် DoNotPlay စက်ရုပ်
ပိုက်ဆံမတတ်နိုင်တဲ့သူတွေကို ဥပဒေရေးရာအတွက် ကူညီတုန့်ပြန်ပေးမယ့် DoNotPlay စက်ရုပ်
0
robot vs human
Unicode : ပိုက်ဆံမတတ်နိုင်တဲ့သူတွေကို ဥပဒေရေးရာအတွက် ကူညီတုန့်ပြန်ပေးမယ့် DoNotPlay စက်ရုပ်
donotplayrobot
မှောင်ခို စီးပွားရေး သမားတွေ အတွက် သတိပြုစရာ ဖြစ်လာပါပြီ။ သင်သာတစ်ကယ်လို့ မကောင်းတာ တစ်ခုုခု လုပ်ထားမယ်ဆိုရင် တော့ ဒီစက်ရုပ် က သင့် ဆီကို ရောက်လာမှာပါ။ DoNotPay လို့ ခေါ်တဲ့ ဥပဒေအကူ ကိုမွမ်းမံ မှုတွေ ထပ်လုပ်ထားပြီး နယ်ပယ်တစ်ထောင်လောက် ရှိတဲ့ ဥပဒေနဲ့ ပတ်သက် တဲ့ ဖြေရှင်း စရာကိစ္စ ရပ်တွေကို ကိုင်တွယ်ဖြေရှင်းပေးသွားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး အသက်ဝင်လာပြီဖြစ်ရာ သုံးစွဲ သူတွေကို ကာကွယ်ပေးသွား မှာဖြစ်ပြီး အလုပ်အကိုင် နဲ့ ပတ်သက်ပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေအတွက်လည်း ကူညီပေးသွားမှာပါ။ အဆိုပါ စက်ရုပ်ကို UK နဲ့ အခြားပြည်နယ် ၅၀ မှာ အသုံးပြုလို့ ရမှာပါ။
ဒီစက်ရုပ်က ကားဒရိုင် ဘာကို ပါကင်ထိုး ဖို့ လက်မှတ်ရအောင်၊ ပြီးတော့ ခိုလှုံ နေထိုင် သူတွေကို ခိုလှုံ ခွင့် ရအောင် ဝန်ဆောင်မှု တွေ ပေးခဲ့ပါတယ်။ အခုတစ်ခါမှာလည်း ဝန်ဆောင်မှု အပြင် အလုပ်ခွင်မှာ နှောင့်ယှက် ခံရမှု နှင့် အနာတရ ဖြစ်အောင် နှိပ်စက် ခံ ရမှု တွေအတွက် လျော်ကြေး ပြန်ရအောင် ကူညီ ပေးပါလိမ့်မယ်။
robot vs human
“လုပ်ဆောင်ချက်တွေတိုး မြှင့်ထားတဲ့ စက်ရုပ် က အသုံး ပြု သူတွေ ရဲ့ အခွင့် အရေးနဲ့ အတွက် လုပ်ဆောင်မှာ ဖြစ်ပြီး တစ်ခုခု မတရားခံ ရတဲ့ အခါ ဒါမှမဟုတ် အိမ်ခန်း ကိစ္စ နဲ့ ပတ်သက်ပြီး အငြင်း ပွား ဖွယ်ဖြစ်လာမယ် ဆိုရင် အချိန်မှီ ပြန်အမ်း ငွေ ပြန်ရဖို့ ကူညီ ပေးမှာ ဖြစ်တယ်လို့” DoNotPay ကို တီထွင်သူ Joshua Browder က ပြောပါတယ်။ “စီးပွားရေး ဆိုတာ စားသုံး သူတွေ အတွက် ကောင်းတာ လုပ်တာ ပဲဖြစ်သင့် တယ်လို့ ကျွန်တော်ထင်ပါတယ်။ စားသုံး သူတွေ အခွင့် အရေး အတွက် လုပ်ဆောင်မယ့် စက်ရုပ်က လည်း ဒါကို ပြောင်း လဲ ပေးလိမ့် မယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်။”
ရှေ့နေတွေ ဟာများသော အားဖြင့် အမှုတစ်ခုကို လိုက်ရင် ဈေးကြီး တဲ့ နေရာမှာ နာမည် ဆိုးတွေ ရနေပါတယ်။ ဒါပေမယ့် DoNotPay ရှေ့ နေတွေက အခမဲ့ ပါ။ ဒီ အလိုအလျောက် ဥပဒေ အရေးကိစ္စ တွေကို ဆောင်ရွက် ပေးမယ့် စက်ရုပ်ဟာ ဝင်ငွေ နည်း တဲ့ သူတွေ အတွက် ဥပဒေ အရေး ကိစ္စ တွေ အပေါ် ကူညီ ဆောင်ရွက် ပေးသွားမှာပါ။
“DoNotPay စက်ရုပ်က လူတွေ အများကြီး ရဲ့ အခွင့် အရေး အတွက် ရပ်တည် ပေးသွား မှာ ဖြစ်တယ်လို့ မျှော်လင့် ပါတယ်။”
DoNotPay စက်ရုပ်ကနေ အသုံးပြုသတွေက သူတို့ ပြောချင်တဲ့ အကြောင်းအရာ ကိစ္စ ရပ် အတွက် စာရိုက်ထည့်လို့ ရမှာ ဖြစ်ပြီး စက်ရုပ် ကလည်း ချက်ချင်း အကြောင်းပြန်သွားပေးမှာ ဖြစ်ပါတယ်။ မျိုးစုံသော တိုင်ကြားချက် အတွက် ဥပမာ တစ်ခုအနေနဲ့ “လေကြောင်းလိုင်းက လူ တွေက ရစ်ကြောရှည်တယ်” စသည့် ကိစ္စ ရပ်တွေ အတွက် လုပ်ဆောင်ချက် စနစ်တွေပါဝင်ပါတယ်။
ထို့ အပြင် သက်မဲ့ စက်ရုပ်က အသုံး ပြုသူတွေ မေးလာတဲ့ မေးခွန်းတွေ အပေါ် အခြေခံ ပြီး အကောင်းဆုံး အဖြေတွေ ပေးသွားမှာပါ။ စက်ရုပ်ထဲ ထည့်သွင်းထားတဲ့ သတင်းအချက် အလက်တွေက နေ အသုံးပြု သူတွေကို ဖြေရှင်းပေးတာက ဒေါ်လာ တစ်ရာကျော်လောက် ကုန်ကျမယ့် အရေးကနေ သက်သာစေပါတယ်။ DoNotPay က ပြင်ပ မှာဖြစ်နေတဲ့ ကြီးမားတဲ့ ကိစ္စ တွေအတွက် လည်း အကူအညီ ပေးပါတယ်။ ဥပဒေ အရေး လမ်း ညွှန် မှု ပေးတဲ့ စက်ရုပ်က လူတွေ ရဲ့ ဘ၀ ကို တစ်ထောင့်တစ်နေရာက နေ ပြောင်းလဲ ပေးမှာပါ။
DoNotPay စက်ရုပ်ကို လွန်ခဲ့တဲ့ ၂ နှစ်က ကားပါကင် နေရာရဖို့ လက်မှတ်ဝယ် ရာမှာ အတိုက်အခံ ဖြစ်ခဲ့တဲ့ လန်ဒန်က ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Browder ကတီထွင်ခဲ့တာပါ။ “လူတွေရဲ့ အခက်အခဲ ကို အသုံးချပြီး ရှေ့နေတွေက အမြတ်ထုတ်နေပါတယ်လို့” သူ ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတာကို ပြန်ပြောပြပါတယ်။ အထူသဖြင့်တော့ အဲ့ဒါက ဝင်ငွေ နည်းတဲ့ သူတွေကို သက်ရောက်မှု အများ ဆုံးဖြစ်နေပါတယ်။
စက်ရုပ် က ဘက်လိုက် မှု ကို စစ်ဆေး နိုင်ဖို့ အတွက် Browder က နည်းစနစ်တွေ ထည့်သွင်းထားပြီး လူတွေအတွက် ဥပဒေ အရေး ကိစ္စ ကို ဆောင်ရွက် တဲ့အခါမှာ အခမဲ့ ဝန်ဆောင်မှု ဖြစ်အောင်ဖန်တီးထားပါတယ်။Browder ရဲ့ ပြောကြားချက်အရ စက်ရုပ် ရဲ့ လုပ်ဆောင်ချက် က ၅၅% အထိ အောင်မြင်မှု ရှိပြီး ပရိုဂရမ်က အရမ်းကို ထိရောက်မှု ရှိပါတယ်။
ဒီစက်ရုပ် ရဲ့ လုပ်ဆောင်ချက်ကြောင့် သာမာန်လူတွေလည်း လူချမ်းသာတွေလို တူညီ တဲ့ အခွင့် အာဏာတွေ ရှိလာမှာဖြစ်ပါတယ်။ “ ကျွန်တော်ထင်တယ် ကမ္ဘာကြီး က မတရားမှု တွေ ရဲ့ နေရာဖြစ်ပါတယ်လို့” သူက ပြောပါတယ်။ “ခရစ်ဒစ် ကဒ် ကုပ္ပဏ္ဏီ တွေက တူညီတဲ့ အရာတွေကို ဝယ်တာတောင် ဝင်ငွေ နည်း တဲ့ သူတွေကို ပိုက်ဆံ ကောက်ပါတယ်။ ကားပါကင် လက်မှတ် ရောင်းတဲ့ လုပ်ငန်း တစ်ဝက် ကျော်လောက် နယူးယောက်မှာ ဖျက်သိမ်း လိုက်ပါပြီ။ အရင် တုန်းက ဆိုရင် ဒီ ကိစ္စ ကို မှန်မှန် ကန်ကန် ဆောင်ရွက် ပေးဖို့ စာရွက်စာတမ်းကို ကော်ပီ ကူး တာနဲ့ ပေ့စ် လုပ်ဖို့ အတွက် ရှေ့ နေ တွေကို ဒေါ်လာ တစ်ရာကျော်ပေးရပါတယ်။ DoNotPay စက်ရုပ်က လူအများကြီး အတွက် ရပ်တည် ပေးဖို့ မျှော်လင့်ပါတယ်လို့” တီထွင် သူကပြောပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: