Download For Android : Charity Miles
Download For iOS : Charity Miles
Unicode: ပိုက်ဆံလဲ တစ်ပြားမှမကုန်ဘူး၊ အားကစားလုပ်ရင်းနဲ့လည်း ငွေတွေလည်းလှူဒါန်းနိုင်မယ့် App
Charity Miles ကို သင့်ကျန်းမာရေးအတွက် နှင့် လူမှုအဖွဲ့အစည်းများအတွက် ဆက်နွယ်ပြီး ဖန်တီးထားခြင်းဖြစ်ပါတယ်။ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ သင့်လှုပ်ရှားမှုများအားလုံးကို မှတ်တမ်းတင်သွင်းပြီး ပိုက်ဆံပေးပါလိမ့်မယ်။ ဥပမာ မိုင်တစ်မိုင်စာလမ်းလျှောက်လျှင် (၁၀)ပြား၊ ပြေးလျှင်(၂၅) အစရှိသဖြင့် ပေးပါလိမ့်မည်။
သင့်ရဲ့လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားပြီး ရရှိလာသောငွေများကို RED ၊ Stand Up To Cancer ၊ ၊ Habitat For Humanity ၊ Wounded Warrior Project ၊ Pencils of Promise အစရှိတဲ့ လူမှုအဖွဲ့အစည်းတွေကို ပြန်လည်လှူတန်းပေးသွားမှာပါ။ များများလုပ်နိုင်လေ ပိုကျန်းမာပြီး အလှူအတန်းများများဆောင်ရွက်နိုင်လေဖြစ်သည်။ Charity Apps သည် ၎င်းနှင့် ချိတ်ဆက်ထားသော တရားဝင် စပွန်ဆာထံမှ ငွေများကို ပြန်လည်း ဝေမျှပေးသော မှတ်ပုံတင်ရှိ App ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် နေ့စဉ် ကျန်းမာရေးနှင့် ညီညွှတ်စွာနေနိုင်ရန် ကြိုးစားကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဆောင်နိုင်မှုများစွာရှိပါသည်။ ဒါကြောင့် သင့်ကိုတွန်းအားပေးနိုင်မည့် App များသုံးပြီး ငွေများကို လှူဒါန်းပါ။ ကုသိုလ်လည်းလည်းရ ကျန်းမာရေးနှင့်လည်း ညီညွှတ်မည့် App ဖြစ်တာကြောင့် တစ်ကယ့်ကို စိတ်ကူးအိုင်ဒီယာကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ App တစ်ခုဖြစ်ပါတယ်။