Home News ခရီးသည္တင္ယာဥ္ျဖင့္ ေက်ာက္စိမ္းမ်ားႏွင့္သစ္အေခ်ာထည္ပစၥည္းမ်ိဳးစုံ သယ္ေဆာင္လာသူအား အမႈဖြင့္အေရးယူထား

ခရီးသည္တင္ယာဥ္ျဖင့္ ေက်ာက္စိမ္းမ်ားႏွင့္သစ္အေခ်ာထည္ပစၥည္းမ်ိဳးစုံ သယ္ေဆာင္လာသူအား အမႈဖြင့္အေရးယူထား

0

၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ၁၂ ရက္ေန႔ နံနက္ ၈ နာရီ ၃၀ မိနစ္အခ်ိန္ ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳ ၿမိဳ႕နယ္၊ ဘန႔္ေဘြးနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ဘန႔္ေဘြးေက်း႐ြာအနီး အိုရီယမ္တယ္တိုးဂိတ္၌ ယာဥ္မ်ားရွာေဖြစစ္ေဆးျခင္းမ်ားေဆာင္႐ြက္ေနစဥ္ မႏၲေလးဘက္မွ လားရႈိးဘက္သို႔ ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာေက်း႐ြာေန စိုင္းစံဝိုး(၂၇)ႏွစ္ေမာင္းႏွင္လာသည့္ ၈စ်/××××× “ဆုလာဘ္႐ႊင္” ခရီးသည္တင္ယာဥ္အား ရပ္တန႔္စစ္ေဆးခဲ့ရာ ယာဥ္၏ေနာက္ခန္း ၾကမ္းခင္းအံဝွက္အတြင္းမွ ဆာလာအိတ္မ်ားျဖင့္ ထုပ္ပိုးသယ္ေဆာင္လာေသာ ေက်ာက္စိမ္းတုံး အေသး(၁၄)ျခမ္း၊ အႀကီး(၃)ျခမ္း၊ အေလးခ်ိန္(၂၂၂)ကီလိုခန႔္အားလည္းေကာင္း၊ စကၠဴဖာမ်ားျဖင့္ ထည့္သြင္းထားသယ္ေဆာင္လာေသာ တရားမဝင္ ပိေတာက္သားျဖင့္ ျပဳလုပ္ထားသည့္ ဖ႐ုံသီးပုံ ထမင္းအုပ္ဆိုဒ္စုံ(၂၅)လုံး၊ ပန္းကန္ျပားဆိုဒ္စုံ(၁၀၀)ခ်ပ္၊ ပန္းအိုးဆိုဒ္စုံ(၄၀)လုံး၊ ေဆးလိပ္ခြက္ ဆိုဒ္စုံ(၃၇)လုံး၊ ပန္းကန္လုံးဆိုဒ္စုံ(၃၈)လုံး (၀.၄၁၄)တန္၊ တန္ဖိုးေငြ(၁၀၃,၅၀၀)က်ပ္တို႔အား လည္းေကာင္း ေတြ႕ရွိသိမ္းဆည္းရမိခဲ့သျဖင့္ စိုင္းစံဝိုး အား ေနာင္ခ်ိဳၿမိဳ႕မရဲစခန္း (ပ)၁၁၉/၂၀၁၇၊ ေက်ာက္မ်က္ဥပေဒပုဒ္မ ၂၄(က)၊ (ပ)၁၂၀/၂၀၁၇၊ ျပည္သူပိုင္ပစၥည္းကာကြယ္ေရးအက္ဥပေဒပုဒ္မ ၆(၁)ျဖင့္ အသီးသီးအမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

jade-arrested

Source : ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕စာမ်က္ႏွာ

Unicode : ခရီးသည်တင်ယာဉ်ဖြင့် ကျောက်စိမ်းများနှင့်သစ်အချောထည်ပစ္စည်းမျိုးစုံ သယ်ဆောင်လာသူအား အမှုဖွင့်အရေးယူထား

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ နောင်ချို မြို့နယ်၊ ဘန့်ဘွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဘန့်ဘွေးကျေးရွာအနီး အိုရီယမ်တယ်တိုးဂိတ်၌ ယာဉ်များရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မန္တလေးဘက်မှ လားရှိုးဘက်သို့ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ စိုင်းစံဝိုး(၂၇)နှစ်မောင်းနှင်လာသည့် ၈ဈ/××××× “ဆုလာဘ်ရွှင်” ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ဆာလာအိတ်များဖြင့် ထုပ်ပိုးသယ်ဆောင်လာသော ကျောက်စိမ်းတုံး အသေး(၁၄)ခြမ်း၊ အကြီး(၃)ခြမ်း၊ အလေးချိန်(၂၂၂)ကီလိုခန့်အားလည်းကောင်း၊ စက္ကူဖာများဖြင့် ထည့်သွင်းထားသယ်ဆောင်လာသော တရားမဝင် ပိတောက်သားဖြင့် ပြုလုပ်ထားသည့် ဖရုံသီးပုံ ထမင်းအုပ်ဆိုဒ်စုံ(၂၅)လုံး၊ ပန်းကန်ပြားဆိုဒ်စုံ(၁၀၀)ချပ်၊ ပန်းအိုးဆိုဒ်စုံ(၄၀)လုံး၊ ဆေးလိပ်ခွက် ဆိုဒ်စုံ(၃၇)လုံး၊ ပန်းကန်လုံးဆိုဒ်စုံ(၃၈)လုံး (ဝ.၄၁၄)တန်၊ တန်ဖိုးငွေ(၁၀၃,၅၀၀)ကျပ်တို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းစံဝိုး အား နောင်ချိုမြို့မရဲစခန်း (ပ)၁၁၉/၂၀၁၇၊ ကျောက်မျက်ဥပဒေပုဒ်မ ၂၄(က)၊ (ပ)၁၂၀/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

jade-arrested

Source : မြန်မာနိုင်ငံရဲတပ်ဖွဲ့စာမျက်နှာ

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: