Home News ဒေါ်နယ်ထရမ့်နဲ့ မက်ခရွန်တို့ရဲ့ လက်ဆွဲနှုတ်ဆက်ခြင်းဟာ သမိုင်းတစ်လျှောက်မှာ အကြာဆုံးဖြစ်ခဲ့
0
Unicode  :ဒေါ်နယ်ထရမ့်နဲ့ မက်ခရွန်တို့ရဲ့ လက်ဆွဲနှုတ်ဆက်ခြင်းဟာ သမိုင်းတစ်လျှောက်မှာ အကြာဆုံးဖြစ်ခဲ့
ထရမ့်နဲ့ ပတ်သက်ပြီး ၂၀၁၇ မှာ သူနဲ့ ပတ်သက် ပြီး သိတာဆိုလို့ အားကစားနဲ့ ပတ်သက်ပြီး ယဉ်ပြိုင်တဲ့ အကြောင်းပဲဖြစ်မှာပါ။ အခုတစ်လော ယဉ်ပြိုင်ပြောဆိုဖို့ ဖြစ်လာတဲ့ ကိစ္စကတော့ လက်ဆွဲ နှုတ်ဆက်တဲ့ ကိစ္စပါ။ ဒေါ်နယ် ထရမ့် နဲ့ ပြင်သစ် သမ္မတ တို့ ကိုးရိုးကားယားအနိုင်ဆုံး လက်ဆွဲ နှုတ်ဆက်တဲ့ ပုံစံက ဆုချမယ်ဆိုရင် အမြင့်ဆုံး ဆု ကိုတောင်ရနိုင်ပါတယ်။
သူတို့ နှစ်ယောက် ဟာ ပြင်သစ်ရဲ့ အမျိုးသားအားလပ်ရက် အတွက် ဇူလိုင် ၁၄ ရက်နေ့မှာ အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုတစ်နေ့ လုံး ဖြတ်သန်းတဲ့ အခါမှာ ပြောစရာတစ်ခုရှိတာက သူတို့ အပြန်နှုတ်ဆက်တဲ့အခါမှာ ပါးစပ်ဟောင်းလောင်း ဖြစ်စေမဲ့ ပုံမှန်မဟုတ် တဲ့ လက်ဆွဲ နှုတ်ဆက်ခြင်းကို လုပ်ခဲ့ ကြတာပါပဲ။ ဒီလို မျိုး မသက်မသာ ဖြစ်စေတဲ့ လက်ဆွဲနှုတ်ဆက်မှုမျိုးကို မကြာမကြာ တွေ့ လာရတဲ့ အခါမှာ အခုလို ပုံစံ အသစ်နဲ့ လက်ဆွဲ နှုတ်ဆက်တာက သမိုင်း တွင်လောက် တဲ့ အကြာဆုံး နှုတ်ဆက်မှု မျိုး ဖြစ် လာနိုင်ပါတယ်။
အဲ့ဒါက တစ်မိနစ်နီးပါးလောက်ကြာပြီး နိုင်ငံရေး ချစ်ကြည်မှု အတွက် တစ်ယောက်ယောက် က ဒီအိမ်မက် ဆိုးက နေ လာရောက်ကယ်ပါလို့ အကူအညီ တောင်းရမလိုဖြစ်နေပါပြီ။
တစ်ခုသတိထားမိတာက ထရမ့်က သူနဲ့ လက်ဆွဲပြီး ကဖူးတဲ့ မက်ခရွန် ရဲ့ မိန်းမ ဘရီဂတီကို ကြာသပတေး နေ့က သူ့ယောကျာ်း ရှေ့မှာ နမ်းလိုက်ပါတယ်။ ကံကောင်းစွာနဲ့ ပဲ မီလန်နီယာ က သူတို့ နှစ်ဦး ကို ဘာပြဿနာ မှ မဖြစ်စေပဲ ကြားဝင် ဖြေရှင်း ပေးခဲ့ပါတယ်။
မက်ခရွန်က လည်း ထရမ့် ရဲ့ ရှက်ဖို့ ကောင်းလှတဲ့ လက် မြဲမြဲ ကိုင်ပြီး နှုတ်ဆက်တာကို ကြောက်ရွ့ံ့ မှု မရှိကြောင်း ပြသလိုက်ပါတယ်။ နှစ်ယောက်လုံးက သူတို့ရဲ့ အပြန်အလှန် နှုတ်ဆက်မှု ကနေ အားကြီးကြောင်း၊ ဆုံးဖြတ်ချက် မှတ်နိုင်တဲ့ အာဏာရှိတယ် ဆိုတဲ့ အကြောင်း စတာတွေကို သူတို့ ရဲ့ အဓိပ္ပါယ် မရှိတဲ့ လက်ဆွဲ နှုတ်ဆက်ခြင်းက နေ ဖော်ပြနေပါတယ်။
နောက်တစ်ခေါက် ကျရင်တော့ သူတို့ နှစ်ယောက် ကို ဂင်းနစ်မှတ်တမ်း အဖွဲ့ ကဖိတ်ခေါ် ပြီး ကမ္ဘာ့ မှတ်တမ်း ဝင်ဖို့ ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: