Home Knowledge နာဆာအေနျဖင့္ အဂၤါၿဂိဳလ္သို႔ သြားေရာက္ႏုိင္ေရး ေငြေၾကး မတက္ႏုိင္ေၾကာင္း ၀န္ခံ

နာဆာအေနျဖင့္ အဂၤါၿဂိဳလ္သို႔ သြားေရာက္ႏုိင္ေရး ေငြေၾကး မတက္ႏုိင္ေၾကာင္း ၀န္ခံ

0

နာဆာအေနျဖင့္ ၂၀၃၀ တြင္ အဂၤါၿဂိဳလ္ေပၚသို႔ ေရာက္ရွိႏုိင္ေရး အစီအစဥ္တစ္ခုရွိပါတယ္။ ဒါေပမယ္႔ အဲဒီအစီအစဥ္ဟာ အမွန္တကယ္ အဂၤါၿဂိဳလ္ေပၚကို ေရာက္ရမယ္လုိ႔ဆိုလိုတာမ်ိဳး မဟုတ္ပါဘူး။ ေလာေလာဆယ္ အာကာသေအဂ်င္စီအေနျဖင့္ အဂၤါၿဂိဳလ္ေပၚကို လူလိုက္ပါ ႏိုင္ဖုိ႔နဲ႔ အဂၤါၿဂိဳလ္ကေန ကမာၻေျမေပၚကို လူျပန္လည္ဆင္းသက္ဖို႔အတြက္ ကုန္က်စရိတ္ မတက္ႏုိင္ဘူးလို႔ ဆိုပါတယ္။ ဒါေပမယ္႔ လကမၻာကို ျပန္သြားဖို႔ကေတာ့ အစီအစဥ္ ရွိေနတယ္လို႔ဆိုပါတယ္။

“ကၽြန္ေတာ္တုိ႔ အေနနဲ႔ အဂၤါၿဂိဳလ္ေပၚမွာ လူလႊတ္ဖို႔အတြက္ အေျခအေနမရွိေသးပါဘူး။ အေၾကာင္း ျပခ်က္ေတြ အမ်ားႀကီးထဲကမွ အစိတ္အပိုင္းတစ္ခုကေတာ့ ေငြေၾကးမတက္ႏုိင္တာပါ။ အၾကမ္း အားျဖင့္ ၂ ရာခိုင္ႏႈန္းအထိ တိုးလာပါတယ္။ ၿပီးေတာ့ အဂၤါၿဂိဳလ္နဲ႔ပတ္သက္တဲ့ မ်က္ႏွာျပင္စနစ္ ေတြကလည္း အဆင္သင့္မျဖစ္ေသးပါဘူး” လို႔ နာဆာမွတာ၀န္ရွိသူ တစ္ဦးက ေျပာပါတယ္။

ထို႔အျပင္ အဂၤါၿဂိဳလ္ေပၚကို ေရာက္ရွိဖို႔နဲ႔ဆင္းသက္ႏုိင္ဖုိ႔ကလည္း ႀကီးမားတဲ့ စိတ္ေခၚမႈႀကီး တစ္ခု အျဖစ္ ရွိေနေသးေၾကာင္း ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ နာဆာအေနျဖင့္ အဂၤါၿဂိဳလ္ေပၚကို သြားႏုိင္ဖုိ႔အတြက္ အာကာသလြန္းပ်ံစနစ္ ႏွင့္ အာကာသယာဥ္ကို တည္ေဆာက္ေနၾကပါတယ္။ ဒါေပမယ္႔ အဂၤါၿဂိဳလ္အေပၚကို ဆင္းသက္ဖို႔ အတြက္ ၿဂိဳလ္ဆင္းယာဥ္ရဲ႕ ဒီဇိုင္းပိုင္းလိုအပ္ေနေသးပါေသးတယ္။

ဒါေပမယ္႔လို႔ ဒါသာ နာဆာအေနျဖင့္ အဂၤါၿဂိဳလ္ကို သြားမယ္႔အစီအစဥ္ကို ဖ်က္သိမ္းလိုက္တာမ်ိဳး ေတာ့ မဟုတ္ပါဘူး။ နာဆာအေနျဖင့္ လာမည့္ႏွစ္မွာ အဆိုပါခရီးစဥ္အတြက္ ေငြေၾကးေထာက္ပံ႔မႈ ေတြ ပိုမိုရရွိဖို႔ေမ ွ်ာ္လင့္ေနပါတယ္။ ပုဂၢလိကကုမၸဏီေတြ အေနနဲ႔လည္း အဆုိပါ အဂၤါၿဂိဳလ္ေပၚကို လူမ်ားဆင္းသက္ႏုိင္ဖို႔အတြက္ ေစ်းသက္သာတဲ့ ခရီးစဥ္ေတြအတြက္ အေျဖရွာေနၾကဆဲ ျဖစ္ပါတယ္။

နာဆာအေနျဖင့္ လက္ရွိအခ်ိန္မွာ လကမၻာေပၚမွာ အေျခစိုက္စခန္းတစ္ခု တည္ေဆာက္ဖုိ႔အပါ အဝင္ စူးစမ္းေလ့လာမႈေတြက လက္ဆက္လုပ္ေဆာင္သြားမယ္လုိ႔ဆုိပါတယ္။

“တကယ္လို႔သာ လကမၻာေပၚမွာ ေရရွိတာကို ေတြ႔ရွိခဲမယ္ဆိုရင္ ကၽြန္ေတာ္တုိ႔ရဲ႕ လကမၻာခရီးစဥ္ ေတြကို ပိုမိုတိုးခ်ဲ႕ဖို႔ လုပ္ေဆာင္ႏုိင္ပါလိမ္႕မယ္။ ဒါဟာ နက္ရိႈင္းလြန္းလွတဲ့ အာကာသကို စူးစမ္း ရွာေဖြေရးအတြက္ ထြက္ေပါက္တစ္ခုလည္း ျဖစ္လာႏုိင္ပါတယ္” လို႔ နာဆာရဲ႕ အႀကီးအကဲက ေျပာပါတယ္။

တကယ္လုိ႔ လကမၻာမွာသာ လူေနထုိင္ဖို႔ အဆင္သင့္ျဖစ္မယ္ဆိုရင္ အဂၤါၿဂိဳလ္အတြက္ ေရွ႕ဆက္ ခရီးႏွင္ဖုိ႔ဟာပုိမို လြယ္ကူသြားႏုိင္တယ္လုိ႔ ဆိုပါတယ္။

ဒါေပမယ္႔ လကမၻာခရီးသြား ပေရာဂ်က္ဟာလည္း ေစ်းသက္သာတဲ့ ပေရာဂ်က္ေတာ့ မဟုတ္ပါဘူး။ အဆိုပါ အာကာသလြန္းပ်ံစနစ္ဟာ တစ္ႏွစ္မွ တစ္ႀကိမ္သာ ေထာက္ပံ႔ေပးႏုိင္ၿပီး အဆုိပါ တစ္ႀကိမ္ရဲ႕ ကုန္က်စရိတ္ကလည္း ေဒၚလာ ၁ ဘီလီယံအထိ ရွိေနပါတယ္။

မိုးဆက္(STM)

UNICODE FONT:

နာဆာအနေဖြင့် အင်္ဂါဂြိုလ်သို့ သွားရောက်နိုင်ရေး ငွေမတက်နိုင်ကြောင်း ၀န်ခံ

နာဆာအနေဖြင့် ၂၀၃၀ တွင် အင်္ဂါဂြိုလ်ပေါ်သို့ ရောက်ရှိနိုင်ရေး အစီအစဉ်တစ်ခုရှိပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်ဟာ အမှန်တကယ် အင်္ဂါဂြိုလ်ပေါ်ကို ရောက်ရမယ်လို့ဆိုလိုတာမျိုး မဟုတ်ပါဘူး။ လောလောဆယ် အာကာသအေဂျင်စီအနေဖြင့် အင်္ဂါဂြိုလ်ပေါ်ကို လူလိုက်ပါ နိုင်ဖို့နဲ့ အင်္ဂါဂြိုလ်ကနေ ကမ္ဘာမြေပေါ်ကို လူပြန်လည်ဆင်းသက်ဖို့အတွက် ကုန်ကျစရိတ် မတက်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် လကမ္ဘာကို ပြန်သွားဖို့ကတော့ အစီအစဉ် ရှိနေတယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ အနေနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ လူလွှတ်ဖို့အတွက် အခြေအနေမရှိသေးပါဘူး။ အကြောင်း ပြချက်တွေ အများကြီးထဲကမှ အစိတ်အပိုင်းတစ်ခုကတော့ ငွေကြေးမတက်နိုင်တာပါ။ အကြမ်း အားဖြင့် ၂ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။ ပြီးတော့ အင်္ဂါဂြိုလ်နဲ့ပတ်သက်တဲ့ မျက်နှာပြင်စနစ် တွေကလည်း အဆင်သင့်မဖြစ်သေးပါဘူး” လို့ နာဆာမှတာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

ထို့အပြင် အင်္ဂါဂြိုလ်ပေါ်ကို ရောက်ရှိဖို့နဲ့ဆင်းသက်နိုင်ဖို့ကလည်း ကြီးမားတဲ့ စိတ်ခေါ်မှုကြီး တစ်ခု အဖြစ် ရှိနေသေးကြောင်း ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နာဆာအနေဖြင့် အင်္ဂါဂြိုလ်ပေါ်ကို သွားနိုင်ဖို့အတွက် အာကာသလွန်းပျံစနစ် နှင့် အာကာသယာဉ်ကို တည်ဆောက်နေကြပါတယ်။ ဒါပေမယ့် အင်္ဂါဂြိုလ်အပေါ်ကို ဆင်းသက်ဖို့ အတွက် ဂြိုလ်ဆင်းယာဉ်ရဲ့ ဒီဇိုင်းပိုင်းလိုအပ်နေသေးပါသေးတယ်။

ဒါပေမယ့်လို့ ဒါသာ နာဆာအနေဖြင့် အင်္ဂါဂြိုလ်ကို သွားမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တာမျိုး တော့ မဟုတ်ပါဘူး။ နာဆာအနေဖြင့် လာမည့်နှစ်မှာ အဆိုပါခရီးစဉ်အတွက် ငွေကြေးထောက်ပံ့မှု တွေ ပိုမိုရရှိဖို့မေ ျှာ်လင့်နေပါတယ်။ ပုဂ္ဂလိကကုမ္ပဏီတွေ အနေနဲ့လည်း အဆိုပါ အင်္ဂါဂြိုလ်ပေါ်ကို လူများဆင်းသက်နိုင်ဖို့အတွက် ဈေးသက်သာတဲ့ ခရီးစဉ်တွေအတွက် အဖြေရှာနေကြဆဲ ဖြစ်ပါတယ်။

နာဆာအနေဖြင့် လက်ရှိအချိန်မှာ လကမ္ဘာပေါ်မှာ အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့အပါ အဝင် စူးစမ်းလေ့လာမှုတွေက လက်ဆက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

“တကယ်လို့သာ လကမ္ဘာပေါ်မှာ ရေရှိတာကို တွေ့ရှိခဲမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လကမ္ဘာခရီးစဉ် တွေကို ပိုမိုတိုးချဲ့ဖို့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါဟာ နက်ရှိုင်းလွန်းလှတဲ့ အာကာသကို စူးစမ်း ရှာဖွေရေးအတွက် ထွက်ပေါက်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်” လို့ နာဆာရဲ့ အကြီးအကဲက ပြောပါတယ်။

တကယ်လို့ လကမ္ဘာမှာသာ လူနေထိုင်ဖို့ အဆင်သင့်ဖြစ်မယ်ဆိုရင် အင်္ဂါဂြိုလ်အတွက် ရှေ့ဆက် ခရီးနှင်ဖို့ဟာပိုမို လွယ်ကူသွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လကမ္ဘာခရီးသွား ပရောဂျက်ဟာလည်း ဈေးသက်သာတဲ့ ပရောဂျက်တော့ မဟုတ်ပါဘူး။ အဆိုပါ အာကာသလွန်းပျံစနစ်ဟာ တစ်နှစ်မှ တစ်ကြိမ်သာ ထောက်ပံ့ပေးနိုင်ပြီး အဆိုပါ တစ်ကြိမ်ရဲ့ ကုန်ကျစရိတ်ကလည်း ဒေါ်လာ ၁ ဘီလီယံအထိ ရှိနေပါတယ်။

မိုးဆက်(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: