Home Tech Mobile News Galaxy Note 8 ရဲ႕ ပံုရိပ္မ်ားကို Samsung ကိုယ္တုိင္ အမွတ္မထင္ ေဖာ္ျပမိခဲ့

Galaxy Note 8 ရဲ႕ ပံုရိပ္မ်ားကို Samsung ကိုယ္တုိင္ အမွတ္မထင္ ေဖာ္ျပမိခဲ့

0

လြန္ခဲ့တဲ့ လအနည္းငယ္က စၿပီး Galaxy Note 8 ရဲ႕ ပတ္သက္တဲ့ သတင္းေတြ၊ ဓာတ္ပံုေတြ၊ အစိတ္အပိုင္းေတြ၊ ထြက္ရွိမယ္႔ရက္ေတြ ဟာ အမ်ိဳးမ်ိဳး ေပါက္ၾကားမႈေတြျဖစ္လာခဲ့ပါတယ္။ ဒီ ေပါက္ၾကားမႈေတြ အားလံုးဟာ ေနာက္ထြက္လာမယ္႔ Phablat ရဲ႕ ပံုရိပ္ေတြကို ျပည့္စံုလုနီးပါး ျဖစ္ေနခဲ့ပါၿပီ။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က Samsung ဟာ ဘာမွ သတိေပးျခင္း အသိေပးျခင္းမရွိပဲ Samsung ရဲ႕ တရား၀င္ Twitter အေကာင့္ကေန Galaxy Note 8 ရဲ႕ဓာတ္ပံု တစ္ပံုကို မ ွ်ေဝခဲ့ပါတယ္။

အဆိုပါဖုန္းကို ၾကည့္ျခင္းဟာျဖင့္ ဒီဖုန္းဟာ မၾကာေသးမီကမွ ထြက္ထားတဲ့ Galaxy S8 သုိ႔မဟုတ္ Galaxy S8 Plus မဟုတ္ဘူးဆို သိေနပါလိမ္႔မယ္။ ယခုပံုမွာ ပါတဲ့ ဖုန္းဟာ Galaxy S8 သို႔မဟုတ္ Galaxy S8 Plus တို႔ထက္ အေပၚပိုင္း ေဘာင္ပိုက်ဥ္းပါတယ္။ Samsung ဟာ အဆိုပါ Galaxy S8 သို႔မဟုတ္ Galaxy S8 Plus ထက္ ပိုၿပီး အေပၚေအာက္ ေဘာင္ေတြကို က်ဥ္းေျမာင္း ေအာင္လုပ္ကာ Infinity Display ကို ပိုမိုတိုးတက္ေအာင္ ဖန္တီးထားပံုု ရပါတယ္။

Samsung ရဲ႕ Twitter အေကာင့္ကေန တင္လိုက္တဲ့ ဓာတ္ပံုဟာ အျခားဘာမွ စာသား သို႔မဟုတ္ ၀က္ဆုိက္လင့္ေတြပါ၀င္ျခင္းမရွိခဲ့ပါဘူး။ ဒါေပမယ္႔ ယခင္ထြက္ခဲ့ၿပီးသမ ွ် အခ်က္အလက္ေတြ အရ Note 8 ဟာ မ်က္ႏွာျပင္ အရြယ္အစား ၆.၃ လက္မ၊ Super AMOLED Display ကို 2K အဆင့္အထိ ေထာက္ပံ႔ေပးထားၿပီး Display ratio ကေတာ့ 18.5:9 ႏွင့္ ဖန္တီးမွာ ျဖစ္ပါတယ္။ ပရိုဆက္ဆာအတြက္ကေတာ့ region ကို လုိက္ၿပီး Exynos 8895 ႏွင့္ Qualcomm Snapdragon 835 processor တို႔ကို အသံုးျပဳမွာ ျဖစ္ပါတယ္။ RAM ကေတာ့ 6GB RAM ႏွင့္ ျဖစ္ၿပီး OIS (Optical Image Stabilization) ပါ၀င္ေသာ 12MP ကင္မရာ ႏွစ္လံုး ပါရွိမွာျဖစ္ကာ ဘက္ထရီ ကေတာ့ 3300 mAh ျဖစ္မယ္လုိ႔ဆုိပါတယ္။

Samsung အေနျဖင့္ Galaxy Note 8 ကို ယခုလမကုန္ခင္ ထုတ္ေဖာ္ျပသဖြယ္ရွိေနၿပီး iPhone 8 မထြက္ခင္ ႀကိဳတင္ကာ အြန္လုိင္းစတိုးေတြကေန ၾသဂုတ္လ ၂၃ ရက္ေန႔မွာ စတင္ေရာင္းခ် မယ္လုိ႔ဆုိပါတယ္။

မိုးဆက္(STM)

UNICODE VERSION

Galaxy Note 8 ရဲ့ ပုံရိပ်များကို Samsung ကိုယ်တိုင် အမှတ်မထင် ဖော်ပြမိခဲ့

လွန်ခဲ့တဲ့ လအနည်းငယ်က စပြီး Galaxy Note 8 ရဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ အစိတ်အပိုင်းတွေ၊ ထွက်ရှိမယ့်ရက်တွေ ဟာ အမျိုးမျိုး ပေါက်ကြားမှုတွေဖြစ်လာခဲ့ပါတယ်။ ဒီ ပေါက်ကြားမှုတွေ အားလုံးဟာ နောက်ထွက်လာမယ့် Phablat ရဲ့ ပုံရိပ်တွေကို ပြည့်စုံလုနီးပါး ဖြစ်နေခဲ့ပါပြီ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Samsung ဟာ ဘာမှ သတိပေးခြင်း အသိပေးခြင်းမရှိပဲ Samsung ရဲ့ တရား၀င် Twitter အကောင့်ကနေ Galaxy Note 8 ရဲ့ဓာတ်ပုံ တစ်ပုံကို မ ျှဝေခဲ့ပါတယ်။

အဆိုပါဖုန်းကို ကြည့်ခြင်းဟာဖြင့် ဒီဖုန်းဟာ မကြာသေးမီကမှ ထွက်ထားတဲ့ Galaxy S8 သို့မဟုတ် Galaxy S8 Plus မဟုတ်ဘူးဆို သိနေပါလိမ့်မယ်။ ယခုပုံမှာ ပါတဲ့ ဖုန်းဟာ Galaxy S8 သို့မဟုတ် Galaxy S8 Plus တို့ထက် အပေါ်ပိုင်း ဘောင်ပိုကျဉ်းပါတယ်။ Samsung ဟာ အဆိုပါ Galaxy S8 သို့မဟုတ် Galaxy S8 Plus ထက် ပိုပြီး အပေါ်အောက် ဘောင်တွေကို ကျဉ်းမြောင်း အောင်လုပ်ကာ Infinity Display ကို ပိုမိုတိုးတက်အောင် ဖန်တီးထားပုံ ရပါတယ်။

Samsung ရဲ့ Twitter အကောင့်ကနေ တင်လိုက်တဲ့ ဓာတ်ပုံဟာ အခြားဘာမှ စာသား သို့မဟုတ် ၀က်ဆိုက်လင့်တွေပါ၀င်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ယခင်ထွက်ခဲ့ပြီးသမ ျှ အချက်အလက်တွေ အရ Note 8 ဟာ မျက်နှာပြင် အရွယ်အစား ၆.၃ လက်မ၊ Super AMOLED Display ကို 2K အဆင့်အထိ ထောက်ပံ့ပေးထားပြီး Display ratio ကတော့ 18.5:9 နှင့် ဖန်တီးမှာ ဖြစ်ပါတယ်။ ပရိုဆက်ဆာအတွက်ကတော့ region ကို လိုက်ပြီး Exynos 8895 နှင့် Qualcomm Snapdragon 835 processor တို့ကို အသုံးပြုမှာ ဖြစ်ပါတယ်။ RAM ကတော့ 6GB RAM နှင့် ဖြစ်ပြီး OIS (Optical Image Stabilization) ပါ၀င်သော 12MP ကင်မရာ နှစ်လုံး ပါရှိမှာဖြစ်ကာ ဘက်ထရီ ကတော့ 3300 mAh ဖြစ်မယ်လို့ဆိုပါတယ်။

Samsung အနေဖြင့် Galaxy Note 8 ကို ယခုလမကုန်ခင် ထုတ်ဖော်ပြသဖွယ်ရှိနေပြီး iPhone 8 မထွက်ခင် ကြိုတင်ကာ အွန်လိုင်းစတိုးတွေကနေ သြဂုတ်လ ၂၃ ရက်နေ့မှာ စတင်ရောင်းချ မယ်လို့ဆိုပါတယ်။

မိုးဆက်ကို(MMA)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: