Home News Facebook ရဲ႕ built-in ကင္မရာျဖင့္ Gif ဖိုင္မ်ား ဖန္တီးႏုိင္ၿပီ

Facebook ရဲ႕ built-in ကင္မရာျဖင့္ Gif ဖိုင္မ်ား ဖန္တီးႏုိင္ၿပီ

0

Facebook မွ သူ႔ရဲ႕ App အတြင္း built-in ထည့္သြင္းေပးထားေသာ ကင္မရာကို အသံုးျပဳကာ Gif ဖို္င္မ်ားကို ဖန္တီးႏုိင္ၿပီျဖစ္ပါတယ္။ အဆိုပါ Gif ဖုိင္ျပဳလုပ္ႏုိင္သည့္ လုပ္ေဆာင္ခ်က္ကို အခ်ိဳ႕ အသံုးျပဳသူမ်ား စတင္အသံုးျပဳႏုိင္ၿပီ ျဖစ္ေသာ္လည္း အခ်ိဳ႕ေနရာေတြမွာေတာ့ မရရွိေသးပါဘူး။

အဆိုပါ ကင္မရာျဖင့္ Gif ဖိုင္မ်ားကို ဖန္တီးၿပီး Facebook ပို႔စ္တင္တာျဖစ္ေစ၊ Page မ်ားတြင္ ျဖစ္ေစ ျပန္လည္မ ွ်ေဝႏုိင္မွာ ျဖစ္ပါတယ္။ အဆိုပါ ဖိုင္မ်ားကို Facebook  မွ ဗီဒီယိုဖုိင္အေနျဖင့္ သိမ္းဆည္းၿပီး အျခားေသာ Facebook မဟုတ္သည့္ ေနရာမ်ားတြင္ တစ္ဆင့္ျပန္လည္ ေပးပို႔တာမ်ိဳး လုပ္လုိ႔မရႏုိင္ပါဘူး။ အဆိုပါ Gif မ်ားကို Facebook  တြင္သာ ျပန္လည္ အသံုးျပဳႏုိင္မယ္လို႔ဆို ပါတယ္။

ဒါဟာ Facebook ကေန Gif နဲ႔ပတ္သက္ၿပီး ေနာက္ဆံုး ထုတ္ခဲ့ေသာ update ျဖစ္ပါတယ္။ ယခုႏွစ္ အေစာပိုင္းတုန္းကလည္း Giphy ရဲ႕ Gif  ေတြကို အသံုးျပဳခြင့္ ေပးခဲ့ပါေသးတယ္။ အဆိုပါ Gif  ေတြဟာ comment ေတြအေနနဲ႔ အသံုးျပဳေနၾကၿပီျဖစ္ပါတယ္။ ယခုေနာက္ဆံုးမွာေတာ့ facebook ကင္မရာျဖင့္ Gif ေတြကို ဖန္တီးၿပီး Facebook မွာ ျပန္လည္မ ွ်ေ၀ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

ထို႔အျပင္ ေနာက္ဆံုး မတ္လတုန္းက Facebook  ရဲ႕ update မွာလည္း ကင္မရာခလုပ္ ပါ၀င္ လာၿပီး အဆိုပါ ကင္မရာကေန မိမိစိတ္ႀကိဳက္ ဓာတ္ပံုေတြကို ရိုက္ကူးႏုိင္သလို filter ေတြကို လည္း စိတ္ႀကိဳက္ ျပဳျပင္ႏုိင္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ထည့္သြင္းေပးထားပါတယ္။ ထုိ႔ေနာက္ ဓာတ္ပံုေတြ၊ ဗီဒီယိုေတြကို Facebook မွ တစ္ဆင့္ မ ွ်ေဝႏုိင္ပါတယ္။

ဒါေၾကာင့္ ေလာေလာဆယ္ Gif လုပ္ေဆာင္ခ်က္ မရေသးရင္ စိတ္ဓာတ္ေတာ့ မက်ပါနဲ႔ဘူး၊ အခု အခ်ိန္မွာေတာ့ အေတာ္မ်ားမ်ားဆီမွာ အသံုးမျပဳႏုိင္ေသးပါဘူး။ တစ္ျဖည္းျဖည္းနဲ႔ေတာ့ ရလာပါ လိမ္႔မယ္။ ဒါေပမယ္႔ ဘယ္အခ်ိန္ေလာက္ကို ရမယ္ဆိုတာကေတာ့ ေသခ်ာ မသိႏုိင္ေသးပါဘူး။

မိုးဆက္(STM)

UNICODE FONT : 

Facebook ရဲ့ built-in ကင်မရာဖြင့် Gif ဖိုင်များ ဖန်တီးနိုင်ပြီ

Facebook မှ သူ့ရဲ့ App အတွင်း built-in ထည့်သွင်းပေးထားသော ကင်မရာကို အသုံးပြုကာ Gif ဖို်င်များကို ဖန်တီးနိုင်ပြီဖြစ်ပါတယ်။ အဆိုပါ Gif ဖိုင်ပြုလုပ်နိုင်သည့် လုပ်ဆောင်ချက်ကို အချို့ အသုံးပြုသူများ စတင်အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း အချို့နေရာတွေမှာတော့ မရရှိသေးပါဘူး။

အဆိုပါ ကင်မရာဖြင့် Gif ဖိုင်များကို ဖန်တီးပြီး Facebook ပို့စ်တင်တာဖြစ်စေ၊ Page များတွင် ဖြစ်စေ ပြန်လည်မ ျှဝေနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဖိုင်များကို Facebook  မှ ဗီဒီယိုဖိုင်အနေဖြင့် သိမ်းဆည်းပြီး အခြားသော Facebook မဟုတ်သည့် နေရာများတွင် တစ်ဆင့်ပြန်လည် ပေးပို့တာမျိုး လုပ်လို့မရနိုင်ပါဘူး။ အဆိုပါ Gif များကို Facebook  တွင်သာ ပြန်လည် အသုံးပြုနိုင်မယ်လို့ဆို ပါတယ်။

ဒါဟာ Facebook ကနေ Gif နဲ့ပတ်သက်ပြီး နောက်ဆုံး ထုတ်ခဲ့သော update ဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်းတုန်းကလည်း Giphy ရဲ့ Gif  တွေကို အသုံးပြုခွင့် ပေးခဲ့ပါသေးတယ်။ အဆိုပါ Gif  တွေဟာ comment တွေအနေနဲ့ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ယခုနောက်ဆုံးမှာတော့ facebook ကင်မရာဖြင့် Gif တွေကို ဖန်တီးပြီး Facebook မှာ ပြန်လည်မ ျှေ၀နိုင်တော့မှာ ဖြစ်ပါတယ်။

ထို့အပြင် နောက်ဆုံး မတ်လတုန်းက Facebook  ရဲ့ update မှာလည်း ကင်မရာခလုပ် ပါ၀င် လာပြီး အဆိုပါ ကင်မရာကနေ မိမိစိတ်ကြိုက် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်သလို filter တွေကို လည်း စိတ်ကြိုက် ပြုပြင်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။ ထို့နောက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို Facebook မှ တစ်ဆင့် မ ျှဝေနိုင်ပါတယ်။

ဒါကြောင့် လောလောဆယ် Gif လုပ်ဆောင်ချက် မရသေးရင် စိတ်ဓာတ်တော့ မကျပါနဲ့ဘူး၊ အခု အချိန်မှာတော့ အတော်များများဆီမှာ အသုံးမပြုနိုင်သေးပါဘူး။ တစ်ဖြည်းဖြည်းနဲ့တော့ ရလာပါ လိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန်လောက်ကို ရမယ်ဆိုတာကတော့ သေချာ မသိနိုင်သေးပါဘူး။

 

မိုးဆက်(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: