Home Tech Mobile News Fingerprint sensor ပါ၀င္ေသာ ေဒၚလာ ၉၉ တန္ဖုန္းကို ZTE မိတ္ဆက္

Fingerprint sensor ပါ၀င္ေသာ ေဒၚလာ ၉၉ တန္ဖုန္းကို ZTE မိတ္ဆက္

0

အေမရိကရွိ AT&T မွ Prepaid စနစ္ျဖင့္ ေနာက္ဆံုး မိတ္ဆက္လိုက္တဲ့ ဖုန္းကေတာ့ Fingerprint Sensor ပါ၀င္ၿပီး ေဒၚလာ ၉၉ သာ ေပးရမယ္႔ ZTE Blade Spark ဖုန္းပဲျဖစ္ပါတယ္။ အဆုိပါဖုန္းဟာ Android စမက္ဖုန္းျဖစ္ၿပီး Fingerprint Sensor တပ္ဆင္ထားတဲ့အျပင္ ဖုန္းမွာ အသံုးျပဳထားတဲ့ အခ်က္အလက္ေတြဟာ ဖုန္းရဲ႕ ေစ်းႏႈန္းနဲ႔ ႏိႈင္းယွဥ္ရင္ အေတာ္ေလး ေကာင္းမြန္ေနတာကို ေတြ႕ရပါတယ္။

အေမရိကလို ေနရာမ်ိဳးမွာ Fingerprint Sensor စနစ္ပါ၀င္ၿပီး Prepaid စနစ္သံုးရတဲ့ ဖုန္းေတြဟာ အနည္းဆံုး ေဒၚလာ ၁၀၀ ေက်ာ္မွသာ ရရွိႏုိင္တာမ်ိဳးျဖစ္ေပမယ္႔ ယခု ZTE ကေတာ့ ေဒၚလာ ၉၉ န႔ဲပဲ ေရာင္းခ်ခဲ့ပါတယ္။

ဖုန္းမွာအသံုးျပဳထားတဲ့ အခ်က္အလက္ေတြကေတာ့ မ်က္ႏွာျပင္အရြယ္အစား ၅.၅ လက္မ၊ 720p HD display ကို အသံုးျပဳထားကာ ပရိုဆက္ဆာပိုင္းအတြက္ Snapdragon 425 quad-core processor ကို အသံုးျပဳထားပါတယ္။ ဖုန္းရ႕ဲ သိုေလွာင္ႏုိင္စြမ္းကေတာ့ 16GB ပါ၀င္ၿပီး RAM 2GB ျဖစ္ပါတယ္။ ကင္မရာပိုင္းကို ၾကည့္မယ္ဆိုရင္ေတာ့ 13 MP ကင္မရာႏွင့္ Front ကင္မရာ 5MP ျဖစ္ပါတယ္။ ဘက္ထရီစနစ္ကေတာ့ 3140 mAh ျဖစ္လုိ႔ အေတာ္ေလးအသံုး ခံႏုိင္မယ္႔ အေနအထားမ်ိဳးပါ။

မိုးဆက္(STM)

UNICODE FONT:

Fingerprint sensor ပါ၀င်သော ဒေါ်လာ ၉၉ တန်ဖုန်းကို ZTE မိတ်ဆက်

အမေရိကရှိ AT&T မှ Prepaid စနစ်ဖြင့် နောက်ဆုံး မိတ်ဆက်လိုက်တဲ့ ဖုန်းကတော့ Fingerprint Sensor ပါ၀င်ပြီး ဒေါ်လာ ၉၉ သာ ပေးရမယ့် ZTE Blade Spark ဖုန်းပဲဖြစ်ပါတယ်။ အဆိုပါဖုန်းဟာ Android စမက်ဖုန်းဖြစ်ပြီး Fingerprint Sensor တပ်ဆင်ထားတဲ့အပြင် ဖုန်းမှာ အသုံးပြုထားတဲ့ အချက်အလက်တွေဟာ ဖုန်းရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် အတော်လေး ကောင်းမွန်နေတာကို တွေ့ရပါတယ်။

အမေရိကလို နေရာမျိုးမှာ Fingerprint Sensor စနစ်ပါ၀င်ပြီး Prepaid စနစ်သုံးရတဲ့ ဖုန်းတွေဟာ အနည်းဆုံး ဒေါ်လာ ၁၀၀ ကျော်မှသာ ရရှိနိုင်တာမျိုးဖြစ်ပေမယ့် ယခု ZTE ကတော့ ဒေါ်လာ ၉၉ န့ဲပဲ ရောင်းချခဲ့ပါတယ်။

ဖုန်းမှာအသုံးပြုထားတဲ့ အချက်အလက်တွေကတော့ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မ၊ 720p HD display ကို အသုံးပြုထားကာ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 425 quad-core processor ကို အသုံးပြုထားပါတယ်။ ဖုန်းရ့ဲ သိုလှောင်နိုင်စွမ်းကတော့ 16GB ပါ၀င်ပြီး RAM 2GB ဖြစ်ပါတယ်။ ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင်တော့ 13 MP ကင်မရာနှင့် Front ကင်မရာ 5MP ဖြစ်ပါတယ်။ ဘက်ထရီစနစ်ကတော့ 3140 mAh ဖြစ်လို့ အတော်လေးအသုံး ခံနိုင်မယ့် အနေအထားမျိုးပါ။

မိုးဆက်(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: