CNBC ၏ သတင်းပေးပို့ချက်အရ Amazon မှ ၄င်း၏ အွန်လိုင်းဝန်ဆောင်မှုတွင် ခြေလှမ်းသစ်အနေဖြင့် Developer များ၏ Apps နဲ့ Website များကို ဘာသာပြန်ပေးနိုင်မည့် ဝန်ဆောင်မှုကို စတင်တည်ဆောက်နေပြီဖြစ်သည်။
၎င်းကို စတင်သုံးစွဲနိုင်ပါက ၄င်းဝန်းဆောင်မှုသည် လက်ရှိ ဝန်ဆောင်မှုပေးနေသောMicrosoft နှင့် Google တို့နှင့် အပြိုင်ဖြစ်လာမည်ဖြစ်သည်။
Unicode : Website များနှင့် App များကို ဘာသာပြန်နိုင်မည့်စနစ်ကို Amazon မှ ဖန်တီး
CNBC ၏ သတင်းပေးပို့ချက်အရ Amazon မှ ၎င်း၏ အွန်လိုင်းဝန်ဆောင်မှုတွင် ခြေလှမ်းသစ်အနေဖြင့် Developer များ၏ Apps နဲ့ Website များကို ဘာသာပြန်ပေးနိုင်မည့် ဝန်ဆောင်မှုကို စတင်တည်ဆောက်နေပြီဖြစ်သည်။
၎င်းကို စတင်သုံးစွဲနိုင်ပါက ၎င်းဝန်းဆောင်မှုသည် လက်ရှိ ဝန်ဆောင်မှုပေးနေသောMicrosoft နှင့် Google တို့နှင့် အပြိုင်ဖြစ်လာမည်ဖြစ်သည်။
Amazon မှ ဘာသာစကားအမျိုးစုံဖြင့် ပြောင်းလဲဖတ်ရှုနိုင်မည့် နည်းပညာကို ၎င်း၏ ဝန်ဆောင်မှုများအတွက် လက်ရှိတွင် အသုံးပြုလက်ရှိသည်။ Aron Levie မှ ဦးဆောင်သော Developer အဖွဲနှင့် ထို ဝန်ဆောင်မှုကို စတင်တည်ဆောက်နေခြင်းဖြစ်သည်။ Aron Levie သည် Amazon တွင် ၂၀၁၅ စက်တင်ဘာမှ စ၍ဘာသာပြန် ဆော့ဝဲကို စတင်တည်ဆောက်ခဲ့သူဖြစ်သည်။
Amazon ၏ ဤဝန်ဆောင်မှုသည် သုံးစွဲသူများကို eCommerce နှင့် Cloud အသုံးပြုများတွင် လွန်စွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ ယခုလက်ရှိတွင် AWS suites တွင် ဝန်ဆောင်မှုပေါင်း(၇၀)ကျော်ကို ပေးလျက်ရှိပြီး ပထမ နှစ်ဝက်အတွင်း ဒေါ်လာ ဘီလီယံပေါင်း (၃.၆)ဘီလီယံကို ရရှိခဲ့ပြီးဖြစ်သည်။