တန္ဖိုးႀကီး ဇိမ္ခံဖုန္းေတြကို ထုတ္လုပ္ေနခဲ့တဲ့ Vertu ရဲ႕ စီးပြားေရးကို ကယ္တင္ဖုိ႔အတြက္ အုပ္ခ်ဳပ္ေရးပိုင္းက ႀကိဳးပမ္းခဲ့ေပမယ္႔ ေအာင္ျမင္မႈမရခဲ့ဘဲ က်ဆံုးခဲ့ပါတယ္။ Financial Times သတင္းစာရဲ႕ သတင္းေပးပို႔ခ်က္အရ အဆိုပါစက္ရံုဟာ ေဒၚလာ သန္းေပါင္း ၁၈၀ ေက်ာ္ေလာက္ အရႈံးေပၚေနခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ စက္ရံုကို ပိတ္ပစ္ဖုိ႔ဆံုးျဖတ္ခဲ့ၾကတာ ျဖစ္ပါတယ္။
အဆုိပါ စက္ရံုတြင္ အလုပ္လုပ္ကိုင္ေနၾကေသာ အလုပ္သမားေပါင္း ၂၀၀ ေက်ာ္ရဲ႕ အလုပ္အကိုင္ ေတြလည္း ဆံုးရႈံးမွာ ျဖစ္ပါတယ္။
အံ့ၾသသင့္စရာေကာင္းတဲ့ သတင္းတစ္ခုကေတာ့ သူတို႔ရဲ႕ နည္းပညာေတြကို တရုတ္ကုမၸဏီ တစ္ခု ျဖစ္တဲ့ TCL ကို မ ွ်ေဝေပးဖို႔ သေဘာတူညီခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။
Vertu ကို ၁၉ ၉ ၈ ခုႏွစ္မွာ စတင္လုပ္ငန္းလည္ပတ္ခဲ့ၿပီး တစ္ခ်ိန္က မိုဘုိင္းဖုန္းဘုရင္ႀကီး ျဖစ္ခဲ့တဲ့ ႏိုကီယာရဲ႕ အားကိုးရတဲ့ လက္ရံုတစ္ဆူအေနနဲ႔ စတင္ခဲ့ေပမယ္႔ အနာဂတ္ဟာ ေမွးမွိန္လာခဲ့ပါတယ္။ ဒါေၾကာင့္ ၂၀၁၂ ခုႏွစ္မွာ Vertu ကို EQT VI ဆိုတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီ တစ္ခုကို ေရာင္းခ်ခဲ့ပါတယ္။
အဆိုပါ ကုမၸဏီကေန Vertu ကို ၂၀၁၅ အထိ အသက္ဆက္ေပးခဲ့ ေပမယ္႔ ၂၀၁၅ ခုႏွစ္အတြင္းမွာပဲ EQT VI ကေန သူတုိ႔ရဲ႕ Vertu ရွယ္ယာေတြကို ေဟာင္ေကာင္ အေျခစိုက္ ကုမၸဏီတစ္ခု ျဖစ္တဲ့ Godin Holdings က ပိုင္ဆုိင္ေၾကာင္း ေၾကညာခဲ့ပါတယ္။ အဲဒီ ေနာက္ပိုင္းမွာေတာ့ ဘ႑ာေရးဆုိင္ရာေတြမွာ အရံႈးေပၚေနခဲ့ၿပီး ေနာက္ဆံုး ယခုလို ပိတ္သိမ္း ဖို႔ အထိ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။
မိုဘိုင္းကမၻာထဲက ဇိမ္ခံစမက္ဖုန္း ထုတ္လုပ္သူေတြထဲမွာ အခုလိုမ်ိဳး ရုန္းကန္လႈပ္ရွားခဲ့ရတာ Vertu က ပထမဆံုး ေတာ့ မဟုတ္ပါဘူး။ Vertu လိုပဲ လုံၿခံဳစိတ္ခ်ရၿပီး ေစ်းႏႈန္းႀကီးတဲ့ စမက္ဖုန္း ထုတ္လုပ္သူ Sirin ဟာလည္း လြန္ခဲ့တဲ့ တစ္ႏွစ္ကပဲ ထုတ္လုပ္မႈေတြရပ္ဆုိင္းခဲ့ရပါတယ္။
ယခုေခတ္မိုဘုိင္းေလာကထဲမွာေတာ့ Apple, Samsung ႏွင့္ BKK Electronics က ပိုင္ဆုိ္င္ေသာ Oppo, Vivo ႏွင့္ One Plus တို႔ိလို ေစ်းႏႈန္းသင့္တင့္တဲ့ ဖုန္းေတြကသာ ေနရာယူလာေနၿပီး အဆုိပါ ေစ်းကြက္ကသာ လက္ရွိအခ်ိန္မွာရင္းႏွီးျမွဳပ္ႏွံဖို႔အေကာင္းဆံုး ျဖစ္လာေနပါတယ္။
မိုးဆက္ကို(STM)
UNICODE FONT : ဇိမ်ခံဖုန်းတွေ ထုတ်လုပ်တဲ့ Vertu ကို ရပ်ဆိုင်းတော့မည်
တန်ဖိုးကြီး ဇိမ်ခံဖုန်းတွေကို ထုတ်လုပ်နေခဲ့တဲ့ Vertu ရဲ့ စီးပွားရေးကို ကယ်တင်ဖို့အတွက် အုပ်ချုပ်ရေးပိုင်းက ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘဲ ကျဆုံးခဲ့ပါတယ်။ Financial Times သတင်းစာရဲ့ သတင်းပေးပို့ချက်အရ အဆိုပါစက်ရုံဟာ ဒေါ်လာ သန်းပေါင်း ၁၈၀ ကျော်လောက် အရှုံးပေါ်နေခဲ့ပြီးနောက်ပိုင်းမှာတော့ စက်ရုံကို ပိတ်ပစ်ဖို့ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားပေါင်း ၂၀၀ ကျော်ရဲ့ အလုပ်အကိုင် တွေလည်း ဆုံးရှုံးမှာ ဖြစ်ပါတယ်။
အံ့သြသင့်စရာကောင်းတဲ့ သတင်းတစ်ခုကတော့ သူတို့ရဲ့ နည်းပညာတွေကို တရုတ်ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ TCL ကို မ ျှဝေပေးဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
Vertu ကို ၁၉ ၉ ၈ ခုနှစ်မှာ စတင်လုပ်ငန်းလည်ပတ်ခဲ့ပြီး တစ်ချိန်က မိုဘိုင်းဖုန်းဘုရင်ကြီး ဖြစ်ခဲ့တဲ့ နိုကီယာရဲ့ အားကိုးရတဲ့ လက်ရုံတစ်ဆူအနေနဲ့ စတင်ခဲ့ပေမယ့် အနာဂတ်ဟာ မှေးမှိန်လာခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ Vertu ကို EQT VI ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုကို ရောင်းချခဲ့ပါတယ်။
အဆိုပါ ကုမ္ပဏီကနေ Vertu ကို ၂၀၁၅ အထိ အသက်ဆက်ပေးခဲ့ ပေမယ့် ၂၀၁၅ ခုနှစ်အတွင်းမှာပဲ EQT VI ကနေ သူတို့ရဲ့ Vertu ရှယ်ယာတွေကို ဟောင်ကောင် အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Godin Holdings က ပိုင်ဆိုင်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဘဏ္ဍာရေးဆိုင်ရာတွေမှာ အရှုံးပေါ်နေခဲ့ပြီး နောက်ဆုံး ယခုလို ပိတ်သိမ်း ဖို့ အထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
မိုဘိုင်းကမ္ဘာထဲက ဇိမ်ခံစမက်ဖုန်း ထုတ်လုပ်သူတွေထဲမှာ အခုလိုမျိုး ရုန်းကန်လှုပ်ရှားခဲ့ရတာ Vertu က ပထမဆုံး တော့ မဟုတ်ပါဘူး။ Vertu လိုပဲ လုံခြုံစိတ်ချရပြီး ဈေးနှုန်းကြီးတဲ့ စမက်ဖုန်း ထုတ်လုပ်သူ Sirin ဟာလည်း လွန်ခဲ့တဲ့ တစ်နှစ်ကပဲ ထုတ်လုပ်မှုတွေရပ်ဆိုင်းခဲ့ရပါတယ်။
ယခုခေတ်မိုဘိုင်းလောကထဲမှာတော့ Apple, Samsung နှင့် BKK Electronics က ပိုင်ဆို်င်သော Oppo, Vivo နှင့် One Plus တို့ိလို ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းတွေကသာ နေရာယူလာနေပြီး အဆိုပါ ဈေးကွက်ကသာ လက်ရှိအချိန်မှာရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံး ဖြစ်လာနေပါတယ်။
မိုးဆက်ကို(STM)