Home News LG မှ V30 flagship စမက်ဖုန်းကို သြဂုတ်လ ၃၁ ရက်နေ့တွင် မိတ်ဆက်မည်
0
မိုးဆက်ကို (STM)
UNICODE FONT:
LG မှ V30 flagship စမက်ဖုန်းကို သြဂုတ်လ ၃၁ ရက်နေ့တွင် မိတ်ဆက်မည်
LG မှ ယခုနှစ်အတွက် V series flagship စမက်ဖုန်းအဖြစ် V30 စမက်ဖုန်းတစ်မျိုးကို လာမည့် သြဂုတ်လ ၃၁ ရက်နေ့တွင် ဂျာမနီနိုင်ငံ ၊ ဘားလင်မြို့တွင် မိတ်ဆက်မည်ဖြစ်ကြောင်း မီဒီယာများအား ဖိတ်စာများကို ပေးပို့ထားပြီဖြစ်ပါတယ်။
LG အနေဖြင့် လာမည့် သြဂုတ်လ ၃၁ ရက်နေ့တွင် သူတို့ရဲ့ နောက်ဆုံးထုတ်လုပ်ထားသည့် flagship စမက်ဖုန်းဖြစ်သော LG V30 ကို မိတ်ဆက်ဖွယ်ရှိနေပါတယ်။ မီဒီယာများသို့ ပေးပို့သော ဖိတ်စာများတွင် LG က “Save the date” ဆိုတဲ့ စာတမ်းကို ရေးထိုးထားပါတယ်။ LG အနေဖြင့် စက်တင်ဘာလ ၁ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပမည့် IFA berlin ပြပွဲမတိုင်ခင် ကြိုတင် ပွဲထုတ်တဲ့ သဘောလည်း ဖြစ်ပါတယ်။
အဆိုပါ ဖိတ်စာမှာ အထူးအဆန်းနေနဲ့တော့ ဖြစ်စရာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအချိန် ရောက်တိုင်း LG ကနေ V series စမက်ဖုန်းတစ်မျိုးကို မိတ်ဆက်နေကြဖြစ်ပါတယ်။ ဘာကြောင့် V Series ဖုန်းအဖြစ် ယူဆကြသလဲ ဆိုတော့ ဖိတ်စာမှာ V Series အတွက် အရိပ်အမြွက် ဖော်ပြထားလို့ဖြစ်ပါတယ်။ ထိုအတူ LG အနေဖြင့်လည်း ယခုနှစ်အတွင်း LG V series စမက်ဖုန်းတစ်မျိုးကို မိတ်ဆက်ဖို့အတွက် ရှိကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
LG အနေဖြင့် V Series စမက်ဖုန်းတွေတိုင်းကို LED display တွေကိုသာ အသုံးပြုရာကနေ ယခုအချိန်မှာတော့ V30 စမက်ဖုန်းကို OLED မျက်နှာပြင်ကို ပြောင်းလဲ အသုံးပြုတော့မှာ ဖြစ်ပါတယ်။
LG အနေဖြင့် ပထမဆုံး LG V series ဖြစ်တဲ့ V10 စမက်ဖုန်းကို ၂၀၁၅ ခုနှစ်အတွင်း ပထမဆုံး မိတ်ဆက်ခဲ့ပြီး LG V series ရဲ့ အစဉ်အလာအတိုင်း မျက်နှာပြင်နှစ်ခု ပါရှိမှာ ဖြစ်ပါတယ်။ အဆိုပါ ဒုတိယမျက်နှာပြင်ကနေ ကင်မရာ setting, Video quality, audio နှင့် မီဒီယာပိုင်း လုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်ပါတယ်။
ယခု ထွက်လာမယ့် LG V30 စမက်ဖုန်းဟာလည်း မျက်နှာပြင် နှစ်ခုနှင့် slide ပုံစံမျိုး ဖြစ်မယ်လို့သတင်းများ ပေါက်ကြားနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံး LG V30 ရဲ့ ဒီဇိုင်းကိုတော့ လာမည့် သြဂုတ်လ ၃၁ ရက်နေ့မှာတော့ အတိအကျ သိရတော့မယ်လို့မေ ျှာ်လင့်ပါတယ်။
မိုးဆက်ကို (STM)
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: