Home News အၾကမ္းဖက္သင္တန္းဖြင့္လွစ္ရန္ လူစုေဆာင္းသူ ၁ ဦးႏွင့္ မသကၤာသူ ၂ ဦးဖမ္းဆီးရမိ

အၾကမ္းဖက္သင္တန္းဖြင့္လွစ္ရန္ လူစုေဆာင္းသူ ၁ ဦးႏွင့္ မသကၤာသူ ၂ ဦးဖမ္းဆီးရမိ

0

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ဇူလိုင္ ၁၀ ရက္ နံနက္ပိုင္းမွစတင္၍ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ က်ီးႏႈတ္ သီးေက်း႐ြာအတြင္း လွည့္ကင္းေဆာင္႐ြက္စဥ္ ၎ေက်း႐ြာေန ကာေဒဟူေဆာင္း(၅၅)ႏွစ္သည္ အၾကမ္းဖက္အဖြဲ႕ႏွင့္ ပတ္သက္ေနေၾကာင္း သတင္းအရ ၎၏ေနအိမ္အား ဝင္ေရာက္စစ္ေဆးခဲ့သည္။

အိမ္အတြင္း၌ အလ်ား(၁၂)ေပ၊ အနံ(၁၂)ေပရွိ အစိမ္းေရာင္ မိုးကာစ(၆)ခုႏွင့္ အလ်ား(၁၈)ေပ၊ အနံ (၁၂)ေပရွိ အျပာေရာင္မိုးကာစ(၃)ခုတို႔ကိုေတြ႕ရွိ၍ ကာေဒဟူေဆာင္းအား စစ္ေဆးခဲ့ရာ အၾကမ္းဖက္သမားမ်ားႏွင့္ ပူးေပါင္း၍ ယာယီတဲ ေဆာက္လုပ္ေနထိုင္ရန္ မိုးကာစမ်ားဝယ္ယူစုေဆာင္းျခင္း၊ အၾကမ္းဖက္သင္တန္းဖြင့္လွစ္ရန္ လူစုေဆာင္း ျခင္း၊ အၾကမ္းဖက္လုပ္ငန္းမ်ား ျပဳလုပ္ရန္အတြက္ ဓားဦးခြၽန္မ်ား ျပဳလုပ္ရန္ စီစဥ္ျခင္းမ်ားျပဳလုပ္သူျဖစ္ေၾကာင္း သိရွိရ၍ ေတာင္ဘဇာနယ္ေျမစခန္း၌ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။

crime2

ဇူလိုင္ ၁၁ရက္ နံနက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ရေသ့ေတာင္ၿမိဳ႕နယ္ ခ်င္း႐ြာေက်း႐ြာအတြင္း လွည့္ကင္း ေဆာင္႐ြက္စဥ္ မသကၤာသူ မာေမာက္ႏို႐ူ (၃၃)ႏွစ္အားေတြ႕ရွိ၍ ေညာင္ေခ်ာင္းနယ္ေျမစခန္း၌ ေခၚယူစစ္ေဆး လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ဇြန္ ၃၀ ရက္က ျပင္ျဖဴေက်း႐ြာေန မာမတ္အာယာစ္ အသတ္ခံရမႈႏွင့္ ပတ္သက္သည့္ မသကၤာသူ ၁ ဦး ေမာင္ေတာၿမိဳ႕နယ္ က်ီးကန္းျပင္ေဈး၌ ေရာက္ရွိေနေၾကာင္း တိုင္တန္းခ်က္အရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ဇူလိုင္ ၁၁ ရက္ နံနက္ ၉ နာရီတြင္ သြားေရာက္ဖမ္းဆီးရာ ေမာင္ႏွမေတာင္႐ြာေန ေဆြေယာ့ဂ်ဴဟတ္ ၃၅ ႏွစ္အား ဖမ္းဆီးရမိခဲ့ၿပီး ျပင္ျဖဴနယ္ေျမရဲစခန္း၌ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Source : ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးသတင္းထုတ္ျပန္ေရးေကာ္မတီ

Unicode : အကြမ်းဖက်သင်တန်းဖွင့်လှစ်ရန် လူစုဆောင်းသူ ၁ ဦးနှင့် မသင်္ကာသူ ၂ ဦးဖမ်းဆီးရမိ

crime3

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ဘူးသီးတောင်မြို့နယ်ရှိ ကျီးနှုတ် သီးကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ၎င်းကျေးရွာနေ ကာဒေဟူဆောင်း(၅၅)နှစ်သည် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်နေကြောင်း သတင်းအရ ၎င်း၏နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့သည်။

အိမ်အတွင်း၌ အလျား(၁၂)ပေ၊ အနံ(၁၂)ပေရှိ အစိမ်းရောင် မိုးကာစ(၆)ခုနှင့် အလျား(၁၈)ပေ၊ အနံ (၁၂)ပေရှိ အပြာရောင်မိုးကာစ(၃)ခုတို့ကိုတွေ့ရှိ၍ ကာဒေဟူဆောင်းအား စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများနှင့် ပူးပေါင်း၍ ယာယီတဲ ဆောက်လုပ်နေထိုင်ရန် မိုးကာစများဝယ်ယူစုဆောင်းခြင်း၊ အကြမ်းဖက်သင်တန်းဖွင့်လှစ်ရန် လူစုဆောင်း ခြင်း၊ အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရန်အတွက် ဓားဦးချွန်များ ပြုလုပ်ရန် စီစဉ်ခြင်းများပြုလုပ်သူဖြစ်ကြောင်း သိရှိရ၍ တောင်ဘဇာနယ်မြေစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ဇူလိုင် ၁၁ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ် ချင်းရွာကျေးရွာအတွင်း လှည့်ကင်း ဆောင်ရွက်စဉ် မသင်္ကာသူ မာမောက်နိုရူ (၃၃)နှစ်အားတွေ့ရှိ၍ ညောင်ချောင်းနယ်မြေစခန်း၌ ခေါ်ယူစစ်ဆေး လျက်ရှိကြောင်း သိရသည်။

အလားတူ ဇွန် ၃၀ ရက်က ပြင်ဖြူကျေးရွာနေ မာမတ်အာယာစ် အသတ်ခံရမှုနှင့် ပတ်သက်သည့် မသင်္ကာသူ ၁ ဦး မောင်တောမြို့နယ် ကျီးကန်းပြင်ဈေး၌ ရောက်ရှိနေကြောင်း တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီတွင် သွားရောက်ဖမ်းဆီးရာ မောင်နှမတောင်ရွာနေ ဆွေယော့ဂျူဟတ် ၃၅ နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ပြင်ဖြူနယ်မြေရဲစခန်း၌ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Source : နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: