Home News UMIDIG မှ UMIDIG S စမက်ဖုန်းကို မိတ်ဆက်


0







မိုးဆက်ကို(STM)

UNICODE FONT:

UMIDIG မှ UMIDIG S စမက်ဖုန်းကို မိတ်ဆက်

ယခုနှစ်အစောပိုင်းမှစတင်ကာ UMIDIG အနေဖြင့် သူတို့ရဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်နိုင်ဖို့ ကြိုးပမ်းနေခဲ့ပြီး ယခုအခါမှာတော့ UMIDIG S စမက်ဖုန်းသစ်ကို UMIDIG ၀က်ဆိုက်မှစတင့် စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

UMIDIG S ကို ယနေ့(၁၃-၇-၂၀၁၇) နေ့တွင် စတင်မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး UMIDIG S Series ရဲ့ ပထဆုံး မော်ဒယ်စမက်ဖုန်း ဖြစ်လာပါပြီ။

အဆိုပါ UMIDIG S Class မှာ ပရီမီယံဒီဇီုင်းပိုင်း၊ အရည်အသွေးပိုင်းတွေကို ဦးစားပေးထားပြီး အသုံးပြုသူတွေကို နည်းပညာသစ်တွေကို ခံစားနိုင်မှုကို ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် UMIDIG S ရဲ့ အချက်အလက်တွေဖြစ်တဲ့ hardware တွေ၊ ဘက်ထရီပိုင်းတွေ၊ ကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ဒါပေမယ့် OS အပိုင်းကိုတော့ Android OS ကို အခြေခံထားတဲ့ UMI OS ကို အသုံးပြုထားပါတယ်။

UMIDIG ရဲ့ တရား၀င် ၀က်ဆိုက်ဖြစ်တဲ့ http://www.umidigi.com/ မှာ ယခုအချိန်ကစပြီး Subscription စတင်ပြုလုပ်နိုင်ပြီဖြစ်ကာ Subscription ပြုလုပ်သူများထဲကနေ ၃ ယောက်ကို Subscription UMIDIG S စမက်ဖုန်း တစ်ယောက်တစ်လုံးစီ အခမဲ့ မဲဖောက်ပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာမှ စောင့်မနေပဲ UMIDIG ၀က်ဆိုက်မှာ register သွားလုပ်လိုက်ကြပါစို့ ၊

မိုးဆက်ကို(STM)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: